django
-
လွန်ခဲ့တဲ့ ၂ ပတ်လောက်က Django အကြောင်းရေးဖြစ်ခဲ့သလို စာအုပ်လည်း ဖတ်ဖြစ်ခဲ့တယ်။ စာအုပ် ဖတ်တာကတော့ ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး။ iPad ထဲထည့် ရုံးသွားရုံးပြန်ဖတ်။ သောကြာနေ့ည ရောက်ရင် ပြန်စမ်းကြည့်။ တစ်ခါတစ်လေ ရုံးက စောရောက်ရင်တော့ လမ်းမှာ ဖတ်ထားတာ ပြန်စမ်းကြည့်ပေါ့။ စာအုပ် တစ်အုပ်လုံး ဖတ်တာက ၁ ပတ် လောက်ပဲ ကြာတယ်။ Django ကို မတတ်ပေမယ့် သိသွားတယ်။ Django ကို သိသွားပေမယ့် သဘောမကျဘူး။ ဘာလို့ သဘောမကျလည်းဆိုတော့ ကောင်းလွန်းလို့ပဲ။ အရမ်းပြည့်စုံလွန်းတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ သူ့ rule တွေကို လိုက်ရတော့တယ်။ သူ့မှာ ပါတဲ့ Ready Made တွေကို သိချင်လာတယ်။…
-
ဒီနေ့ Django ကို ဖတ်ရင်း နဲ့ သူရှင်းပြထားတဲ့ စာတွေ တဖြည်းဖြည်းနားလည်လာတယ်။ အခုအချိန်မှာ ပြန်စဉ်းစားလိုက်ရင် symfony နဲ့ အချို့ အချက်တွေ တော်တော်များများ တူနေတာကို တွေ့ရတယ်။ နောက်ပြီး ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်တယ်။ ငါဘာကြောင့် နားလည်သွားတာလဲ ။ symfony တုန်းက ဘာလို့ နားမလည်တာလဲ။ symfony တုန်းက ရေးတာ ရေးလို့ပြီးသွားတယ် symfony ကို လုံးဝ မသိလိုက်တာ။ symfony နဲ့ ရေးတာလားဆိုတော့ ဟုတ်တယ်။ ဒါပေမယ့် သိလားဆိုတော့ မသိဘူး ဖြစ်ခဲ့တယ်။ အခုအချိန်တော့ Django ကို ဖတ်ရင်း နဲ့ သဘောပေါက်လာတယ်။ လွယ်တယ်လို့လည်း ထင်လာတယ်။ ဘာကြောင့်လဲ ဆိုတာကို ကိုယ့်ဘာသာ ကိုယ်စဉ်းစားရင်း…
-
Python ကို သဘောကျပြီး နောက်ပိုင်း CLI program တွေကို python နဲ့ ပဲ ရေးဖြစ်တော့မယ်။ သောကြာနေ့တုန်းက snipplr.com က snippets တွေကို files တွေ အနေနဲ့ ပြန်ခွဲထုတ်ဖို့ program ကိုလည်း python နဲ့ ပဲ ရေးဖြစ်တယ်။ Web App တစ်ခုကိုလည်း python နဲ့ ရေးဖို့ စဉ်းစားနေတော့ Django ကို သွားသတိရတယ်။ မနေ့ကတော့ တနေကုန် Django ဖတ်ဖြစ်တယ်။ Django က လက်ရှိ PHP နဲ့ တော်တာ်ကွာတယ်။ သွင်းရတာ လွယ်တယ်။ testing server လည်း ပါပြီးသားမို့ Apache တို့ Nginx…
-
ကျွန်တောှတို့ code တွေကို အခြားသူတွေကို mail နဲ့ပို့တဲ့အခါ အဆင်မပြေတာတွေ ဖြစ်တတ်တယ်။ တစ်ခါတစ်လေ fb , twitter တို့လို မှာ ဖောှပြဖို့ကလည်း ခက်တယ်။ ကိုယ့်စက်ထဲက code တစ်ခုလုံးကိုလည်း blog ထဲမှာ သီးသန့် သွားမရေးချင်ဘူး။ မြန်မြန်ဆန်ဆန်လေး လုပ်ချင်တယ်။ ဒါဆိုရင်တော့ python framework django နဲ့ရေးထားတဲ့ sPaste ရှိပါတယ်။ http://www.copypastecode.com က ကျွန်တောှ့ code တွေကို spam လို့သတ်မှတ်ပြီး တင်ခွင့်မရခဲ့ဘူး။