management
-
Deadline ဆိုတာ ကြားရတာနဲ့ ကြောက်ဖို့ ကောင်းလှတယ်။ ကျွန်တော်တို့တွေ ငယ်ငယ်တုန်းကတော့ deadline ကို ဆရာမတွေက သတ်မှတ်ပေးတယ်။ ဘာ deadline လဲဆိုတော့ အိမ်စာတွေပေါ့။ အိမ်စာတွေပေးပြီး အိမ်မှာ တွက်ခိုင်း ကျက်ခိုင်း ဖတ်ခိုင်း နောက်နေ့ ပြန်ဖြေ ပြန်ဆို စသည်ဖြင့် deadline သတ်မှတ်ပေးတယ်။ နောက်ပြီးတော့ စာမေးပွဲဆိုတဲ့ deadline ။ သူကတော့ တကယ့် deadline အစစ်။ ရှောင်လို့လည်း မရ။ စောစောပြီးချင်လည်း မရ။ နောက်ကျမှ ပြီးလို့လည်း မရတဲ့ deadline အကြီးစားကြီးပဲ။ ငယ်ငယ်ကတည်းကနေ တက္ကသိုလ်ပြီးသွားတဲ့ အထိ deadline တွေကို ဆရာ ၊ ဆရာမ တွေ သတ်မှတ်ပေးတာ ဒါမှမဟုတ် စာမေးပွဲဆိုတဲ့…