market

  • iPhone development မှာ Game တစ်ခုတည်း ရှိလားဆိုပြီး စဉ်းစားစရာ ဖြစ်လာပြီ။ iPhone Development လို့ဆိုလိုက်ရင် iPhone, iPodTouch, iPad စတာတွေ ပါဝင်လာပါတယ်။ တနည်းပြောရင် iPhone တစ်ခုတည်းအတွက်မဟုတ်တော့ပဲ iPodTouch နဲ့ iPad အတွက်ပါ အလုပ်လုပ်နိုင်တယ်လို့ ဈေးကွက် အခြား ဖုန်းဈေးကွက်ထက်စာရင် ပိုကြီးတယ်လို့ ဆိုနိုင်တယ်။ အဲဒီတော့ Game ဈေးကွက် တစ်ခုတည်းမဟုတ်တော့ပါဘူး။ ကျွန်တော် အပေါ်တုန်းက ပြောခဲ့သလို Active ဖြစ်နေတဲ့အထဲမှာ Book , Entertainment, Eduction, Travel စတဲ့ category တွေ ပါဝင်နေပါတယ်။ နောက်ပြီး iPad ဈေးကွက်က ဂျာနယ်တွေ မဂ္ဂဇင်းတွေ ဈေးကွက်တစ်လို ဖြစ်လာပါတယ်။

  • ဒီလောက် ခက်ခဲနေတယ်ဆိုရင် ဘာလို့ Market ထဲကို ဝင်ဖို့ ကြိုးစားတာလဲဆိုတာကို စဉ်းစားရပြီ။ အဓိကတော့ လူသုံးများနေတဲ့ ဖုန်းဖြစ်လို့ပါ။ တကယ်လို့ လက်ရှိ အသုံးအများဆုံး phone က iPhone မဟုတ်ခဲ့ဘူးဆိုရင် ဒီလောက်ထိ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ လတ်တလော နာမည်အကြီးဆုံးနဲ့ လူသုံးများနေတဲ့ phone ဖြစ်သာကြောင့်ဆိုရင် မလွဲပါဘူး။ သို့ပေမယ့် ထည့်စဉ်းစားသင့်တာက လူတိုင်း ဆရာဝန်မဟုတ်ဘူး။ လူတိုင်း technology သမားမဟုတ်ဘူး။ ဒီတော့ product တစ်ခု အောင်မြင်ဖို့က လူတိုင်းသုံးတဲ့ iphone application ဖြစ်ရင် ပိုကောင်းတာပေါ့။

  • iPhone Application တစ်ခု စတင်ဖန်တီးပြီဆိုတာနဲ့ သူ့ရဲ့ Market ကိုလည်း လေ့လာဖို့လိုလာပါပြီ။ Application တစ်ခုဖန်တီးရာမှာ အချိန်ရယ် ငွေရယ် ရင်းနှီးမြုပ်နှံ့ထားရပါတယ်။ လူတွေက iPhone, iPhone ဖြစ်နေပြီး Steve ကြီးရဲ့ စကားကို ယုံပြီး Application အတွက် ရင်းနှီးမြုပ်နှံတော့မယ်ဆိုရင် အရင်ဆုံး သူ့ Market ကို လေ့လာကြည့်ရအောင်။ iPhone Application တွေက 5 billions လောက် download ချပြီးပြီလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ 5 billions ထဲမှာ Free Application 70% လောက်ပါနေတယ်ဆိုတာ အံသြစရာမရှိပါဘူး။ ကျန်တဲ့ 30% ကသာ ရောင်းရတယ်လို့ ဆိုရလိမ့်မယ်။ လက်ရှိ App…