My Project
-
တနေကုန်လုံး မူးနောက်သွားတာပဲ။ MZwiki မှာ မူရင်း wikipedia လို infobox လေးရဖို့ ဖတ်လိုက်ရတဲ့စာတွေ မနည်းဘူးပဲ။ အဓိကတော့ မူရင်း code ကို နားလည်အောင် မနည်းဖတ်ရတယ်။ မူရင်း code ကြီးက တကယ့်ကို structure ကျလွန်းတယ်။ နောက်ပြီး တော်ရုံတန်ရုံကူးလို့မရအောင် လုပ်ထားတယ်။ မနည်းနားလည်အောင် ဖတ်ရတယ်။ သူ့အတိုင်း တိုက်ရိုက်ကူးရင်မရဘူးဗျ။ Mediawiki မှာသုံးတဲ့ parser တွေကို သေသေချာချာ ဖတ်ရတယ်။ နောက်ပြီး စမ်းပြီးလုပ်ရတယ်။ အခုတော့ တော်တော် အဆင်ချောလာပြီ။ မူရင်းလောက်မတူရင်တောင် မူရင်းလောက်နီးပါး ကောင်းအောင် ပြုပြင်ဖြည့်စွက်ထားတယ်။ ကိုယ်ပိုင် template တွေ သေသေချာချာ ဆွဲရတယ်။ code တွေကို လိုက်ဖတ်လေလေ မူရင်းလုပ်ထားတဲ့လူတွေကို သဘောကျလေလေပဲ။…
-
အခု version မှာတော့ လက်ရှိ ဇော်ဂျီ လက်ကွက်အတိုင်းလုပ်ထားပါတယ်။ ပြသနာကတော့ –ျှ လိုမျိုး code နှစ်ခုကို key တစ်ခုထဲမှာထည့်မရပါဘူး။ နောက်ပြီး ဝင်းမြန်မာစာလုံးတွေပါ ထည့်ထားပေးပါတယ်။ package ကိုလည်း Ubuntu အတွက် သီးသန့်ရေးဆွဲထားတာပါ။ Debian Package ပေါ့။