self

  • ဟိုနေ့က VPS မှာ symfony setup လုပ်ရတယ်။ symfony ကို hosting တစ်ခုကိုပေးပြီး setup လုပ်ခိုင်းတာ ဘယ်လိုမှ မလုပ်တတ်တာနဲ့ နောက်ဆုံး VPS တစ်လုံး ဝယ်လိုက်ရတယ်။ ရုံးမှာကလည်း Linux သမားဆိုလို့ အခုချိန်မှာ ကျွန်တော်ရယ် Boss ရယ်ပဲရှိတော့တယ်။ ကျန်တဲ့သူတွေက Linux မသုံးတတ်။ အကုန် Windows က လာတာကြီးပဲ။ နောက်ပြီး symfony ကို setup မလုပ်တတ်တာနဲ့ ကိုယ်ကပဲ လုပ်ရတာပေါ့။ VPS အတွက် OS ကိုမေးတော့ ထုံးစံအတိုင်း Ubuntu ပဲပေါ့။ အဲမှာ ကျွန်တော်က ကြောင်တောင်တောင်နဲ့ သွားမေးတာရှိသေးတယ်။ NS1 နဲ့ NS2 သွားတောင်းတာလေ။ ဟိုဘက်…

  • ရန်ကုန်မှာတုန်းကလည်း ဆိုင်မှာ လူငယ်လေးတွေ ebook တွေ ဆွဲတာ ခဏခဏပဲ။ ebook တွေကလည်း စုံနေတာပဲ။ အချို့တွေကလည်း ဘာလုပ်ဖို့ဒီလောက်တောင် ebook တွေဆွဲထားတာလဲလို့ မေးလိုက်ရင် သူငယ်ချင်းတွေလိုချင်ရင်ပေးဖို့တဲ့။ အချို့တွေကျပြန်တော့လည်း download ဆွဲစရာမရှိလို့ ဆွဲကြတာပဲ။ အချို့တွေကျပြန်တော့လည်း ဖတ်မလို့တဲ့။ ဖတ်မလို့ဆိုတော့ နည်နည်းထပ်မေးချင်တာ။ မေးမကောင်းတာနဲ့ ဆက်မမေးတော့တာ။