မြန်မာနိုင်ငံက Programmer အဆင့်က သန့်ရှင်းရေးသမားလောက်တောင် အဆင့်မရှိဘူးလားဗျာ….

ကျွန်တော်ပြောချင်နေတာ တော်တော်လေးကြာပြီဗျာ….ဘာလဲဗျာ….Computer ဘွဲ့က သုံးစားမရဘူးလားဗျာ….သုံးစားမရရင်နေ…..ဘွဲ့ရဲ့ သိက္ခာလေးကို တော့ ထောက်အုံးပေါ့ဗျာ… ဘွဲ့က အလကားနေရင်းရလာတ မဟုတ်ဘူးဗျ…၃ နှစ်အချိန်ကုန် ပြီးရလာတာဗျ…

ဘွဲ့ရပြီး အလုပ်ဝင်တော့မယ်ဆိုရင် လောကကြီးကစတင် စိတ်ညစ်ဖို့ကောင်းလာမှာ အမှန်ပဲ…ကျောင်းတုန်းကနဲ့ မတူတော့ဘူးဗျ….Computer ကဘွဲ့ရပြီးလို့ programmer လေးဝင်လုပ်ရင် ဘယ်လောက်ရမယ်ထင်နေလဲ…. Singapore ကလို လခကောင်းမယ်ထင်နေလား…. ထင်မိရင်တော့ အဲဒီ အတွေးကို မြောင်းထဲပစ်လိုက်တော့…. ဒါက ရန်ကုန်… Singapore မဟုတ်ဘူး…. စဝင်ခါစ ဆိုရင်တော့ လူငယ်တွေက ပညာသင်ချင်တာရယ် အတွေ့အကြုံရချင်လို့ရယ်…..ဒါကြောင့် အလုပ်လုပ်နေရတာ…. အဲဒါကို လုပ်ငန်းရှင်တွေက သိတော့ သန့်ရှင်းရေးသမားလောက်တောင် လခမပေးဘူးဗျ…. ရေးခိုင်းတာကလည်း အသေအကြေ… ပညာနဲ့ အတွေ့အကြုံအတွက် ကိုယ့်ဘ၀ ၂ နှစ် ၃နှစ်လောက်ကို အငတ်ခံပြီး ရင်းနေရတာဖြစ်နေပြီဗျ….စရတဲ့ လခက တစ်သောင်းခွဲ….စဝင်ခါစ အဲလောက်ပဲပေးတယ်ထားတော့…. ရေးခိုင်းတာကတော့ အသေအကြေပဲ…ပြီးရင် သူတို့တွေက သိန်း၂၀လောက်နဲ့ပြန်ရောင်း….၁နှစ်ကို ထိန်းသိမ်းဆောင်ရွက်ပေးခ ၁သိန်းလောက်ယူ….ရေးပေးတဲ့ လူငယ်တွေကိုလည်း လခ တိုးပေးမယ် မစဉ်းစား…. ၂ နှစ်လောက်ကြာမှ ရာထူးလေးတိုး…. ဒါတောင် ၂ သောင်းလောက်ပဲရတာ….သန့်ရှင်းရေးသမား လောက်တောင်မရဘူးဗျ…. ကားစပယ်ရာ နဲ့တော့သွားမယှဉ်နဲ့…သူတို့က သန့်ရှင်းသမားတွေထက်စာရင် အများကြီး လခကောင်းတယ်…. ဒါကြောင့် ပညာနဲ့ အတွေ့အကြုံယူ…၂ နှစ်လောက်နေရင် နိုင်ငံခြားထွက်ပြီး ပညာသင်..ကျောင်းပြီးရင် ဟိုမှာပဲနေ အလုပ်လုပ်….အဲဒီလိုဖြစ်တော့ လူကြီးတွေက ပြောတာက ဘာလဲ….ဦးနှောက် ယိုဆင်းမှုဖြစ်တယ် ဆိုပြီးအော်ကြပြန်ကော….နောက်ပြီး တစ်ခါက ဧရာဝတီ ညများ ရုပ်ရှင် ကားမှာ ပါတဲ့စာက… တိုင်းပြည် အတွက် ကိုယ်က ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ မျိုးဆက်နဲ့….တိုင်းပြည်က ကိုယ့်ကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ မျိုးဆက်….ဆိုတဲ့ စကားကိုကြည့်ရင် လူကြီးတွေက တော်တော်လေး နားလည်မှုလွဲနေတယ်ဗျာ…. တခြားမကြည့်နဲ့ Computer သမားတွေ ငတ်နေကြတာ သူတို့ မသိဘူးလားဗျာ… ငတ်ပြီး သေကုန်ရင် တိုင်း့ပြည် အတွက် ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး… တခြားနိုင်ငံမှာ အလုပ်လုပ်နေရင်တော့ မချမ်းသာလာရင်နေမယ်…ဒါပေမယ့် ငတ်ပြီး မသေနိုင်တာတော့ အမှန်ပဲ… ငတ်မသေမှ တိုင်းပြည်အတွက် လုပ်ပေးလို့ရမှာပေါ့ဗျာ…ဘယ်သူမှ ကိုယ့်နိုင်ငံကိုယ် မမေ့ပါဘူးဗျာ…တတ်နိုင်ရင် တိုင်းပြည်အတွက်ပဲ လုပ်ပေးမှာပေါ့….လုပ်ပေးဖို့အတွက် ငတ်မသေဖို့က အရေးကြီးတယ်… ဒီမှာက ဘွဲ့ရ ပညာတတ် Computer ဘွဲ့က ဘာပညာမှ မတတ်တဲ့ စပယ်ရာ မပြောနဲ့…သန့်ရှင်းရေးသမားကိုတောင် မယှဉ်နိုင်တာ… ဦးနှောက်ယိုဆင်းမှု ဖြစ်တာနည်းနေသေးတယ်…. အခုလည်း လုပ်နေပြန်ပြီ….ရတနာပုံ စီလီကွန်တဲ့….ဘယ်လို လာအုံးမလဲမသိဘူး…. Computer သမားတွေ အတွက် အခွင့်အလမ်းလား…ဒါမှ မဟုတ် ဈေးပေါပေါနဲ့ပို ခိုင်းစားဖို့ကောင်းလာမယ့် နေရာလားဆိုတာ မပြောနိုင်သေးတာတော့ အမှန်ပဲ…

ဒါကြောင့် အခုချိန်မှာ ကျွန်တော် ကျောင်းတက်နေတာ….ကျောင်းမတက်ပဲ အလုပ်လုပ်မလို့ အလုပ်လုပ်နေတဲ့ သူတွေ ငြီးလိုက်တာနဲ့ ကျောင်းပဲတက်ဖြစ်သွားတာ…. Computer သမားတွေ ဘယ်တော့ မှ လုပ်တဲ့ အလုပ်နဲ့ တန်တဲ့ လခ ရမှာလဲဗျာ….သင်တန်းမှာ ဆရာသွားလုပ်ရင်တော့ Programmer ထက်တော့ လခရလောက်သေးတယ်….. ကျွန်တော်တို့ရဲ့ အနာဂတ်ကဘယ်မှာလဲဗျာ….ဝိုးတိုးဝါးတားနဲ့ပဲ ရှေ့ကို မျှော်လင့်ချက်လေး တစ်ခုကို ဆုတ်ကိုင်ပြီး မရဲတရဲလေး ချီတက်နေရတဲ့ ဘဝလားဗျာ…..

7 Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.