နားမလည်နိုင်တဲ့ UCSY

ကျောင်းကိုတော့ နားမလည်တာ အမှန်ပဲဗျ… ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ…. ပထမနှစ်ကတည်းက ဟို အခန်းမပါဘူး.. ဒီအခန်းမပါဘူး… ဟိုဟာ ကျက်စရာမလိုဘူး.. ဟိုကတော့ ပယ်တယ်… ဒီလို ဘောင်ထဲကနေ စာကို အလွတ်ကျက်ပြီး hons အောင်လာခဲ့တာလေ…. တနည်းပြောရင် လွတ်လပ်စွာ ဖတ်ပြီး တွေးခေါ်မှုတွေ.. ဆွေးနွေးမှုတွေ မရှိတော့ဘူးပေါ့… အဲ… Master လည်းရောက်ရော… ကိုယ်တိုင် စာမဖတ်တာ ပြသနာတရပ်လို ဆရာမတွေက စပြောပါပြီ… master မှာ ကိုယ်တိုင် စာဖတ်ရမယ်ဆိုတာတွေကော.. ကိုယ်တိုင်လေ့လာရမယ်ဆိုတာတွေကော… ကျောင်းသားတွေက စာဖတ်အားနည်းတာတွေကော… ဆရာမတွေ မကျေမနပ်ချက်တွေက စုံပါ့… အမှန်တိုင်းဆိုေ ကျောင်းသားတွေကိုယ်တိုင်က ပထမနှစ်ကတည်းက စာဖတ်မှမဖတ်တာ.. ကျက်ပဲ ကျက်လာတာလေ… အဲဒါကို သွားအပြစ်တင်တော့…. အခြေခံမရှိအောင် လုပ်လိုက်တာ ဘယ်သူလဲ… အခြေခံမရိုက်သွင်းထားတဲ့ ကျောင်းကို အပြစ်တင်ရမှာလား… အခြေခံမရှိပဲ မလုပ်တတ်တဲ့ ကျောင်းသားတွေပဲ အသုံးမကျတာလား…. ဘယ်သူ့ အပြစ်မှန်းတော့ မသိပါဘူး…

အဲ.. နောက်တစ်ချက်က တတိယနှစ်က တစ်နှစ်လုံး သင်ပေးလိုက်တဲ့ VB 6 , Java ကိုတော့ second year မှာ နည်းနည်းလေး မဆိုသလောက် GUI ပိုင်းတွေ မပါ… database ချိတ်ဆက်နည်းတွေ မသင်… VB မှာတော့ database ပိုင်းလေးတွေပါသင်တယ်။ အဲ.. Master Thesis ကတော့ VB နဲ့လုပ်လို့ရဘူးတဲ့။ အန်…. သူတို့ ကောင်းကောင်းသင်လိုက်တာ VB လေ…. ထားပေါ့…. out of date ဖြစ်လို့ဆိုပြီး VB.NET ရမလားအောက်မေ့တယ်… မရပါ… C# နဲ့မှ ရမယ်တဲ့… သင်ခဲ့တာက C++ နည်းနည်း Java မဆိုသလောက် သင်ပြီး C# ဆိုတာ ဘာမှန်းတောင် မသိတဲ့ ကျောင်းသား ကျောင်းသူတွေပဲ ညံ့နေတာလား… လုံးဝမသင်ဘူးတဲ့ langauge နဲ့ Thesis လုပ်ခိုင်းတာ အပြစ်လား… အဲ… web ပိုင်းဆိုလို့ HTML နဲ့ Javascript ပဲ သင်လိုက်တာ… CSS ဆိုတာ မသိ… ASP.NET , PHP ,JSP ဆိုဝေး… AJAX ဆိုတာ ဘာကြီးလဲလို့ မေးနေတဲ့ ကျောင်းသားတွေက တစ်ပုံတစ်ပင်…. Theory ပိုင်းတွေကတော့ ကောင်းပါ့… ခက်တာက အလွတ်ကျက်… လက်တွေ့က ဝေးကွာ… ဘာမှန်းကို မသိတော့ ဘယ်မှာ သုံးမရမလဲဆိုတာ ဝေး… ကျောင်းစာတွေကို http://www.mysteryzillion.com/forums/blog.php?b=19 အဲမှာလို သင်ပေးရင်တော့ သဘောပေါက်လွယ်သား…. အမှန်တိုင်းပြောရင် ကျောင်းကို နိုင်ငံတကာ အဆင့်မှီစေချင်တယ်… ဆရာ ဆရာမတိုင်းလည်း မှီချင်မှာပဲ… တစ်ခြား လူမသိနိုင်တဲ့ အခက်အခဲလေးတွေလည်း ရှိကောင်းရှိမှာပေါ့.. တနေ့နေ့ တချိန်တချိန်မှာ နိုင်ငံတကာ အဆင့်မှီ ဖြစ်ကောင်း ဖြစ်လာမှာပါ…

6 Comments

  1. Kaung says:

    UCSY တင်မက မြန်မာနိုင်ငံက University တိုင်းမှာ ဒီလို ကျက်ဖြေစနစ် ပဲ ဖြစ်နေတာ အတော်မကောင်းတဲ့စနစ် ပါ။
    ဒီလိုမှ လုပ်တာတောင်မှ သေချာမဖြေနိုင်ကြပဲ လျော့လျော့ပေါ့ပေါ့ အောင်အောင် ပေးနေရတယ်လို့ ကြားပါတယ်။
    ဒါပေမယ့် သင်တဲ့အခါမှာတော့ သင်ရိုးကုန်အောင် သင်တဲ့အတွက် ဆရာသင်တာကို တစ်ခေါက် နားထောင် လိုက်ရင်တော့ နည်းနည်းတော့ သိကြမှာပါ။ စာမေးပွဲ နဲ့ Roll Call ပဲ အလေးထား နေတဲ့အတွက် ဆိုးနေတာပါ။
    Master မှာတော့ နည်းနည်း အဆင့်မြှင့်မှပဲ ဖြစ်တော့မှာပေါ့။ ကြိုးစားချင်စိတ် ရှိသူတွေ အတွက်တော့ နည်းနည်း အားစိုက်ထုတ် ကြိုးစားရင် ကိုယ့် Thesis ကိုယ် လိပ်ပြာသန့်သန့် ရေးနိုင်မှာပါ။ အဓိက ကတော့ လူငယ်တွေ ကြိုးစားကြဖို့ပါပဲ။

  2. Star Lay says:

    ကိုစေတန်ရေ
    UCSY ကိုကြောက်လာပြီဗျ …
    အောင်မယ်လေးဗျ

  3. ခရမ်းပြာ says:

    ဟုတ်တယ်နော် UCSY က တော်တော်ကို မကောင်းတာ နောင်လာနောင်သားတွေ မတက်ကြအောင်လို့တော့ သတိပေးရမယ်.ပြီးတော့ မြွေတွေ ကင်းတွေလဲ ပေါတယ်
    ခရမ်းပြာ တို့ဆိုရင် နေ့တိုင်းလိုလို မြွေတွေရော ကင်းတွေရော တွေ့တယ် . တောက်တဲ့တွေတောင် ပါသေးတယ်
    ကိုစေတန်ရေ …..
    ခရမ်းပြာတော့ UCSY တက်မိတာ မှားပြီထင်တယ်

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.