ကျွန်တော်တို့မြန်မာတွေ အလွယ်လိုက်လာတာကိုတွေ့ရတယ်။ လိုက်ချင်လည်းလိုက်စရာပဲလေ။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံ မူလတန်းမှာကတည်းက အလွယ်လိုက်အောင် ရိုက်သွင်းလိုက်တယ်။ ဒါကြောင့် အသက်ကြီးလာတော့လည်း အလွယ်ပဲလိုက်လာပါတယ်။ တကယ်ရှာမတွေ့တာ သေချာပြီလား.. ရှာမတွေ့ဘူးဆိုမှ မေးပါ။ မေးထားတဲ့ အဖြေပဲ ထိုင်စောင့်မနေနဲ့။ ကိုယ်တိုင်ရှာပါ။ မတွေ့ဘူးလက်လျော့လိုက်ပြီဆိုမှ မေးပါ။ အခုတော့ Gtalk မှာတွေ့လည်း မေး။ အပြင်မှာတွေ့တဲ့ လူတွေကလည်း မေးချင်တာတွေ စုပြီးမေး။ မြန်မာတော်တော်များများ အဲလိုတွေဖြစ်လာတယ်။ ကိုယ်တိုင်လေ့လာနိုင်စွမ်းတွေ အများကြီးကျဆင်းလာတယ်။ Thesis ဆိုလည်း shadow အပ်။ စာမေးပွဲအောင်ဖို့ စာလုပ်တာ။ စာကိုသိချင်လို့ စာလုပ်တာမဟုတ်ဘူး။ ဒီလောက်ကျက်ရင် အောင်မယ်။ ဒီလောက်လုပ်ရင် အမှတ်ကောင်းမယ်။ ငါဘယ်လောက်ဖတ်မှ ဘယ်လောက်သိမယ်ဆိုတာ မဟုတ်တော့ဘူး။ အရမ်းကို ကျဆင်းလာတာ။ ကျွန်တော် ကိုယ်တိုင် တဖြည်းဖြည်း အလွယ်လိုင်းရောက်လာတယ်။ ဒါဟာမဖြစ်သင့်ဘူး။ ကျွန်တော် ဒီနေ့ ကိုယ့်ကိုယ် ပြန်မေးလိုက်မှ တွေ့မိလာတယ်။ Computer ပထမနှစ်တုန်းက ထက်စာရင် အခု အများကြီး အလွယ်လိုင်းတွေ လိုက်နေမိပြီ။ အလွယ်လိုင်း မလိုက်ကျပါနဲ့ဗျာ။ သိချင်လို့ စာလုပ်တာဖြစ်ပါစေ။ လုံးဝ ရှာမရတော့လို့ မေးတာ ဖြစ်ပါစေ။ မြန်မာတွေ အမြန်ဆုံး တိုးတက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ…
Leave a Reply