ဘာစီးဝင်တာလဲ…..

ဒီနေ့ ကျွန်တော် ကျောင်းကိုနောက်ကျမှ ရောက်တယ်…
နောက်ကျတာလည်း အကြောင်းရှိပါတယ်…
အစ်မက ခရီးသွားရမှာမို့ ကားဂိတ်ကိုလိုက်ပို့ရတယ်..
ဒါနဲ့ ကိုယ့်ကားနဲ့ ကိုယ်သွားရတာပေါ့…

ကျောင်းရောက်တော့..
တံခါးကြီးပိတ်ထားတယ်…လေ…
ဒါနဲ့…
ဝင်ပေါက်နားမှာကားကို ရပ်လိုက်တယ်..
ပြီးတော့ “ဝင်လို့ရလား…”
“ဟိုဘက်မှာသွားပြောကြည့်လိုက်….”
ဟိုဘက်လည်းရောက်ရော…
“ကျောင်းတံခါးကို ၉ : ၃၀ ထိဖွင့်ထားပေးတယ်..
အခု ၁၀ နာရီကျော်နေပြီ…
ဘာဖြစ်လို့နောက်ကျတာလဲ…”

“ကျွန်တော် ကားပျက်နေလို့ပါ…”

“ဆင်ဖြေ ကတော့ ပေးလို့၇တာပေါ့…
ဟိုဘက်ကို သွားပြောလိုက်…
ကားနံပါတ်ရယ်…
ခုံနံပါတ်ရယ်…
မင်းတို့က ကျောင်းသားတွေပဲ..
ဝင်ခွင့်ပေးမှာပါ…
ဝင်ခွင့်မပေးဘူးမပြောပါဘူး..”

“ဟုတ်ကဲ့….”

ဟိုဘက်ကိုသွားခါနီးမှာ…
ကား တစ်ဆီးထပ်ရောက်လာတယ်..
“သမီး.. အဖေရောက်နေပြီ… ဘယ်လိုလာရမှာလဲ..”

“အထဲဝင်လို့ရမလားမသိဘူး…”
“သမီးနေမကောင်းဖြစ်နေလို့လာခေါ်တာ”
“မရဘူး… သမီးကိုပဲ အပြင်ထွက်လာခိုင်းလိုက်ပါ”

“ဂလု”
ဘာပြောရမှန်းတောင်မသိတော့ဘူး…
လူတောင်နင်တင်တင်တောင်ဖြစ်သွားတယ်…
ဟိုဘက်လည်းရောက်ရော..
roll number ကားနံပါတ်ပြောပြီးအချိန်မှာ…

“ခဏခဏ…”
“ပါချုပ်ကားရောက်လာတယ်…”
အဲဒီအချိန်မှာပဲ…
ကျောင်းထိပ်ကို… ကားတစ်စီးထွက်လာတယ်..
ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်လည်းထွက်လာတယ်…
ပါချုပ်ကားက…
ဒီဘက်မှာ ကားနှစ်စီးပိတ်နေတာနဲ့…
ထွက်ပေါက်ဘက်ကဝင်ဖို့လုပ်တယ်..
ဟိုဘက်က ကားလာတာနဲ့တိုးတာပေါ့…
ဒါနဲ့ ကားကိုရပ်လိုက်တယ်..
ခပ်၀၀ မျက်နှာပေါက်ဆိုးဆိုးလို့တော့ မပြောချင်ပါဘူး…
ငါတို့ ပါချုပ်ကြီးဆင်းလာတယ်…
ကျောင်းဂိတ်ကို…လာပါလေရော..
ဟိုမှာက ကားနှစ်စီးက ဝင်လို့မရထွက်လို့မရဖြစ်နေတာပေါ့..
ဒါနဲ့ ပါချုပ်ကားက နောက်ဆုတ်ပေးလိုက်တယ်…
ပါချုပ်ကတော့ ဘာတွေပြောနေမှန်းမသိဘူး…
ကျောင်းကား ဂိတ်ကလူကြီးကို…
အဲဒီမှာ ဟိုဘက်ကကားလည်းထွက်လာပါလေရော…
ထိပ်လည်းရောက်ရော…
ကားကို တားလိုက်တယ်..
ပြီးတော့ ကျောင်းသားတွေကော… ဆင်းခိုင်းတယ်…
ဘာတွေ မေးနေမှန်းတော့မသိဘူး…
ဟိုဘက်က ထွက်ဖို့လုပ်နေတဲ့ ကျောင်းသားကျောင်းသူ နှစ်ယောက်ကလည်း အထဲပြန်လစ်သွားတယ်…
တော်တော်ကြာတော့….
ကားပေါ်ကို ကျောင်းသူတွေ ပြန်ဝင်ပြီးထွက်သွားပါရော…
ပါချုပ်ကားလည်း ထွက်သွားပါတယ်..
ကျွန်တော့်ကားကတော့ ငုတ်တုတ်ပဲ..
ဘာလုပ်ရမှန်းကိုမသိတာ..
ဝင်ခွင့်ကရလားမရလားမသိဘူး..
ပါချုပ်ကား ဝင်ပြီးတော့မှ…
ဟိုဘက်က ကျွန်တော့်လက်ယက်ခေါ်လိုက်တယ်..
ဟိုလည်းရောက်ရော…
“ပါချုပ်ဘာပြောသွားလဲ..သိလား”
“မသိဘူးခင်ဗျ”
“အေး… ၈ နာရီ ၁၅ နောက်ပိုင်း ကားတွေ ဝင်ခွင့်ပေးနေတယ်ကြားတယ်…”
“အဲဒါနဲ့ ပတ်သက်ပြီး ပြောသွားတယ်…”
ငါတို့က ကြားကနေရတာ…
“ပါချုပ်ကားအထဲရောက်မှသွားနော်..”
ဓပြီးရင် ကျောင်းကားကွင်းထဲမှာသွားရပ်….ဓ
“ဟုတ်”
“ကျေးဇူးပါပဲ”
“မင်းတို့ကျေးဇူးက ငါတို့ကို ခေါင်းကျိန်းတယ်ဟေ့”
စိတ်ထဲမှာတော့ စဉ်းစားမိတယ်…
ဓပါချုပ်ဘာစီးဝင်သွားတာလဲတော့မသိဘူး…ဓ
ဒါနဲ့ပဲ… အထဲကို ဝင်လို့ရသွားပါတယ်…
အနောက်က ကားတော့ ထူးမခြားနားပဲ…

1 Comment

  1. star lay says:

    စည်းကမ်းကထုတ်တဲ့သူလိုက်နာဖို့မလိုဘူးဗျ.. ;(

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.