IT Field & Job

ဒီနေ့ကျောင်းမှာ seminer ပြောရတယ်…
အဲဒီအတွက် အကြမ်းရေးထားတာလေးပေါ့….
တကယ်တမ်း ပြောတဲ့အချိန် အဲလောက်မကြမ်းပါဘူး…
ဒီထဲကနေ အများကြီးလျှော့ပြီးပြောထားပါတယ်…
တခြားလိုအပ်တာတွေလည်း ထပ်ပြောဖြစ်တယ်….
ဘယ်လိုနေလဲတော့ မသိဘူး….
ဒါပေမယ့် ကောင်းကောင်းကြီး အားရပါးရပြောလိုက်တာပဲ…

ကျွန်တော် ပြောမည့် အကြောင်းကတော့ အလုပ်အကိုင် အကြောင်းနဲ့ ပတ်သက်ပြီး ပြောမှာဖြစ်ပါတယ်…

ကျွန်တော်တို့ အလုပ်အကိုင်လေး မပြောခင်မှာ…
အရင်ဆုံး UCSY ကပြီးရင် အလုပ်တန်းရမယ်လို့ ဘယ်သူထင်ပါသလဲ….
ကျွန်တော်ကတော့ မထင်ဘူးဗျ….
ဘာဖြစ်လို့လည်းဆို ကျွန်တော်တို့ဟာ လုပ်ငန်းဆိုင်ရာမှာ အတွေ့အကြုံပိုင်း မရှိသလောက်ရှားတယ်…

ကျွန်တော်တို့ ကျောင်းပြီးရင် ဘာလုပ်ကြမလဲ…
နိုင်ငံခြား ကျောင်းသွားတက်မှာလား…
ဒါမှ မဟုတ် ဒီမှာပဲ အလုပ်လုပ်မှာလား…
တခြားဟာတွေ လုပ်မှာလား….
ကျွန်တော်တို့ ရှေ့က စီနီယာတွေ အခုဘာလုပ်နေလဲဆိုတာကို ကျွန်တော် မေးမြန်းစုံစမ်းခဲ့ဘူးပါတယ်…

ကျွန်တော်တို့ စီနီယာတွေက အခု အလုပ်အမျိုးမျိုးပါပဲ…
ဘောလုံးပွဲဒိုင်လုပ်နေတဲ့လူတွေ ရှိသလို….
IT Field ထဲမှာ အလုပ်လုပ်နေတဲ့သူတွေလည်းရှိပါတယ်…

ကျွန်တော်တို့ရော… ကျောင်းပြီးရင် ဘာလုပ်မှာလဲ…
အဲဒီ အကြောင်းကိုတော့ ကျွန်တော်တို့ အားလုံး စဉ်းစားကြတဲ့အချက်တချက်ပါ…
ကျွန်တော်လည်း စဉ်းစားပါတယ်…
ဒါကြောင့် ကျွန်တော်တို့ ကျောင်းပြီးရင် မြန်မာနိုင်ငံမှာ လုပ်ရင် ဘယ်လိုအခြေအနေတွေရှိလဲ…
နိုင်ငံခြားမှာလုပ်ရင်ကော… ဘယ်လိုလဲ…

ကျွန်တော်တို့ ကျောင်းပြီးရင် တတ်နိုင်တဲ့သူတော်တော်များများက နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့လုပ်ကြပါတယ်…
အဲဒါကောင်းပါတယ်.. နိုင်ငံခြား ကျောင်းတက်ဖို့ အတွက်ဆိုရင် Hones အမှတ်ကလည်း အရေးကြီးပါတယ်… ဒါကြောင့် Hones တက်တာတော့ မမှားလောက်ပါဘူး….
Singapore မှာကျောင်းသွားတက်ရင် Master ရဖို့ကတော့ မလွယ်လှပါဘူး…
Master တွေကလည်း အနည်းဆုံး Hones လောက်မှ လက်ခံချင်ကြတယ်…
Third Year လောက်ဆိုရင်တော့ အမှတ်ကောင်းဖို့လိုတယ်….
Roll 1 To 10 လောက်မှ ခေါ်ချင်ကြပါတယ်..
Hones ဆိုရင်လည်း မထူးလှပါဘူး….
ကျောင်းသွားတက်မယ့်လူတွေကတော့ Hones မှာ အမှတ်ကောင်းအောင် ကြိုးစားသင့်ပါတယ်…
နောက်ပြီး ကျောင်းလျှောက်တဲ့အခါ…
ကိုယ့်မှာ Job Experience ရှိရင်တော့ တော်တော်ကောင်းတာပေါ့…
ဒါမှ မဟုတ်… ကိုယ့်လုပ်ထားတဲ့ project လေးတွေလည်း ပြနိုင်ရင်လည်း မဆိုးလှဘူး…
ကျောင်းရနိုင်ဖို့ အလားအလာတွေရှိပါတယ်..

ဒါမှ မဟုတ်ရင် Graduated Diploma ကတော့ရနိုင်ပါတယ်…
ပြီးရင်တော့ Singapore မှာ အလုပ်ရှာကြတော့ ကျောင်းသားတွေများပါတယ်…
Singapore မှာလည်း အလုပ်ရဖို့မလွယ်လှပါဘူး…
သူတို့မှာလည်း IT သမားတွေ များလှပါတယ်….
ရရင်လည်း လခကောင်းကောင်းရကြပါတယ်…

မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့ စဉ်းစားထားရင်တော့
အဓိက Hones ရင် အကောင်းဆုံးပါပဲ…
ဘာဖြစ်လို့လည်းဆို အလုပ်လာလျှောက်တဲ့သူတော်တော်များများဟာ Hones ပြီးပြီးသားသူတွေများတယ်…
အများနဲ့ ယှဉ်ရင် ကိုယ်က ရိုးရိုးဘွဲ့လေးဖြစ်နေရင်တော့ ရဖို့ခဲယှဉ်းပါတယ်…

နောက်ပြီး အလုပ်အတွက် ဘာတွေလိုအပ်မလဲ…
MIT Park ထဲမှာ အလုပ်ခေါ်ထားတာတွေ က အများကြီးပဲ…
သူတို့တောင်းဆိုချက်တွေက မကွာလှပါဘူး…
အများအားဖြင့် Web Developer တွေ အခေါ်များတယ်…
နောက်ပြီး Programmer တွေ အခေါ်များပါတယ်…
Web Developer တွေ အနေနဲ့ PHP ASP.NET တို့ တက်ထားရပါမယ်…
အဲဒါတွေ အပြင် HTML , JavaScript ကလည်း မဖြစ်မနေတတ်ထားသင့်တာတွေပါ…
တခြား Programming ပိုင်းတွေလည်း တတ်ကျွမ်းရင် ကိုယ့်အတွက် အထောက်အကူရပါတယ်..
ဒါ့အပြင် Web Site ပိုင်း… Web Hosting ပိုင်းတို့လည်း နားလည်တတ်ကျွမ်းရင်တော့ အကောင်းဆုံးပေါ့…

Programming နဲ့ ပတ်သက်ြ

ပီးတော့လည်း VB, VB.NET, C# စတာတွေကို ခေါ်တာလည်းရှိပါတယ်… JAVA ကိုလည်းခေါ်တာတွေကိုလည်းတွေ့ရတယ်..

နောက်ပြီး မြန်မာနိုင်ငံမှာ Microsoft က စာမေးပွဲတွေ ဖြေလာကြတယ်…
အဲဒါတွေကတော့ တခြားနိုင်ငံမှာ ကျောင်းတက်ဖို့ အထောက်အကူပေးနိုင်ပါတယ်..
မြန်မာနိုင်ငံမှာတော့ အလုပ်ရဖို့အထောက်အကူရနိုင်တယ်… နောက်ပြီး ကျောင်းက ဘွဲ့အပြင် အပြင်က certificate လက်မှတ်တွေပါ ပြသနိုင်ဖို့လိုပါတယ်… အဲဒါတွေထက် အရေးကြီးတာက တတ်ကျွမ်းမှုပါ… ကိုယ်ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်တယ်လို့ယုံကြည်တယ်… သူတိုမေးတာတွေကိုလည်း ကောင်းကောင်းဖြေနိုင်မယ်လို့ယုံကြည်တယ်.. ဆိုရင် Certificate က လိုတောင်မလိုတော့ပါဘူး…
Certificate က ဟိတ်ဟန်တွေပါ… တကယ် တတ်ကျွမ်းတာ ဟုတ်မဟုတ် ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး…

ကျောင်းက အဲဒါတွေမှ မသင်တာ…. ကျောင်းမှာ Web Programming တစ်ခုမှ မသင်ဘူး…
ဟုတ်ပါတယ်… ကျောင်းမှာ မသင်ပါဘူး… ဒါပေမယ့် ကျောင်းက သင်တဲ့ Theory ကိုလည်း ဘယ်သင်တန်းမှာမှ သင်မှာမဟုတ်ပါဘူး… ဥပမာ ကျောင်းကသင်တဲ့ UML … သင်တန်းက မရှိသလောက်ပဲ… တော်တော်ရှားတယ်… UML ကိုတော့ အသုံးမဝင်ဘူး မထင်နဲ့… OO တွေရေးဆွဲဖို့ကတော့ UML က အရေးပါတယ်… တချို့အပိုင်းတွေလည်း သူ့နေရာနဲ့ သူအသုံးဝင် ကြတာပဲ… ဒါပေမယ့် ဘယ်နေရာမှာ သုံးလို့ရမှန်းကို မသိကြတာပါ… နောက်ပြီး အတွေ့အကြုံနုတာကြောင့်လည်း ပါပါတယ်…

Web ပိုင်းဆိုင်ရာမှ တော့ PHP နဲ့ ASP.NET က မြန်မာနိုင်ငံမှာ နာမည် အကြီးဆုံးပဲ….
နောက်တစ်ခုက JSP, Java Server Page ပါ….
ASP.NET ကတော့ တခြားဟာကတော့ Microsoft က ထုတ်တာပါ….
WINDOWS SERVER တွေမှာပဲ အလုပ်လုပ်နိုင်ပါတယ်..
ASP.NET သင်တန်းက ၁ သိန်းပတ်ဝန်းကျင်လောက်ရှိတယ်…
ဈေးကတော့ မသေးလှဘူးပေါ့….

PHP ကတော့ ဘယ် OS မှာမဆို Run လို့ရတယ်…
နောက်ပြီး Opensource ပါ…
PHP နဲ့ ရေးထားတဲ့ opensource တွေကို www.sourceforge.net မှာရှာလို့ရပါတယ်…
တော်တော်များများ အဲဒီ site မှာရှိပါတယ်…
Gmail site တွေ ပိတ်ပြီးနောက်မှာ မြန်မာနိုင်ငံမှာ Glite တွေကို အသုံးများလာပါတယ်…
GLilte ကလည်း PHP နဲ့ရေးထားတာပါ…
Opensource ရပါတယ်…
အဲဒီက ရတဲ့ Glite source code ကို ပြန်ပြင်ပြီး MMGLITE ဆိုတာရှိပါတယ်..
MMGLITE ကတော့ Glite မှာ မြန်မာလို mail ပို့နိုင် mail လက်ခံနိုင်ပါတယ်…
Zawgyi-one Keyboard ကို အသုံးပြုထားပါတယ်..
စက်ထဲမှာ Font မရှိလည်း မြန်မာလို မြင်ရတယ်… Myanmar keyboard မရှိလည်း မြန်မာလိုရိုက်လို့ရပါတယ်.. အဲဒါတွေက PHP ကရရှိတဲ့ အကျိုးရလဒ်တွေပါ…

PHP ကို ဘယ်မှာသင်ရမလဲဆိုရင် သင်တန်းကတော့ တော်တော်လေးရှားတယ်…
နောက်ပြီးလေ့လာရတယ်လည်း လွယ်ကူပါတယ်…
မြန်မာနိုင်ငံမှာတော့ PHP စာအုပ်က တစ်အုပ်ပဲ ဝယ်လို့ရတယ်…
PHP And MySQL စာအုပ်ပါ…
BC မှာလည်း ၂ အုပ်ပဲရှိပါတယ်…
အများအားဖြင့် E-Book ကနေ လေ့လာရင် အကောင်းဆုံးပေါ့….

JavaScript တို့ HTML တို့က ကျောင်းမှာ သင်ထားပြီးသားတွေပါ…..
အဲဒါတွေကလည်း အသုံးဝင်ပါတယ်… ကျောင်းက သင်ထားတာအပြင် ထပ်လေ့လာသင့်ပါတယ်….
ဘာဖြစ်လို့လည်းဆို အလုပ်လျှောက်တဲ့အခါ… အလုပ်စာမေးပွဲတွေ… အလုပ် Interview တွေမှာ ကောင်းကောင်းဖြေတတ်ဖို့လိုအပ်ပါတယ်.. အဲဒါလေးတွေက လွယ်လွယ်ကူကူလေ့လာနိုင်ပါတယ်…

ဒီမှာကျောင်းပြီတယ်… နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ စဉ်းစားထားတယ်… ဒါဆိုရင်လည်း ဒီမှာ အနည်းဆုံး လုပ်သက် ၂ နှစ်လောက်ပြီးမှ ထွက်တာ အကောင်းဆုံးပဲ….
ဘာဖြစ်လို့လည်းဆို Job Experience မရှိပဲ… လက်ခံဖို့က ခက်တယ်…

မြန်မာနိုင်ငံမှာ လခဘယ်လောက်ရနိုင်လဲ…ဆိုရင်တော့ ၂ သောင်းကနေ ၄ သောင်းဝန်းကျင်လောက်တော့ ရနိုင်ပါတယ်… ဒါကတော့ အစပေါ့… အကုန်လုံးကတော့ ငွေထက်စာရင် အတွေ့အကြုံကြောင့် လုပ်ကြတာများပါတယ်… အဲဒါတွေကိုလည်း Company တွေကလည်း နားလည်ထားတယ်… ဒါကြောင့်လည်း အတွေ့အကြုံများများလိုချင်တဲ့ လူငယ်တွေကို အလုပ်များများ ခိုင်းပြီး လခနည်းနည်းပဲပေးကြတယ်…. စေတနာတွေပေါ့… တခြားနိုင်ငံမှာ IT Field ထဲမှာသာ အလုပ်ရသွားပြီးဆိုရင်တော့ လခကတော့ ကောင်းတာအမှန်ပဲ… အဲလိုနိုင်ငံတွေမှာလုပ်ဖို့ ဒီမှာ အတွေ့အကြုံတွေ ယူသွားတာအကောင်းဆုံးလို့ပဲ ကျွန်တော်ထင်တယ်..

နောက်ဆုံး ကျွန်တော်ပြောချင်တာကတော့ မကြာခင် ကျွန်တော်တို့တွေ ကျောင်းပြီးတော့မယ်…
အဲ… ကျောင်းပြီးရင် ဘာလုပ်မလဲ….
ကိုယ့်ဘာသာကိုယ် စဉ်းစားဖို့ အချိန်ရောက်လာပြီးဆိုတာ ကျွန်တော်တို့အားလုံးသိမှာပါ….
ကျွန်တော်တို့ နိုင်ငံခြားမှာ စာဆက်သင်မှာလား…
မြန်မာနိုင်ငံမှာ အလုပ်လုပ်မှာလား….
ဘာတွေဆက်လုပ်ကြမလဲ…
ကိုယ့်ဘာသာကိုယ်ပဲ ဆုံဖြတ်ကြတာပေါ့…

8 Comments

  1. Pyaythu says:

    Thanks senior brother…..
    This is a good post.

  2. အကိုရေကျနော်သိချင်တာလေးတစ်ခုလောက်ရှိလို့ပါနိုင်ငံခြားမှာအလုပ်ပြီဆိုရင်လခကောင်းတယ်လို့ပြောတယ်အဲ့ဒါခန့်မှန်းခြေဘယ်လောက်လောက်ရနိုင်တာလဲခင်ဗျာ10သိန်းလား6သိန်းလားကျနော်အရမ်းသိချင်နေတဲ့အရာပါThanks

    1. saturngod says:

      for singapore , s pass is around S$2000 and EP is around S$2800.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.