To my junior in UCSY

ဒီနေ့ http://www.myanmardaily.net/ ကနေ ucsy ning site လေးကိုတွေ့လိုက်တယ်။ ဘာပဲပြောပြော ကိုယ့်ကျောင်းဆိုတော့ ဖတ်ဖြစ်လိုက်ပါတယ်။ ကျောင်းမှာ project လေး လုပ်ခိုင်းတာ သိတော့ ဝမ်းသာမိသွားတယ်။ အဲ… အဲမှာ မကျေလည်တာလေး တစ်ခုကို သွားဖတ်မိပါတယ်။ computer ပြဿနာပါ။ ကိုယ့် laptop နဲ့ ကိုယ် presentation ကို ပြခိုင်းတာပါ။ ကျောင်းသားတစ်ယောက်က laptop မရှိရင် ဘယ်လိုလုပ်မလဲပေါ့။တကယ်တော့ ကျွန်တော်တို့ ကျောင်းမှာ တက်နေတဲ့သူ အများစုက သာမာန် လူတန်းစားနဲ့ ငွေကြေးသိပ်မတတ်နိုင်တဲ့ သူတွေများပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ စလုံးမှာဖြစ်ဖြစ် အခြားနိုင်ငံတစ်ခုမှာဖြစ်ဖြစ် စာတော်ရင် ပညာသွားသင်နိုင်တယ်။ စလုံးမှာ သွားမသင်နိုင်ဘူး။ ၁၀ တန်းက အမှတ်မကောင်းဘူးဆိုရင်လည်း IDCS ကို အဆင့်ဆင့်တက်သွားနိုင်ပါတယ်။ မြို့ထဲမှာလည်းဖြစ် သင်ကြားနေရာမှာကလည်း computer တက္ကသိုလ်ထက် နေရထိုင်ရတာ အဆင်ပြေ။ Library လည်း ရှိ။ Internet လည်းရ။ အဲလို အဆင်ပြေတဲ့နေရာတွေမှာ တက်နိုင်ကြပါတယ်။ဒါမှမဟုတ် ရတနာပုံမှာ သွားတက်ရင်လည်း ဖြစ်သေးပါတယ်။ Laptop တွေလည်း အပြင်ကထက် ဈေးအနည်းငယ်သက်သာတဲ့ နှုန်းထားနဲ့လည်း ဝယ်နိုင်အောင် လုပ်ထားတာတွေကို တွေ့ရတယ်။ ဒါပေမယ့် computer တက္ကသိုလ်နဲ့ ယှဉ်ရင် စရိတ်ကတော့ မသေးဘူးပေါ့။

Laptop မရှိတာ စိတ်ပျက်စရာ။ စိတ်ညစ်စရာမဟုတ်ပါ။ ကျောင်းမှာလည်း လူတိုင်း Laptop ကိုင်နေတာမဟုတ်သလို ကျောင်းရဲ့ သင်ကြားပုံအရ လိုလည်း မလိုအပ်ပါ။ Project presentation ပြတဲ့အခါမှာ Laptop မဟုတ်ပဲ System Unit နဲ့ကော ပြလို့ မဖြစ်နိုင်ဘူးလား။ မဖြစ်နိုင်စရာ အကြောင်းမရှိလို့ မြင်ပါတယ်။ System Unit ကြီးကိုတော့ အလေးခံပြီး သယ်လာရတာတော့ ရှိမှာပေါ့။ နောက်ပြီး သူငယ်ချင်းတွေနဲ့ကော ဝေမျှ မပြနိုင်ဘူးလား။ သူငယ်ချင်းတစ်ယောက် Laptop ရှိရင် သူ့ Laptop နဲ့ သူ့ သူငယ်ချင်းတွေ ပြနိုင်တာပဲလေ။ နောက်ပြီး သူငယ်ချင်းတွေ ပေါင်းပြီး Laptop ကို အပြင်မှာ ငှားလို့မရဘူးလား။ လူစုလိုက်ရင် ဈေးက သက်သာသွားမှာပါ။ ဖြေရှင်းစရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဆရာမ ကို စိတ်ဆိုးနေရင် အလုပ်မဖြစ်တဲ့အပြင် ကိုယ်ပါ ငရဲရတာ ပဲအဖတ်တင်မယ်။

project လုပ်ခိုင်းတာကလည်း ကြီးကြီးမားမာ မဟုတ်သလို အခက်အခဲလည်း မရှိလောက်ဘူးလို့ ထင်ရလောက်ပါတယ်။ အဲ.. ကျောင်းသားတွေရဲ့ အမြင်ကို ကြည့်လိုက်တော့ ဘယ်က စလုပ်ရမှန်း မသိတဲ့သူတွေက အများကြီးပဲဗျ။ ဘယ်လောက်ထိ လွယ်သလဲဆို ကြိုက်တဲ့ ခေါင်းစဉ်တဲ့ဗျာ။ ဘယ်လောက်တောင် ရှင်းလိုက်လဲ။ ဖတ်ကြည့်လိုက်တော့ ဒီလိုလေး ရေးထားတယ်။

TOPIC

CHAPTER-<1>
<1>Introduction

CHAPTER-<2>
<2>Main Parts

CHAPTER-<3>
<3>Conclusion ကိုတနင်္လာနေ့နောက်ဆုံးထားပြီးတင်ရမယ်တဲ့။

CONTENTS——————————————————————— PAGE

CHAPTER<1> Introduction—————————————- <1>
CHAPTER<2>Topic————————————————– <2>
(2.1) ——————————————————————————-<3>
(2.2)——————————————————————————– <4>
(2.3)——————————————————————————– <5>
(2.4)——————————————————————————– <6>
(2.5) ——————————————————————————-<7>
CHAPTER<3>Conclusion—————————————— <8>
—————————————————————————————<9>
References———————————————————————-<10>ကို A4စာရွက် ၊ CD တစ်ချပ် (Power Point)ဖြင့် English Department တွင် Laptop တစ်ယောက်တစ်လုံးဖြင့်ဖေဖောဝါရီလ 28 ရက်နေ့နောက်ဆုံးသွားရောက်ရှင်းပြရပါမည်တဲ့။

အရမ်းကို ရိုးရှင်းပြီး လွယ်ကူပါတယ်။ Laptop တစ်ယောက်တစ်လုံးကတော့ မဖြစ်နိုင်ဘူးလေ။ အဲဒါလေးကိုတော့ တချက်ညှိယူဖို့လိုတယ်။ သေချာမေးဖို့လိုတယ်ပေါ့။ တစ်ယောက်ပြီးမှ တစ်ယောက် အဲဒီ Laptop နဲ့ ပြလို့မရဘူးလားပေါ့။

ကြိုက်တဲ့ခေါင်းစဉ် ဖြစ်တဲ့အတွက် ကြိုက်တာပြောပေါ့။ Web 2.0 လား API လား။ oAuth , REST လိုမျိုး web service တွေလား။ ဒါမှမဟုတ် Mobile Development တွေအကြောင်းလား။ အများကြီးပါ။ wiki ကနေ reference လုပ်နိုင်သလို googling လုပ်လိုက်ရင်လည်း ရပါတယ်။ ကျွန်တော်တို့နှစ်တွေတုန်းက အဲလိုမရှိခဲ့ဘူး။ Honus တုန်းက seminar လေးသဘောလောက် လုပ်ခဲ့တာပဲရှိပါတယ်။

နောက်ပြီး forum ထဲမှာ ဖတ်ကြည့်လိုက်တော့ ဆရာမက စာထဖတ်ခိုင်းပြီး ရှင်းခိုင်းတာကို မကြိုက်ကျပြန်ဘူး။ ဆရာမရှင်းပြတာလေးကို နားထောင်တာပဲ လုပ်ချင်ကြတာကို တွေ့ရတယ်။ ကျွန်တော်တို့ နှစ်တွေက အတိုင်းပါပဲ။ သူငယ်တန်းကနေ စပြီး ၁၀ တန်းအထိ ငှက်ပျော်သီး အခွံ့နွှာကျွေးတာကနေ တက္ကသိုလ်ထိရောက်လာတော့ စာဖတ်ရာမှာ အားနည်းနေကျတုန်းပဲ။ စာကိုအခုဖတ်ပြီး မရှင်းနိုင်ဘူး။ နည်းပညာ စာအုပ်တွေ ဖတ်ရာမှာ အားနည်းတာကြောင့်ဖြစ်ပါလိမ့်မယ်။ ဝတ္ထုတွေကတော့ လှိုင်လှိုင်ဖတ်ပါ့။ ကျွန်တော်တို့ နှစ်တွေတုန်းကလဲ အဲလိုပါပဲ။ မပြောင်းလဲသွားပါဘူး။

ဘာပဲပြောပြော မဖြစ်နိုင်တာတွေအတွက် စိတ်ဓာတ်ကျနေစရာအကြောင်းမရှိပါဘူး။ မရ ရအောင်ကို ဖောက်ထွက်ရမှာပဲ။ UCSY ကျောင်းသားကျောင်းသူတွေက IDCS တို့မှာ တကယ် စာလုပ်တဲ့လူတွေနဲ့ ယှဉ်လိုက်ရင် ဒီ project လေးက ဘာမှမဟုတ်ပါဘူး။ http://www.mgpyone.net/ မှာ Assignment တစ်ခုလုပ်တာ ဘယ်လောက် အပင်ပန်းခံရလဲဆိုတာလေးတွေ ရေးထားပါတယ်။ ကျောင်းက ဒီလို project လေး စပြီး လုပ်ပေးနေတာကိုပဲ ကျေးဇူးတင်ရမလိုလိုပဲ။

သိပ္ပံမောင်ဝ က သူ့သား မောင်လူမွှေးကို ပေးတဲ့စာလေး စနေနေ့က ကိုသာသာပေးလို့ ဖတ်လိုက်ရတယ်။ သူပြောထားတာလေး သဘောကျမိတယ်။ သူ့သားကို သူက ပြောတယ်။ စာမေးပွဲကျလည်း ကိစ္စမရှိဘူး။ စာတကယ်တတ်ဖို့လိုတယ်။ စာတကယ်တတ်တဲ့သူက စာမေးပွဲကို ကြောက်စရာမလိုဘူး။ စာတကယ်မတတ်တဲ့သူတွေကသာ စာမေးပွဲဖြေရမှာကို ကြောက်နေကြတယ်။ သူပြောတာ တော်တော်လေးကို မှန်တယ်ဗျ။ သိပ္ပံမောင်ဝ တော်တယ် ခေတ်အမြင်ရှိတယ်ဆိုတာကို အံသြကြီးစွာနဲ့ ဖတ်မိတာပဲ။ အဲတုန်းက ၁၉၄၁ လောက်ပဲ ရှိတယ်ထင်တယ်။

ကျောင်းသား ကျောင်းသူတွေလည်း စာတကယ်တတ်ရင်တော့ စာမေးပွဲဆိုတာ ကြောက်စရာမရှိဘူးလို့ထင်တာပဲ။ စာတကယ်တတ်ဆိုလို့ လူပျိုကြီးကို သွားသတိရမိတယ်။ သူက စာတကယ်တတ်တယ်လို့ ပြောရမယ်။ အခုထက်ထိ ကျောင်းစာတွေကို မှတ်မိနေတုန်းပဲဗျ။ ဘယ်နှစ်မှာ ဘာသင်ခဲ့လဲဆိုတာကို မှတ်မိနေဆဲပဲ။ ကျွန်တော်ကတော့ ကျောင်းတုန်းက ကျောင်းစာ တကယ်မတတ်ခဲ့ဘူး။ သိပ္ပံမောင်ဝ ပြောသလို စာမေးပွဲ အောင်ရုံပဲ စာလုပ်ခဲ့မိတဲ့အတွက် အခုအချိန်မှာ နောင်တရမိတယ်လို့ ရေးထားတာလေး ဖတ်မိလိုက်တော့…. ကိုယ့်အစား ပြောပေးလိုက်သလိုပါလားလို့တောင် ထင်မိလိုက်သေးတယ်။ ဘာပဲပြောပြော ကျောင်းက ဒီလို project လေးလုပ်ပေးတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ အရင်ကထက်စာရင် စာပိုဖတ်ဖြစ်မယ်လို့ မျှော်လင့်လိုက်ပါတယ်ဗျာ။ တချိန်မှာ အောင်မြင်တဲ့ သူတွေ UCSY ကနေ ဆက်လက်ပြီး ပေါ်ထွက်နေအုံးမှာပဲ။ ကိုယ့်ရှေ့က စီနီယာတွေလည်း အခက်အခဲတွေကြားကနေ ဘဝကို တိုးတက်အောင်မြင်အောင် ကြိုးစားခဲ့ကြတာပဲ။ ကိုယ်လည်း အခက်အခဲတွေ တွေ့အုံးမှာပဲ။

သိပ္ပံမောင်ဝ မှာသလို ကျောင်းသားဘဝမှာ အချစ်ရေးတွေထက် စာကို ပိုတတ်အောင် ကြိုးစာစေချင်တယ်လို့ သူ့သားကို ရေးထားပေးတဲ့ စာမှာ တွေ့ရပါတယ်။ သူ့သားကို ရေးထားပေးတဲ့စာဆိုပေမယ့် ကျောင်းသား ကျောင်းသူအားလုံးကို ရေးထားပေးတဲ့စာလိုပါပဲဗျာ။ ဂျုနီယာတွေအနေနဲ့လည်း အချစ်ရေးမှာ အရမ်း ရူးသွပ်ခြင်းထက် စာတကယ်တတ်အောင်လည်း စာကို အချိန်ပေးပြီး ဖတ်စေချင်ပါတယ်။ စာတကယ်တတ်ရင် project လည်းကြောက်စရာမလိုသလို စာမေးပွဲဆိုတာလည်း ကြောက်စရာ မရှိပါ။

10 responses to “To my junior in UCSY”

  1. ကျောင်းက Project လုပ်ခိုင်းတာကောင်းပါတယ်။ Laptop တစ်ယောက်တစ်လုံးဖြင့်လာပြခိုင်းတာကတော့ မဖြစ်နိုင်ပါဘူး ။ ကိုယ့်ရဲ. Power point ကို CD ကူးပြီး English Department မှာလာပြခိုင်းတာပဲ..Laptop မလိုပါဘူး..Department တစ်ခုစီမှာ ကွန်ပျူတာ ၂လုံး၊ ၃ လုံးကတော့ အနည်းဆုံးရှိပါတယ်။ ဒီလိုမျိုး Project လုပ်ခိုင်းတာဟာ တော်တော်လေးကောင်းပါတယ်…Presentation လိုမျိုးလုပ်ခိုင်းရင် ပိုပြီးတော့တောင်ကောင်းပါတယ်…ကျောင်းမှာအလေ့အကျင့်ရသွားတာပေါ့…ကျောင်းသားတွေအနေနဲ့က ဘေးထိုင်ဘုပြောနေမယ့်အစား ရသမျှအခွင့်အရေးကို ကောင်းကောင်းအသုံးချစေချင်ပါတယ်….ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုတိုင်ကလည်းကျောင်းသားဘဝက ကျော်ဖြတ်လာခဲ့တာပဲ…ကိုယ်တွေတုန်းက ဒါမျိုးတွေမရှိခဲ့ပါဘူး…Master Thesis လုပ်တုန်းကပဲ Seminar လုပ်ခဲ့ဘူးတယ်….ခုချိန်မှာပြန်လုပ်ချင်ရင်တောင်လုပ်လို့မရတော့ပါဘူး…ဒီတော့ ကျောင်းသားတွေအနေနဲ့ ရသမျှအခွင့်အရေးကို ကောင်းကောင်းအသုံးချစေချင်ပါတယ်….

  2. ဟုတ်ကဲ. အခုလို ဖော်ပြပေးတဲ .အတွက် ကျေးဇူးပါခင်ဗျာ။ ကျွန်တော်တို.ကျောင်းမှာလည်း အဲလိုတွေလုပ်ခိုင်းနေတာ…တော်တော်တောင် ကြာနေပါပြီ ။ လုပ်ခိုင်းတာက ၃ ခုပါ ။
    (၁)Essay
    (၂)Presentation
    (၃)Project
    ပါ ။ ဒါပေမဲ.လည်း ကျွန်တော် ကျောင်းသားအများစုကိုမေးလိုက်ရင် …“ဟင်.အင်း မလုပ်ရသေးဘူး မပြီးသေးဘူး ” ဆိုတာကြီးပဲ.. ။ ပြီးတဲ.သူတွေလည်းမရှိဘူးမဟုတ်ပါဘူး ။ ရှိပါတယ် …။မိန်းကလေးအများစုက ပြီးသွားကြပါပြီ ။ ဒါပေမဲ.လည်း မေးလိုက်ရင် မှီငြမ်းထားတဲ .သူတွေချည်းပါပဲ ။ နောက်တစ်ခုက Project ဆိုတာကလည်း ကျွန်တော်တို.လို ဒုတိယနှစ်သမားတွေဆိုစာလုံးရေ ၂၅၀၀ ပါ ။ A4 စာရွက်နဲ.ဆိုရင် ၇ ရွက်လောက်ရှိပါတယ်။ အစ်ကိုပြောသလို ဝီကီမှာ ရှာမယ် ။ googling လုပ်ဖို.ကလည်းအများစုက အင်တာနက်သုံးတဲ.သူမဟုတ်ပါဘူး ….။ သုံးရင်လည်းချက်တင်နဲ.သာပြီးမဲ .သူတွေပါ။ ဒါကြောင်.လည်း ဒီလိုနှောင်.နှေး နေရတာပါ။အဲ အဓိကကလည်း laptop နဲ.မှ ဆိုလို.ရှိန်နေကြတဲ .သူတွေလည်း ပါပါလိမ်.မယ် ။ project လုပ်ခိုင်းလို. စာပိုဖတ်ဖြစ်လိမ်.မယ်လို. အစ်ကိုပြောတယ်နော် ။ အစ်ကိုပြောတာမှန်မမှန်တော.မသိဘူး။ အင်္ဂလိပ်စာအချိန်ဆို လူ၁၂၀ ကျော်ရှိတဲ .အတန်းက ခြောက်ကပ်နေတာခင်ဗျ ..။ငယ်ငယ်ကတည်းက ကျောင်းတွေမှာ stage စင်ပေါ်တက်ပြီးပြောနေကြတဲ.သူတွေမဟုတ်တော. လူအများကလည်း ဟုန်နေကြတာလည်းပါတယ်။ မျက်လုံးပေါင်းများစွာနဲ .ကြည်.နေကြတာဆိုတော. ….. ကျွန်တော်သူငယ်ချင်းကတော.စင်ပေါ်တက်ပြောနိုင်ဖို.အတွက် L.king ဆိုတဲ.စာရေးဆရာရေးတဲ. “စကားဘယ်လိုပြောမလဲ” ဘာသာပြန်စာအုပ်ကိုဖတ်နေလေရဲ.ဗျာ ။

    1. စင်ပေါ်တက်ပြောတာ ကြောက်စရာမလိုပါ။ steve job presentation ကို ကြည့်ပါ။ သူက သူ့ product ကို ယုံကြည်မှု အပြည့်ရှိတဲ့အတွက် သူ့ presentation ကလည်း ကောင်းရတာပါ။ Steve ရဲ့ presentation တွေက ရိုးရှင်တယ်။ စာလုံးတွေ ပုံတွေ အများကြီးနဲ့ မရှုပ်ဘူး။ statistic နဲ့ သေချာပြတယ်။ သူ့ iPhone သုံးစွဲနေသူဘယ်လောက်ရှိတယ်တို့ iPhone App စုစုပေါင်းဘယ်လောက်ရှိတယ်လို့ သေချာတဲ့ statistic ကို အဲလိုပြတယ်။ နောက်ပြီး စကားပြောရင် တစ်ယောက်တည်းမှာ focus မထားဘူး။ လူတိုင်းအပေါ် focus ထားတယ်။ ဒါကြောင့် လူတိုင်းက သူ့ကို ပြောတယ်လို့ ထင်စေတယ်။ အဲလောက်မခက်ပါဘူး။ ရဲရဲရင့်ရင့်နဲ့ တက်ပြောပါ။ ကိုယ် presentation ကို အပြည့်အဝ ယုံကြည်ပါ။ presentaion ကို ရိုးရှင်းပြီး မျက်စိနောက်စေတဲ့ အေရာင်တွေ ပုံတွေ မသုံးသင့်ဘူး။ A4 စာရွက် ၇ ရွက်ဆိုတာ ဘာမှ မပြောပလောက်ပါဘူး။ လိုအပ်တာက ကိုယ်ပြောမယ့် အကြောင်းအရာကို သေသေချာချာ တိတိကျကျသိပြီဆိုရင် ၇ရွက်မက ထွက်လာလိမ့်မယ်။ သေချာမသိရင်တော့ ၁ မျက်နှာ ပြည့်အောင်တောင် မနည်းရေးရမှာပဲ။ သေချာသိဖို့ စာကို သေချာဖတ်ဖို့လိုတယ်။ အင်တာနက်ကို သေချာသုံးဖို့လိုပါတယ်။

      1. ဟုတ်ပါတယ် Presentation လုပ်မယ်ဆိုရင် ကိုယ်ပြောမယ့်အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင်သိဖို့က အဓိကပါ။ အဲဒီလိုသိနိုင်ဖို့က စာအများကြီးဖတ်ရမယ်။ Text Book ထဲမှာရေးထားတာနဲ့ မလုံလောက်ရင် Internet မှာရှာဖွေပြီးဖတ်ရမယ်။ ဒါမှမေးတာတွေကို ဖြေနိုင်မှာပါ။ ပြီးတော့ကိုယ့် Slide မှာပါတဲ့ အကြောင်းအရာ အသေးစိတ်ကအစ သိရမှာ။ ဒါကြောင့်စာများများ ဖတ်ရမယ်။ စု တု ပြု တွေလုပ်ရမယ်။

  3. ခေတ်တွေက ပြောင်းသွားလို့ပါ ကျွန်တော်တို့တုံးက ဖိုင်နယ်မှာ ပရောဂျက်ရှိတယ် FYP ပေါ့လေ။ ရေးထားတဲ့ အလုပ်လုပ်တဲ့ Software တစ်ခု Presentation ပြရတယ် စာမျက်နှာ ၃၀-၄၀ လောက်ရှိတဲ့ Report တစ်ခုတင်ရတယ်။ နောက်တော့ လူများလို့ မစစ်နိုင်တော့လို့ ဖြုတ်လိုက်ရတယ်။

    အခုဟာက ဖတ်ကြည့်သလောက် ပရောဂျက်မဟုတ်ပါဘူး Term Paper သဘောလောက်ပါပဲ ခက်ခက်ခဲခဲ မဟုတ်ပါဘူး ကိုယ့်ဟာကိုယ်ဖတ် ဖတ်လို့သိတဲ့ဟာပြန်ရေး ကိုယ်ဘာတွေ လေ့လာထားခဲ့တယ်ဆိုတာ Presentatioin ပြန်လုပ်ဆိုတော့ မဆိုးပါဘူးလေ။ လုပ်ချင်စိတ် ရှိခဲ့မယ်ဆိုရင်တော့ Self-Study အခြေခံရမှာပေါ့ လုပ်ချင်စိတ် မရှိရင်တော့ ဒုံရင်းအတိုင်းပဲပေါ့။

    1. ကျွန်တော်တို့တုန်းကတော့ Presentation လုပ်ရတယ်။ Hons မှာပေါ့။ ကိုယ်လေ့လာထားတဲ့ အကြောင်းကို အတန်းထဲမှာပဲ ပြောရတာ။ လူတိုင်းပြောစရာမလိုဘူး။ ၁ ခန်းမှာ အနည်းဆုံး ၅ ယောက်လောက်တော့ ပြောရတယ်ထင်တယ်။ ကျွန်တော်ပြောတုန်းကဆိုရင် အတန်းထဲမှာ လူက အပြည့်အပြင် အခြားအခန်းထဲက လူတွေပါ လာပြီးနားထောင်သေးတယ်ဗျ။ လူက ၁၀၀ ကျော်မယ်ထင်တယ်။ လူက ဖိုးပြောချင်ဆိုတော့ လူများလည်း မကြောက်ပေါင်။ အေးအေးဆေးဆေးလေး ပြောပြီး အချို့အကြောင်းတွေကို တစ်တန်းလုံးက ဝါးဟားဟား နဲ့တောင် ဖြစ်လိုက်သေးတယ်။ ဘာပဲပြောပြော ပြောဖို့ကောင်းပါတယ်ဗျာ။ မှတ်မိသေးတယ်။ အဲတုန်းက UML ဆရာမ အချိန်မှာ UML အကြောင်းပြောတာကို… :D

  4. ဒီအတိုင်းကတော့ UCSY က လူများကို အထင်ကြီးပါတယ်.. မယုံမရှိပါနဲ့ တကယ်ပါ.. ကျနော်တို့ဆီမှာဆိုတာက Private ပဲလေ.. UCSY ဆိုတာက သူ့ဟာသူ ဘာကြီးဖြစ်နေနေ Government ပဲလေ.. Private နဲ့ Government ဆိုတာ နောင်တော့ ကွာသွားတာပဲ.. ဒီဘက်မှာတော့ Project လုပ်ရတော့မယ်.. Business နဲ့ Technical ဆိုပြီး နှစ်ပိုင်း.. အဆိုင်းမန့်က အဆိုင်းမန့်တွေပေါ့.. တတ်တာ မတတ်တာ အပထား.. အချိန်တန်လို့ Presentation မလုပ်နိုင်ရင်.. မပြနိုင်ရင် မတင်နိုင်ရင် Project ကျပြီပဲ :((
    အဓိကကတော့ အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တာ အရေးပါတယ်.. အဲဒါက ဘယ်သူမှ သင်ပေးနေမယ့်ဟာလည်းမဟုတ်ဘူး.. ဘယ်ကျောင်းမှလည်း မသင်ဘူး.. ဒီတိုင်း အားတိုင်းယားတိုင်း chat ကြီးနေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှမဟုတ်ဘူးပဲ… ဒါတွေလည်း အပ်ကြောင်းထပ်ပြီး.. ဓါတ်ပြားတောင် ပေါက်တော့မယ်.. =D

  5. Nice Bro အကိုရေးထားတဲ့ပိုစ်ကို က နောင်လာနောင်သား (junior)တွေဖတ်မိရင် အကျိုးရှိမယ်ထင်လို့ ucsycyber မှာ discussion အနေနဲ့တင်ချင်ပါတယ် အကိုခွင့်ပြုပေးပါခင်ဗျား

    1. ဟုတ်ရပါတယ်။

  6. ကိုယ်ကတော့ UCSM က ပြီးတာပါ – ကျောင်းတုန်းကစာတွေ မမှတ်မိတော့တာတော့ သေချာတယ် – ဒါမဲ့ တစ်ခုတော့ အားရတယ် – အဲ့ဒါက Third year မှာ project လေးလုပ်ခိုင်းတယ် – ၁၅ ယောက် အုပ်စုပေါ့ – ကိုယ် အပါအဝင် ၃ယောက်ပဲ တကယ်လုပ်တယ် – တကယ်ရေးတယ် – အဲ့တုန်းကတော့ VB 6 ပေါ့ – ရေးတတ်သလောက်လေး ရေးပြီး – ကျေနပ်ခဲ့ကြတယ် – မရေးတဲ့သူတွေကိုတော့ ပြန်ရှင်းပြရတာပေါ့လေ – တကယ် Seminar ထိုင်တော့ တချို့က အကြီးကြီးတွေရေးတာပေါ့ – ကိုယ်တွေမသိတဲ့ အပိုင်းတွေရေးထားတာဆိုတော့ စိတ်ထဲတောင်အားငယ်သွားတယ် – ငါတို့ project လေးက သေးသေးလေးပါလားပေါ့ – တကယ်တမ်းကျတော့ မေးတဲ့ ဆရာက တကယ်တော်တဲ့ ဆရာ – သူက ကြည့်လိုက်တာနဲ့ သူများကို ရေးခိုင်းတာလား ကိုယ်တိုင်လုပ်ထားတာလား ဆိုတာ] တန်းသိတယ် – တခြားအဖွဲ့တွေတော်တော်များများပြီးတော့ ကိုယ့်အဖွဲ့လည်းရောက်ရော – မေးပါလေရော – သိထား တတ်ထားတာလေးတွေနဲ့ ဘယ်လိုရေးထားပါတယ်ဆိုတာတွေ ပြတယ် – Coding ပိုင်းတွေပြင်ခိုင်းလို့ ပြင်ပြတယ် – ဒါမဲ့ တချို့ဟာတွေတော့ မဖြေနိုင်ဘူး – အဲ့ခါကျရင် မသိပါဘူး ဆရာလို့ ပြောကြတယ် – Seminar လည်းပြီးရော ဆရာက စာအုပ်တစ်အုပ်ယူသွားတယ် – ဆရာတွေကြည့်ဖို့လည်း စာအုပ်တွေ အနည်းဆုံး (၄)အုပ်လောက်ထားပေးရတယ်လေ – ပြီးတော့ ဒီအဖွဲ့လုပ်တာ ကောင်းတယ်လို့ ပြောသွားတယ် – အရမ်းကိုဝမ်းသာခဲ့ရတယ် – ပြီးမှ ပြန်သိရတာက ဆရာက တခြားအဖွဲ့တွေရဲ့စာအုပ် တစ်အုပ်မှ ယူမသွားပဲ ကိုယ်တို့ စာအုပ်ပဲ ယူသွားတယ်ဆိုတော့ – ပိုပြီး ကျေနပ်ခဲ့ရတယ် – အဲ့ဒီမှာပဲ Own project လေး အောင်မြင်ရင် ဘယ်လောက်ကြည်နူးကျေနပ်ရတယ်ဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရသာလေးတစ်ခုပါဗျာ… (ကြုံတုန်း ဝင်ကြွားလိုက်တာ- ဟဲဟဲ) –

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.