ဒီနေ့ http://www.myanmardaily.net/ ကနေ ucsy ning site လေးကိုတွေ့လိုက်တယ်။ ဘာပဲပြောပြော ကိုယ့်ကျောင်းဆိုတော့ ဖတ်ဖြစ်လိုက်ပါတယ်။ ကျောင်းမှာ project လေး လုပ်ခိုင်းတာ သိတော့ ဝမ်းသာမိသွားတယ်။ အဲ… အဲမှာ မကျေလည်တာလေး တစ်ခုကို သွားဖတ်မိပါတယ်။ computer ပြဿနာပါ။ ကိုယ့် laptop နဲ့ ကိုယ် presentation ကို ပြခိုင်းတာပါ။ ကျောင်းသားတစ်ယောက်က laptop မရှိရင် ဘယ်လိုလုပ်မလဲပေါ့။တကယ်တော့ ကျွန်တော်တို့ ကျောင်းမှာ တက်နေတဲ့သူ အများစုက သာမာန် လူတန်းစားနဲ့ ငွေကြေးသိပ်မတတ်နိုင်တဲ့ သူတွေများပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ စလုံးမှာဖြစ်ဖြစ် အခြားနိုင်ငံတစ်ခုမှာဖြစ်ဖြစ် စာတော်ရင် ပညာသွားသင်နိုင်တယ်။ စလုံးမှာ သွားမသင်နိုင်ဘူး။ ၁၀ တန်းက အမှတ်မကောင်းဘူးဆိုရင်လည်း IDCS ကို အဆင့်ဆင့်တက်သွားနိုင်ပါတယ်။ မြို့ထဲမှာလည်းဖြစ် သင်ကြားနေရာမှာကလည်း computer တက္ကသိုလ်ထက် နေရထိုင်ရတာ အဆင်ပြေ။ Library လည်း ရှိ။ Internet လည်းရ။ အဲလို အဆင်ပြေတဲ့နေရာတွေမှာ တက်နိုင်ကြပါတယ်။ဒါမှမဟုတ် ရတနာပုံမှာ သွားတက်ရင်လည်း ဖြစ်သေးပါတယ်။ Laptop တွေလည်း အပြင်ကထက် ဈေးအနည်းငယ်သက်သာတဲ့ နှုန်းထားနဲ့လည်း ဝယ်နိုင်အောင် လုပ်ထားတာတွေကို တွေ့ရတယ်။ ဒါပေမယ့် computer တက္ကသိုလ်နဲ့ ယှဉ်ရင် စရိတ်ကတော့ မသေးဘူးပေါ့။
Laptop မရှိတာ စိတ်ပျက်စရာ။ စိတ်ညစ်စရာမဟုတ်ပါ။ ကျောင်းမှာလည်း လူတိုင်း Laptop ကိုင်နေတာမဟုတ်သလို ကျောင်းရဲ့ သင်ကြားပုံအရ လိုလည်း မလိုအပ်ပါ။ Project presentation ပြတဲ့အခါမှာ Laptop မဟုတ်ပဲ System Unit နဲ့ကော ပြလို့ မဖြစ်နိုင်ဘူးလား။ မဖြစ်နိုင်စရာ အကြောင်းမရှိလို့ မြင်ပါတယ်။ System Unit ကြီးကိုတော့ အလေးခံပြီး သယ်လာရတာတော့ ရှိမှာပေါ့။ နောက်ပြီး သူငယ်ချင်းတွေနဲ့ကော ဝေမျှ မပြနိုင်ဘူးလား။ သူငယ်ချင်းတစ်ယောက် Laptop ရှိရင် သူ့ Laptop နဲ့ သူ့ သူငယ်ချင်းတွေ ပြနိုင်တာပဲလေ။ နောက်ပြီး သူငယ်ချင်းတွေ ပေါင်းပြီး Laptop ကို အပြင်မှာ ငှားလို့မရဘူးလား။ လူစုလိုက်ရင် ဈေးက သက်သာသွားမှာပါ။ ဖြေရှင်းစရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဆရာမ ကို စိတ်ဆိုးနေရင် အလုပ်မဖြစ်တဲ့အပြင် ကိုယ်ပါ ငရဲရတာ ပဲအဖတ်တင်မယ်။
project လုပ်ခိုင်းတာကလည်း ကြီးကြီးမားမာ မဟုတ်သလို အခက်အခဲလည်း မရှိလောက်ဘူးလို့ ထင်ရလောက်ပါတယ်။ အဲ.. ကျောင်းသားတွေရဲ့ အမြင်ကို ကြည့်လိုက်တော့ ဘယ်က စလုပ်ရမှန်း မသိတဲ့သူတွေက အများကြီးပဲဗျ။ ဘယ်လောက်ထိ လွယ်သလဲဆို ကြိုက်တဲ့ ခေါင်းစဉ်တဲ့ဗျာ။ ဘယ်လောက်တောင် ရှင်းလိုက်လဲ။ ဖတ်ကြည့်လိုက်တော့ ဒီလိုလေး ရေးထားတယ်။
TOPIC
CHAPTER-<1>
<1>IntroductionCHAPTER-<2>
<2>Main PartsCHAPTER-<3>
<3>Conclusion ကိုတနင်္လာနေ့နောက်ဆုံးထားပြီးတင်ရမယ်တဲ့။CONTENTS——————————————————————— PAGE
CHAPTER<1> Introduction—————————————- <1>
CHAPTER<2>Topic————————————————– <2>
(2.1) ——————————————————————————-<3>
(2.2)——————————————————————————– <4>
(2.3)——————————————————————————– <5>
(2.4)——————————————————————————– <6>
(2.5) ——————————————————————————-<7>
CHAPTER<3>Conclusion—————————————— <8>
—————————————————————————————<9>
References———————————————————————-<10>ကို A4စာရွက် ၊ CD တစ်ချပ် (Power Point)ဖြင့် English Department တွင် Laptop တစ်ယောက်တစ်လုံးဖြင့်ဖေဖောဝါရီလ 28 ရက်နေ့နောက်ဆုံးသွားရောက်ရှင်းပြရပါမည်တဲ့။
အရမ်းကို ရိုးရှင်းပြီး လွယ်ကူပါတယ်။ Laptop တစ်ယောက်တစ်လုံးကတော့ မဖြစ်နိုင်ဘူးလေ။ အဲဒါလေးကိုတော့ တချက်ညှိယူဖို့လိုတယ်။ သေချာမေးဖို့လိုတယ်ပေါ့။ တစ်ယောက်ပြီးမှ တစ်ယောက် အဲဒီ Laptop နဲ့ ပြလို့မရဘူးလားပေါ့။
ကြိုက်တဲ့ခေါင်းစဉ် ဖြစ်တဲ့အတွက် ကြိုက်တာပြောပေါ့။ Web 2.0 လား API လား။ oAuth , REST လိုမျိုး web service တွေလား။ ဒါမှမဟုတ် Mobile Development တွေအကြောင်းလား။ အများကြီးပါ။ wiki ကနေ reference လုပ်နိုင်သလို googling လုပ်လိုက်ရင်လည်း ရပါတယ်။ ကျွန်တော်တို့နှစ်တွေတုန်းက အဲလိုမရှိခဲ့ဘူး။ Honus တုန်းက seminar လေးသဘောလောက် လုပ်ခဲ့တာပဲရှိပါတယ်။
နောက်ပြီး forum ထဲမှာ ဖတ်ကြည့်လိုက်တော့ ဆရာမက စာထဖတ်ခိုင်းပြီး ရှင်းခိုင်းတာကို မကြိုက်ကျပြန်ဘူး။ ဆရာမရှင်းပြတာလေးကို နားထောင်တာပဲ လုပ်ချင်ကြတာကို တွေ့ရတယ်။ ကျွန်တော်တို့ နှစ်တွေက အတိုင်းပါပဲ။ သူငယ်တန်းကနေ စပြီး ၁၀ တန်းအထိ ငှက်ပျော်သီး အခွံ့နွှာကျွေးတာကနေ တက္ကသိုလ်ထိရောက်လာတော့ စာဖတ်ရာမှာ အားနည်းနေကျတုန်းပဲ။ စာကိုအခုဖတ်ပြီး မရှင်းနိုင်ဘူး။ နည်းပညာ စာအုပ်တွေ ဖတ်ရာမှာ အားနည်းတာကြောင့်ဖြစ်ပါလိမ့်မယ်။ ဝတ္ထုတွေကတော့ လှိုင်လှိုင်ဖတ်ပါ့။ ကျွန်တော်တို့ နှစ်တွေတုန်းကလဲ အဲလိုပါပဲ။ မပြောင်းလဲသွားပါဘူး။
ဘာပဲပြောပြော မဖြစ်နိုင်တာတွေအတွက် စိတ်ဓာတ်ကျနေစရာအကြောင်းမရှိပါဘူး။ မရ ရအောင်ကို ဖောက်ထွက်ရမှာပဲ။ UCSY ကျောင်းသားကျောင်းသူတွေက IDCS တို့မှာ တကယ် စာလုပ်တဲ့လူတွေနဲ့ ယှဉ်လိုက်ရင် ဒီ project လေးက ဘာမှမဟုတ်ပါဘူး။ http://www.mgpyone.net/ မှာ Assignment တစ်ခုလုပ်တာ ဘယ်လောက် အပင်ပန်းခံရလဲဆိုတာလေးတွေ ရေးထားပါတယ်။ ကျောင်းက ဒီလို project လေး စပြီး လုပ်ပေးနေတာကိုပဲ ကျေးဇူးတင်ရမလိုလိုပဲ။
သိပ္ပံမောင်ဝ က သူ့သား မောင်လူမွှေးကို ပေးတဲ့စာလေး စနေနေ့က ကိုသာသာပေးလို့ ဖတ်လိုက်ရတယ်။ သူပြောထားတာလေး သဘောကျမိတယ်။ သူ့သားကို သူက ပြောတယ်။ စာမေးပွဲကျလည်း ကိစ္စမရှိဘူး။ စာတကယ်တတ်ဖို့လိုတယ်။ စာတကယ်တတ်တဲ့သူက စာမေးပွဲကို ကြောက်စရာမလိုဘူး။ စာတကယ်မတတ်တဲ့သူတွေကသာ စာမေးပွဲဖြေရမှာကို ကြောက်နေကြတယ်။ သူပြောတာ တော်တော်လေးကို မှန်တယ်ဗျ။ သိပ္ပံမောင်ဝ တော်တယ် ခေတ်အမြင်ရှိတယ်ဆိုတာကို အံသြကြီးစွာနဲ့ ဖတ်မိတာပဲ။ အဲတုန်းက ၁၉၄၁ လောက်ပဲ ရှိတယ်ထင်တယ်။
ကျောင်းသား ကျောင်းသူတွေလည်း စာတကယ်တတ်ရင်တော့ စာမေးပွဲဆိုတာ ကြောက်စရာမရှိဘူးလို့ထင်တာပဲ။ စာတကယ်တတ်ဆိုလို့ လူပျိုကြီးကို သွားသတိရမိတယ်။ သူက စာတကယ်တတ်တယ်လို့ ပြောရမယ်။ အခုထက်ထိ ကျောင်းစာတွေကို မှတ်မိနေတုန်းပဲဗျ။ ဘယ်နှစ်မှာ ဘာသင်ခဲ့လဲဆိုတာကို မှတ်မိနေဆဲပဲ။ ကျွန်တော်ကတော့ ကျောင်းတုန်းက ကျောင်းစာ တကယ်မတတ်ခဲ့ဘူး။ သိပ္ပံမောင်ဝ ပြောသလို စာမေးပွဲ အောင်ရုံပဲ စာလုပ်ခဲ့မိတဲ့အတွက် အခုအချိန်မှာ နောင်တရမိတယ်လို့ ရေးထားတာလေး ဖတ်မိလိုက်တော့…. ကိုယ့်အစား ပြောပေးလိုက်သလိုပါလားလို့တောင် ထင်မိလိုက်သေးတယ်။ ဘာပဲပြောပြော ကျောင်းက ဒီလို project လေးလုပ်ပေးတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ အရင်ကထက်စာရင် စာပိုဖတ်ဖြစ်မယ်လို့ မျှော်လင့်လိုက်ပါတယ်ဗျာ။ တချိန်မှာ အောင်မြင်တဲ့ သူတွေ UCSY ကနေ ဆက်လက်ပြီး ပေါ်ထွက်နေအုံးမှာပဲ။ ကိုယ့်ရှေ့က စီနီယာတွေလည်း အခက်အခဲတွေကြားကနေ ဘဝကို တိုးတက်အောင်မြင်အောင် ကြိုးစားခဲ့ကြတာပဲ။ ကိုယ်လည်း အခက်အခဲတွေ တွေ့အုံးမှာပဲ။
သိပ္ပံမောင်ဝ မှာသလို ကျောင်းသားဘဝမှာ အချစ်ရေးတွေထက် စာကို ပိုတတ်အောင် ကြိုးစာစေချင်တယ်လို့ သူ့သားကို ရေးထားပေးတဲ့ စာမှာ တွေ့ရပါတယ်။ သူ့သားကို ရေးထားပေးတဲ့စာဆိုပေမယ့် ကျောင်းသား ကျောင်းသူအားလုံးကို ရေးထားပေးတဲ့စာလိုပါပဲဗျာ။ ဂျုနီယာတွေအနေနဲ့လည်း အချစ်ရေးမှာ အရမ်း ရူးသွပ်ခြင်းထက် စာတကယ်တတ်အောင်လည်း စာကို အချိန်ပေးပြီး ဖတ်စေချင်ပါတယ်။ စာတကယ်တတ်ရင် project လည်းကြောက်စရာမလိုသလို စာမေးပွဲဆိုတာလည်း ကြောက်စရာ မရှိပါ။
Leave a Reply