UCSY ကျောင်းသားများနှင့် Programmer များသို့

Computer နယ်ထဲမှာ ဝင်ရောက်ဖို့ ဘယ်အချိန်ကဆုံးဖြတ်မိတာလဲ ? လူငယ်တွေက ဘာကြောင့် Computer ကို ဘယ်အချိန်မှာ စဝင်စားတာလဲ ? ကျွန်တော်တွေးမိတယ်ဗျာ….. ကျွန်တော်ကရော ဘာဖြစ်လို့ Computer ကို ဒီလောက်သဘောကျနေတာလဲ…ကျွန်တော့် Blog ကို ဖတ်တဲ့ သူတွေကော စဉ်းစားမိရဲ့လားတော့ မသိဘူးဗျ…ကျွန်တော် စဉ်းစားမိတာလေးကတော့……

၁၀ တန်းအောင်ရင် လူငယ်တွေ ဘာလုပ်မလဲ? အဲဒီ အချိန်မှာ အိမ်က လူကြီးတွေက လူငယ်တွေ လေလွင့် ပျက်စီးမှာ စိုးရိမ်ကြတယ်…. သင်တန်းတစ်ခု တက်ဖို့ပြောရော…လူငယ်တွေကလည်း နားပူလို့ပဲဖြစ်ဖြစ်…စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်…Diploma လေးရဖို့ပဲဖြစ်ဖြစ်…. စာမသင်ရင် မနေနိုင်လို့ပဲဖြစ်ဖြစ်….အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ဖြစ်ကြတယ်….အဲဒီ အချိန်မှာ ဘယ်သင်တန်းတက်မလဲ…. လူငယ်ဆိုတာ သိတဲ့ အတိုင်းပဲ popular ဖြစ်တာကို တက်ချင်ကြတယ်… မိန်းကလေးချောချာ ရှိနိုင်မယ်လို့ထင်တဲ့ နေရာကို တက်ကြတာလားရှိတာပဲ… နောက်တာပါဗျာ….တကယ်တန်း ရွေးချယ်ဖို့လုပ်ရော နောက်ဆုံး Computer ကို စတက်ဖြစ်တာပဲ…ဘာကြောင့်လည်းဆို Computer က popular ဖြစ်တယ်… သင်တန်းတွေကလည်း အများကြီး…. Bill Gate က Computer နဲ့ ချမ်းသာသွားတာလည်း အပါအဝင်ပဲ…. လေ့လာဖို့ကလည်းလွယ်လွယ်လေးလို့ ထင်တာနဲ့ပဲ စတတ်ဖြစ်သွားတာပေါ့…. အဲဒီမှာ စတာပဲ…ဘယ် Field က သင်ချင်တာလဲ…အမှန်တိုင်းဆို သူတို့လေးတွေကလည်း ဘယ် Field တွေရှိသလဲဆိုတာကို မသိကြဘူး…. အဲမှာ သင်တန်းကို သွားစုံစမ်းကြရော…စုံစမ်းတော့လည်း ဘာထူးသွားလဲ…. ဟိုကပြောလိုက်တာတွေကို လုံးဝကို နားမလည်တာ…. C++ , Java , C# , VB , .NET ဘာတွေမှန်းလဲမသိဘူး….အဲ…အဲမှာသိတာလေး တစ်ခုတော့ ရှိတယ်…ဘာထင်လဲ…Java ပေါ့ဗျာ…ဘာဖြစ်လို့လည်းဆို TV ကြော်ငြာမှာ ပါတာကို… ကော်ဖီဆို Java ကော်ဖီ…ဆို Java လေ… အဲဒီမှာ နားမလည်လို့ ထပ်ရှင်းပြရပြန်ကော…Programming ဆိုတာဘာလဲဆိုတာ… ဘယ်လိုရှင်းရှင်း နားမလည်တော့ရင် Game ဆွဲတာ programming တတ်မှရမှာလို့ ပြောကြည့်လိုက်… မိန်းကလေးဆိုရင်တော့ မသိဘူး… ယောကျာၤးလေးတာဖြစ်ရင်တော့ တတ်မယ် တတ်မယ်ဖြစ်သွားရော… အဲဒါမှ မရသေးရင် Windows , Paint , Microsoft Office , etc တို့ကို programming နဲ့ ရေးတာလို့ထပ်ပြောကြည့်လိုက်…စိတ်မဝင်စားရင်နေမယ်… လေ့လာကြည့်မယ်ဆိုပြီး တတ်ဖြစ်သွားတာတွေလည်းရှိပါတယ်…တချို့တွေကလည်း Computer Programming ကို မတတ်ပဲ Graphic ပိုင်းကို ဝါသနာပါလို့ သွားတတ်တာလည်းရှိပါတယ်….အဲဒီအပိုင်းကိုတော့ မပြောတော့ဘူး…..

သင်တန်းတက်ရင်း တချို့တွေက စိတ်ပျက်လာတယ်… တချို့တွေက သဘောကျလာတယ်.. တချို့တွေက ဘာမှန်းကို မသိဘူး… တချို့တွေက ကြိုးစားပြီး လေ့လာတယ်… လေ့လာရင်း ဘာကိုတွေ့လာသလဲဆို Computer လုပ်ငန်းရှင်တွေက အရမ်းချမ်းသာတယ်လို့ မြင်လာတယ်… သူတို့လို ချမ်းသားချင်စိတ်ပေါက်လာတယ်… တစ်နေ့ သူတို့လို အောင်မြင်ရမယ်… အရမ်းချမ်းသာပြီး… နာမည်ကြီး company တစ်ခု ထူထောင်မယ်… ငါတို့ ထုတ်လိုက်တဲ့ product တွေက အရမ်းကောင်းပြီး နာမည်ကြီးလာရမယ်… ငါတို့လည်း အရမ်းချမ်းသာရမယ်… အဲလို စိတ်လေးတွေ မသိမသာဝင်လာတယ်… လောကမှာ မချမ်းသားချင်တဲ့လူ…. မအောင်မြင်ချင်တဲ့ လူတွေဆိုတာ ဘယ်မှာရှိလို့လဲဗျာ…..

သင်တန်းတွေ တက်ပြီးတော့ Computer University ကို တတ်ချင်လာရော….သူတို့ထင်တာက ကျောင်းမှာဆို ဒီထက်ပိုကောင်းမယ်… ဒီထက်ပိုသိမယ်… ဒီထက်ပိုတတ်မယ်… လို့ထင်ကြတာကို။ ကျောင်းက မကောင်းဘူးတော့ မဟုတ်ပါဘူး… ကောင်းပါတယ်… လက်တွေ့ပိုင်းမရှိဘူး… နောက်ပြီး Theory ပိုင်းတွေကို အလွတ်ကျက်ဖြေရတာ….

ကျောင်းတက်တော့ Theory ပိုင်းတွေကို သိလာတယ်… အဲဒါတွေက အပြင်မှာ သင်လို့မရဘူး… အပြင်မှာ သင်လို့ရတဲ့ အပိုင်းတော်တော်များများကို လည်း ကျောင်းမှာ မသင်ဘူး…. Web Programming ကို အခုထက်ထိမသင်သေးဘူး…. Javascript , HTML လောက်ပဲသင်တယ်… Programming ကို VB ကို သေသေချာချာ သင်တယ်… Database နဲ့ ချိတ်တဲ့ အပိုင်းကို Third Year မှာသင်တယ်

…အော်ပြောရင်းနဲ့ လမ်းလွဲလာပြီ….

ကျောင်းပြီးတော့ အလုပ်ထဲဝင်ကြတယ်… အဲမှာ အတွေ့အကြုံယူတယ်… မျှော်လင့်ချက်အတွက် အတွေ့အကြုံက အရေးကြီးတယ်လေဗျာ… တဖြည်းဖြည်း တချို့တွေက အလုပ်မှာ မပျော်ကြတော့ဘူး… အလုပ်ကိုစွန့်လွှတ်…. မျှော်လင့်ချက်လည်း ပြောင်းလဲကြတယ်… တချို့တွေကတော့ မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ပြီး ကြိုးကြိုးစားစားလုပ်ကြတယ်… အတွေ့အကြုံ ရရုံနဲ့ မပြီးသေးဘူး… Company ထောင်ဖို့ဆို ပိုင်ဆံကလိုတယ်… တချို့တွေက နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တယ်… တချို့တွေကတော့ မိဘတွေ ဆီကတောင်းတယ်…

အမှန်တိုင်းပြောရင် Computer လောကကနေ ချမ်းသာလာဖို့ဆိုတာ မလွယ်ဘူး…. အရမ်း အပြိုင်အဆိုင်များတယ်… ကိုယ့်လို လူတွေကလည်း အများကြီး…. တခြားလိုင်းလဲ မပြောင်းချင်တော့ဘူး…. နှစ်အများကြီး ဒီထဲမှာ နေခဲ့တာ… Software ရေးဆွဲဖို့ကလည်း အမြဲမကိုက်ဘူး… ဒါကြောင့် Company တွေက ပေါင်းစုံလုပ်တယ်… ရောင်းလည်းရောင်းတယ်.. ပြင်လည်းပြင်တယ်.. Network လည်းဆင်တယ်… ရှင်းရှင်းပြောရင်ဗျာ… အလုပ်လာအပ်ရင် ကိုယ်လုပ်နိုင်မယ်ထင်ရင်လုပ်တယ်ဗျာ… တလိုင်းထဲမှာ မရှိတော့ဘူး…. အဲဒီအချိန်ရောက်တော့ ငယ်ငယ်တုန်းက သူဌေး ဖြစ်ဖို့ ဆိုတာထက် မရှုံးဖို့… အမြတ်ရဖို့ဆိုတာပဲ စဉ်းစားနိုင်တော့တယ်ဗျာ…..

ကျွန်တော် မေးချင်တယ်… ကျွန်တော်တို့ မျှော်လင့်ထားတဲ့ Computer လောက မြန်မာနိုင်ငံမှာ ပေါ်လာမလား…. ပေါ်ဖို့ဆိုရင် copyright က အရမ်းအရေးကြီးတယ်… ကိုယ်ရေးထားတဲ့ Software က မဖြန့်ရဲတဲ့ ဘဝမှာ ကျွန်တော်တို့နေရတာဗျ… Copyright ပေါ်လာရင်လည်း software တွေရေးဖို့မလွယ်တော့ဘူး… .NET ကိုပဲ US $ 100 ကျော်လောက်နဲ့ ဝယ်မှ ရမှာ…. အင်း ကျွန်တော်လည်း web programming တွေထဲမှာ PHP ပဲလေ့လာတော့တယ်… ဘာဖြစ်လို့လည်းဆို free ရလို့ပဲ… copyright ပေါ်လာမှာ ကြောက်ဖို့မလိုလို့ပဲ……

အမှန်တိုင်းပြောရရင် ကျွန်တော် မျှော်လင့်ချက်ကဘာလဲ… ဘာတွေဖြစ်ချင်တာလည်း… တနေ့ ဘယ်လို ဘဝမှာနေချင်တာလဲ… ဒီလောကမှာ ဆက်ရှင်သန်နေရင် ဒီမျှော်လင့်ချက်က ပြည့်ဝလာမှာလား…. ဘာတွေမှန်းလဲ ကျွန်တော် မသိတော့ပါဘူးဗျာ…

3 responses to “UCSY ကျောင်းသားများနှင့် Programmer များသို့”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading