Linux ဇော်ဂျီ Keyboard

အခု ကျွန်တော် SuSe နဲ့ ဇော်ဂျီအတွက် Linux keyboard ရေးထားတယ်..
တခြားဟာတွေနဲ့တော့ မစမ်းရသေးဘူး..
ကျွန်တော်သုံးတာက SuSe Linux 10 နဲ့ပါ… Linux သမားတွေ စမ်းကြည့်ပေးကြပါ..
အခုတော့ ပက်ဆင့် ရိုက်လို့မရသေးဘူး..
Windows မှာဆို key ၁ ခုမှာ ၄ ကွက် တောင်ရိုက်လို့ရပေမယ့်.. Linux မှာက key ၁ခုမှာ ၃ ကွက်ပဲ နှိပ်လို့ရတယ်…
ဒါကြောင့် ပက်ဆင့်အတွက် keyboard လက်ကွက်ပြန်စီဖို့လိုသေးတယ်..
ပက်ဆင့်တွေ အတွက်ကတော့ windows နဲ့ကွာသွားလိမ့်မယ်..
ရိုးရိုးနဲ့ Shift ကတာ့ အတူတူပဲ..
အခုတော့ ရိုးရိုးနဲ့ Shift ပဲထည့်ထားသေးတယ်.
အကူအညီပေးတဲ့ ဦးရဲမြတ်သူနဲ့ uniburma ကိုကျေးဇူးတင်ပါတယ်..
uniburma ကိုအခြေခံပြီး လုပ်ထားလိုက်တာပါ…

အသုံးပြုရမည့်ပုံကတော့

Root user account နဲ့ဝင်ပါ…

/etc/X11/xkb/symbols ကနေ mm file ကို တနေရာမှာ backup (copy and paste) လုပ်ထားပါ…

ပြီးလျှင် အခု mm file ကို replace လုပ်လိုက်ပါ…

ပြီးနောက်…

Start Bar Panel တွင် Panel အသစ် ထည့်လိုက်ပါ…

Keyboard Indicator ကိုရွေးလိုက်ပါ

ပြီးလျှင် Panel ကို right click နှိပ်ပြီး Open Keyboard Presence ကိုရွေးလိုက်ပါ ။

Layout ကိုပြောင်းပါ
Add လုပ်ပါ… Myanmar ကိုရွေးလိုက်ပါ…

ဒါဆိုရင် Myanmar ဆိုတာ ပေါ်လာပါလိမ့်မယ်…

Group Shift Lock Behavior တွင် Both Alt Keys Together Change ကိုရွေးလိုက်ပါ..
ပြီးလျှင် Close လုပ်ပါ…

အခု third level မှာ key ထည့်သွင်းထား ခြင်း မရှိသေး သဖြင့် ပက်ဆင့်ရိုက်ရန် ပြသနာဖြစ်နေသေးပါသည်။ အမြန်ဆုံး နှင့် လိုအပ်သော ပက်ဆင့်များကို ထည့်သွင်း ပေးသွားပါမည် ။

Alt နှစ်ခုတွဲနှိပ်ကာ keyboard ပြောင်းနိုင်သည်။

Download Here



Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.