Blog Seminer နေ့ကပေါ့…
မနက် ၈ နာရီလောက် အိမ်ကနေ ထွက်တယ်..
လိုက်မယ့် သူငယ်ချင်းကိုသွားခေါ်တယ်..
ဟိုရောက်တော့ ၉ နာရီကျော်နေပြီ…
ညကလည်း ၂ နာရီမှ အိပ်ထားတာ..
Presentation တွေ ပြီးအောင်လုပ်ထားရတယ်..
အိပ်ရေးကလည်း မဝ..
Why Do We Blog ကနေ…
Why Do We Sleep ဖြစ်တော့မှာပဲလို့..
ကိုယ့်ဘာသာကိုယ် တွေးနေမိတယ်..
ဟိုရောက်တော့ ကိုနေဘုန်းလတ်ရဲ့ Laptop နဲ့
Presentation တွေပြန်စစ်…
ပြီးအောင် အဆုံးသတ်…
လူတွေကလည်း အစောကြီးရောက်နေတယ်..
၁၁ နာရီမှ စမှာ…
၁၀ နာရီထဲက လူတွေ ရောက်နေကြပြီ…
ကိုစစ်…
ကိုစစ်မရောက်သေးဘူးလား..
လှမ်းမေးလိုက်တော့..
မရောက်သေးဘူးတဲ့…
ဖုန်းလည်း ဆက်ထားတယ်… လာနေပြီ..
ကိုစစ် Laptop နဲ့ Presentation ပြရမယ်..
ညကတော့ ကိုစစ် Laptop စမ်းထားတာ OK တယ်..
ပွဲက စခါနီးပြီး..
ကိုစစ်ရောက်လာပါပြီ…
ကိုစစ် Laptop က စုံနေတာပဲ..
Desktop မှာ.. ဒါနဲ့ ကိုနေဘုန်းလတ်ရဲ့ Laptop နဲ့ပဲ Presentation စလိုက်ကြတယ်..
ဒါတွေက တခြားလူတွေ ပြောပြီးသားဆိုတော့ မပြောတော့ဘူး…
ကျွန်တော့် အကြောင်းပဲ ပြောတော့မယ်..
ပြောတာတွေ နားထောင်..
အမှန်တိုင်းပြောမယ်…
တော်တော်များများကို ကျွန်တော် အရင်ကမသိခဲ့ဘူး..
ကိုနေဘုန်းလတ်နဲ့ အစ်မဘာညာပြောမှပဲ သေသေချာချာသိတော့တယ်..
ပြီးတော့ ကော်ဖီနဲ့ မုန့်စား..
ဟဲဟဲ…
ကျွန်တော်က စားလို့ရပါပြီလို့ ကြော်ငြာလိုက်တာနဲ့…
အရင်ဆုံးရောက်နေတာ..
ကျွန်တော်စားဖို့လုပ်တဲ့ အချိန်တစ်ယောက်မှ မရှိသေးဘူး..
ဦးဆုံး ကစ်ရတာ.. ဒါပေမယ့် မဝပါဘူးဗျာ..
မုန့်တစ်ခု ကော်ဖီတစ်ခွက်…
အဲဒီအချိန်မှ ဦးသိန်းနဲ့တွေ့…
ဘော်ကာ မပါလာဘူးလားလို့မေးတော့..
ယူလာတယ်တဲ့..
( အခုထက်ထိတော့ ရသေးဘူး ၊ ဦးသိန်းရေ ဆေးရုံက ဆင်းရင်ပြောပါဗျို့ ၊ ဦးသိန်းကို သိတဲ့လူတွေလည်း အကြောင်းကြားပေးပါ.. ကျွန်တော် ဘော်ကာကို စောင့်နေပါတယ်လို့ :D )
နောက်ပြီး Hack For All ကိုလည်း တွေ့သေးတယ်..
စားပြီးတော့ ဒုတိယပိုင်းစပြီ…
အရင်ဆုံး service + ကပြောမယ်…
ဒါကြောင့် အေးဆေးပဲ…
အဲဒီအချိန်မှာ ပြောမယ့် ဟာကို ပြန်ဖတ်ရမယ်…
အဲလိုမျိုးတွေးထားတာ…
အဲ တကယ်လည်းစရော..
ဘယ်လိုကနေ ဘယ်လိုဖြစ်သွားတယ်မသိဘူး..
ကျွန်တော်စပြောရမှာ..
Pink Gold က ကြော်ငြာမှ သိတယ်..
မတတ်နိုင်တော့ဘူး…
တက်ပြောရမှာပဲ…
Presentation တွေနဲ့ မနေ့က တနေကုန် ရွာပတ်နေတာ..
စာကို သေသေချာချာမဖတ်ရသေးဘူး..
ဒါပေမယ့် ခပ်တည်တည်နဲ့ ဆင်ပေါ်တက်သွားတာပဲ..
ပြီးတော့ ပြောမယ့် Presentation လေးကိုဖွင့်…
ပြောမယ့် စာရွက်ကိုဘေးမှာထား…
အဲ.. သေပြီ… Laser Pointer ပါလာဘူး…
ထားလိုက်… ရသလိုပြောလိုက်မယ်..
ဒီအချိန်မှ အောက်ပြန်ဆင်းလို့လည်း ဖြစ်ဘူး..
စပြီးတော့ တမုန်းလွှတ်တာပဲ…
စကားပြော တော်တော်မြန်သွားတယ်နဲ့တူတယ်…
စာရွက်ကို မကြည့်ပဲ Presentation ကိုကြည့်ပြီးပြောလိုက်ရတယ်..
စာရွက်က တွေ့လည်းတွေ့ရဘူး..
ဘေးနားမှ ချထားတော့..
ပရိသတ်ဘက်ကို ကြည့်လိုက်တော့…
ကျွန်တော် ပြောတာတွေကို ဦးလေးကြီး တစ်ယောက်က ခေါင်းတညိတ်ညိတ်နဲ့ အားရှိသွားတယ်..
ကျွန်တော်က ပြောပြီဆိုရင် ပရိသတ်ကိုကြည့်ပြီးပဲ ပြောတတ်တာ..
ရှေ့တည့်တည့်ကို ကြည့်လိုက်တော့ မိန်းကလေး ၃ ယောက်…
သေပြီ… Eye ကို Fix ဖို့လူလည်း ရှိဘူး…
တတ်နိုင်ဘူး.. အဲဒီ မိန်းကလေး ၃ ယောက်ကိုပဲ Eye ကို Fix လိုက်ရတယ်..
ချောချောလေးတွေဆိုတော့လည်း.. :D
တကယ်ပြောတာဗျာ.. ရှေ့တည့်တည့်မှာ မိန်းကလေးပဲ ရှိတယ်…
ခေါင်းကြီးကို ဟိုဘက်လှည့်ပြီးပြောဖို့ကလည်း ဇက်ကြီးလိမ်နေသလို ဖြစ်မှာဆိုးတာနဲ့…
ရှေ့တည့်တည့်ကို ကြည့်ပြီး ပြောလိုက်ရတယ်..
အားလည်းနာတယ်ဗျာ.. မတတ်နိုင်တော့လို့ အဲဒီတစ်ယောက်ကို အဓိက Fix လုပ်ပြီးပြောလိုက်ရတယ်..
စာရွက်ကိုလည်း မကြည့်ဖြစ်… Power Point ကိုကြည့်ပြီးပြောနေရတယ်..
သေသေချာချာလည်း မမှတ]]
>
Leave a Reply