In App Purchase Subscription for iOS

ဒီတစ်ခေါက် IAP အတွက် လုပ်လိုက်ရတာ ၄ လ လောက်ကြာသွားတယ်။ ပုံမှန် အားဖြင့် ၁ လ လောက် ဆိုရင် approval ရပေမယ့် အောင်မြင် App ကတော့ ၄ လ လောက် ကြာသွားတယ်။ အဓိကတော့ IAP မှာ Subscription အမျိုးအစား ၄ ခုလောက်ပါသွားတော့ Apple က သေသေချာချာလေး စစ်တာလည်း ပါတယ်။ Apple က တောင်းဆိုသည့် အချက်တွေကတော့

၁။ Login မဝင်ပဲ IAP နှင့် ဝယ်ယူ၍ ရရမည်။
၂။ Login မဝင်ပဲ Restore လုပ်လို့ရရမည်။
၃။ App Description မှာ IAP နှင့် ပေးချေဝယ်ယူရမည် ကို ပါရမည်။
၄။ ဝယ်သည့် နေရာမှာ Terms & Condition ထည့်သွင်းရမည်။
၅။ Terms & Conditions မှာ Apple က အလိုအလျောက် ငွေဖြတ်မည် ၊ ဘယ်လို cancel လုပ်နိုင်သည် ၊ စသည် ဖြင့် ထည့်သွင်းရေးသားရန် လိုအပ်သည်။

အရင်ဆုံး Subscription ကို App မှာ ထည့်မယ် ဆိုရင် https://developer.apple.com/app-store/subscriptions/ ကို သေချာ ဖတ်ဖို့လိုတယ်။ အထက်ပါ အချက် အားလုံးနီးပါး ကို အသေးစိတ် ဖော်ပြထားပေးတယ်။ UI/UX design ဘယ်လို ထားရမယ် အစ ပါဝင်တယ်။

အဓိကပြဿနာက Login က Optional ဖြစ်ရမယ် ဆိုတာပဲ။ တခြား App တွေမှာ approve ဖြစ်ပေမယ့် အောင်မြင်မှာတော့ Apple က login ကို skip လုပ်ခိုင်းတယ်။ အဲဒီ အတွက် account merge ပြန်လုပ်ရတာ အတော်လေးကို အလုပ်ရှုပ်သွားတယ်။ ဥပမာ၊၊ guest user က ဝယ်ပြီး account login ပြန်ဝင်ရင် သို့မဟုတ် user account အသစ်ဝင်ရင် merge ပြန်လုပ်ရမယ့် အပိုင်းတွေပေါ့။

နောက်တချက်က Restore Purchase ပါ။ ဝယ်ပြီးသားဆိုရင် restore ပြန်လုပ်လို့ရမယ်။ User က login မဝင်ထားဘူး။ သူက ဝယ်ထားဖူးတယ် ဆိုရင် restore ပြန်လုပ်လို့ ရတယ်။ အဲဒီမှာလည်း ပြဿနာက restore လုပ်သည့်အခါမှာ ထွက်လာသည့် receipt ကို login ဝင်ထားသည့် user တစ်ယောက်ယောက် နှင့် join ထားပြီးသားဆိုရင်လည်း restore က success မဖြစ်အောင် ပြန်ထိန်းရသည့် အပိုင်းတွေပါလာတယ်။ IAP မထည့်ပဲ ဒီအတိုင်း တင်ပြန်တော့လည်း Subscription လုပ်မှ ရမယ့် feature ပါနေသည့် အတွက် မဖြစ်မနေ IAP ထည့်ပါဆိုပြီး ပြန်ပြောတယ်။

Apple နဲ့ ၄ လ လောက် စာ နဲ့သာမက ဖုန်း နဲ့ပါ မေးပြီးမှ သူတို့ လိုချင်သည့် အတိုင်း နောက်ဆုံး အကုန်လုပ်ပေးလိုက်ရတယ်။ အဲဒီ အခါမှသာ Approve ဖြစ်သွားတယ်။

Subscription ပါလာရင်တော့ ၂ ပတ်လောက်နဲ့ Approve ဖြစ်မယ်လို့ မျှော်လင့်ထားလို့မရဘူး။ ၂ ပတ် ကနေ ၄ လ လောက် ထိ ဖြစ်သွားတတ်တယ်။ အချို့ App တွေတုန်းက Login က optional ဖြစ်ရမယ် ဆိုတာ မပါတော့ အဆင်ပြေတယ်။ Game တွေလို Login က optional ဖြစ်ရမယ် ဆိုတာက app တွေအတွက်တော့ အတော်လေးကို ခက်ခဲပါတယ်။ သို့ပေမယ့် iOS app ရချင်တော့လည်း Apple ခိုင်းသမျှ လုပ်ရတာပဲပေါ့။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.