MPU

ရန်ကုန်ပြန်ရောက်တော့ ဘဏ်မှာ အကောင့်ဖွင့်ဖြစ်တယ်။ MPU ကဒ်ပေးသလားမေးတော့ အစ်ကို ATM card လားဆိုပြီး ပြန်မေးတယ်။ MPU လို့ ရေးထားသည့် ATM card က ၂ ပတ်လောက်နေမှ ရမယ်လို့ ဆိုတယ်။ ရရင် ဖုန်းဆက်ပေးမယ် ဆိုပြီး ဆိုပါတယ်။ ဒါနဲ့ Online Payment ကော MPU နဲ့ ရလားဆိုတော့ နားမလည်ဘူး ဖြစ်သွားပုံပဲ။ ဒါနဲ့ ကဒ်ရမှပဲ ဆက်မေးတော့မယ် ဆိုပြီးထားလိုက်တယ်။ ဒီကြားထဲမှာ အသိတွေကို လိုက်မေးတော့ Online Payment လို့ မခေါ်ပဲ e-commerence လျှောက်ချင်လို့ ပြောရင် သိတယ်လို့ ဆိုတယ်။ Card ရမှ ထပ်ပြီးတော့ e-commerence သုံးချင်လို့ ဆိုပြီး လျှောက်တော့ form ထပ်ဖြည့်ရတယ်။ ဘာကြောင့် MPU ကို တစ်ခါတည်း ဘဏ်အကောင့် ဖွင့် ကတည်းက မလုပ်ပေးလိုက်လည်း ဆိုတာ နားမလည်နိုင်ဘူး။ အကယ်၍ e-commerence ကို MPU card ပေးကတည်းက တစ်ခါတည်း ဖွင့်ထားပေးလိုက်ရင် နောက်ပြီးတော့ ကဒ် ပေါ်က နံပတ်တွေက ဘာအတွက်လည်း ဆိုတာကို ရှင်းပြပေးရင် online payment အတွက် အဆင်ပြေကြလိမ့်မယ်။ အခုတော့ MPU card ကြီးရှိပြီး e-commerence မဖွင့်ထားသည့် ကဒ်တွေ အများကြီး ရှိနေမှာ သေချာတယ်။ ဘဏ်က e-commerence ဖွင့်မလား မမေးသလို အသုံးပြုသူတွေကလည်း ဖွင့်ဖို့ လိုမှန်း နားမလည်ကြဘူး။

စင်္ကာပူ ရောက်ကာစ Master နဲ့ ပေးလား Net နဲ့ ပေးမလား ဆိုပြီး အမြဲတန်း ဝေခွဲမရ ဖြစ်တယ်။ နောက်ပိုင်း cashback ကြောင့် Master နဲ့ပဲ ပေးဖြစ်တော့တယ်။ cashback က percentage ဘယ်လောက် ပြန်ရသလဲ မသိပေမယ့် ၁ နှစ်ကို ၁၀၀ ကနေ ၃၀၀ ဝန်းကျင်လောက် ပြန်ပြီး cashback ရတာကို တွေ့တော့ တောက်လျှောက် master card နဲ့ပဲ ပေးဖြစ်တော့တယ်။ Master/Visa card တွေကလည်း ဘယ် online website ကနေ ဝယ်ရင် ဘယ်လောက် ရာခိုင်နှုန်း လျော့ပေးပါတယ် ဆိုပြီး အမြဲ ရှိနေတတ်တယ်။ ဒါကြောင့် online မှာ discount နဲ့ ဝယ်ဖို့ master ကော visa ကော နှစ်ခုစလုံး လုပ်ထားတယ်။

စသုံးကာစမှာ ငါ့ကဒ် ခိုးခံထိရင် အကုန်ပါသွားမှာပဲ ဆိုပြီး စိုးရိမ်ဖူးတယ်။ သို့ပေမယ့် ၇ နှစ်လုံး တစ်ခါမှ master/visa ကို အခြားသူ သုံးတာ မခံရဘူးဖူး။ online မှာ payment လုပ်ပြီးတိုင်း bank က SMS ပို့တယ်။ ကိုယ်တိုင်သုံးတာ မဟုတ်ရင် ချက်ခြင်း ဖုန်းဆက်လိုက်လို့ ရတယ်။ Master/Visa တို့မှာ တစ်ယောက်ယောက်က ကိုယ့် card သုံးပြီးတော့ ပစ္စည်းဝယ်ထားတယ်။ အဲဒီ အချိန်မှာ ကိုယ့် account ထဲက ပိုက်ဆံကို တကယ် မဖြတ်သွားသေးဘူး။ အဲဒီ အချိန်မှာ ငါ ဒါကို ဝယ်ထားတာ မဟုတ်ဘူးဆိုပြီး bank ကို ပြောလို့ ရတယ်။ Bank ကလည်း ကဒ် ကို ချက်ချင်းပိတ်ပြီးတော့ ဝယ်ထားသည့် merchant ရဲ့ bank နဲ့ သွားညှိတယ်။ ငါ့ client က ဒါကို ဝယ်ထားတာ မဟုတ်ဘူး။ ဟိုဘက် bank ကလည်း merchant ကို ပြောတယ်။ ဒါက ဒီ account ပိုင်ရှင်ဝယ်ထားတာ မဟုတ်ဘူး ဆိုပြီးတော့ ။ ညှိလို့ အဆင်ပြေရင် ကိုယ့်ပိုက်ဆံ ပြန်ရတယ်။ ကဒ်အတွက် နံပတ် အသစ်ထုတ်ပေးတယ်။ သို့ပေမယ့် အဲလိုမျိုး တစ်ခါမှတော့ မဖြစ်ဖူးဘူး။ နောက်ပိုင်း 3ds ပါလာတော့ 3ds နဲ့သာ ဝယ်ရင် အဲလို complain လုပ်ဖို့ မလွယ်တော့ဘူး။ မင်းကိုယ်တိုင် sms က လာသည့် နံပတ်ထည့်လိုက်သည့် အတွက် မင်းကိုယ်တိုင်ပေးထားတာလို့ ယူဆတယ် ဆိုပြီး ဖြစ်သွားပြီ။ ကိုယ့် ဖုန်းက sms နံပတ်လာတာ ဖြစ်သည့်အတွက် ကြောင့် payment က ဖုန်းပိုင်ရှင် နဲ့ ကဒ်ပိုင်ရှင် တစ်ယောက်တည်း ဖြစ်မှသာ payment တစ်ခု လုပ်လို့ ရလိမ့်မယ်။

ဒီရောက်တော့ MPU ကို easybills မှာ စမ်းကြည့်တော့ အတော့်ကို အဆင်ပြေတယ်။ နှမြောဖို့ ကောင်းတာက လူတွေက အဲလိုမျိုး online payment လုပ်လို့ ရမှန်း မသိဘူး။ နောက်ပြီး MPU ကို support လုပ်သည့် website လည်း အတော့်ကို နည်းတယ်။ MPU စခဲ့တာဟာ ATM card အနေနဲ့ ပြည်တွင်း ဘဏ်တွေ ပေါင်းပြီး လုပ်ထားတာလို့ သိရတယ်။ နောက်ပိုင်းမှာ online payment (ပြည်တွင်း အခေါ် e-commerence) အထိ ရလာတယ်။ သို့ပေမယ့် ATM card ထက် မပိုသလို ဆိုင်တွေမှာလည်း MPU card နဲ့ ငွေရှင်းရတာ အဆင်မပြေဘူး။ ဒီနေ့ Ocean မှာ ငွေရှင်းဖို့ စောင့်နေတုန်း ဘေးနားက ကောင်တာက လှမ်းပြောတာ ကြားလိုက်တယ်။ MPU က မီးလည်းလင်း ပလပ်လည်း တတ်ထားပေမယ့် ပေးလို့ မရဘူးဖြစ်နေတယ် ဆိုပြီး ပြောနေတာ ကြားလိုက်တယ်။

MPU နဲ့ ပေးဆောင်တာဟာ ငွေ မကိုင်ချင်လို့။ ငွေ ရေ ပြီး ပေးနေတာ ကြာမှာ မို့လို့ ပေးပေမယ့် အခုလိုမျိုး ဟိုဟာကြောင့် ပေး မရဘူး ဒီဟာကြောင့် ပေး မရဘူး ဖြစ်နေရင်တော့ ဘယ်သူမှ သုံးချင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ MPU နဲ့ ငွေပေးလို့ ရပါတယ်။ MPU ကို သုံးလာအောင် marketing အနေနဲ့ cashback လုပ်ပေးတာတို့ နောက်ပြီး ဈေးလျော့တာတို့ စသည့် promotion တွေ အားသွန် ခွန်စိုက် လုပ်တာလည်း မတွေ့မိဘူး။ MPU ဟာ သူ့ဘာသာသူ သီးသန့်နေပြီးတော့ ကဒ်ကိုင်ထားသည့်သူတွေဟာလည်း အဲဒီ MPU logo လေးပါရင် ATM မှာ ငွေထုတ်လို့ရတယ် ဆိုတာထက် မပိုဘူး။

အခုနောက်ပိုင်း AGD က Union Pay ကို မိတ်ဆက်ပြီးတော့ အခြား bank တွေကလည်း စပြီး လုပ်လာပြီ။ မကြာခင်မှာ Union Pay နဲ့ ဆိုင်တွေမှာ ပေးလို့ ရအောင် Union Pay က promotion တွေ မဖြစ်မနေ လုပ်လိမ့်မယ်။ Master/Visa စတာတွေက လာပေမယ့် အနည်းငယ်တော့ ကြာအုံးမယ်။ အိမ်နီးချင်း တရုတ်တွေရဲ့ Union Pay လောက်တော့ မြန်မြန်ဆန်ဆန် ဝင်ချလာမှာ မဟုတ်ဘူး။ ဒီအတိုင်းသာဆိုရင် Union Pay ဈေးကွက်က မြန်မာပြည်မှာ ကြီးထွားလာဖို့ ရှိနေတယ်။ Union Pay ကိုယ်တိုင်က နိုင်ငံတကာမှာ လုပ်သလို marketing ကောင်းကောင်းနဲ့ နောက်ပြီးတော့ cashback တွေ ဆိုင်တော်တော်များများ support ပေးတာတွေအထိပါ လုပ်ချလာရင် MPU ဟာ ATM အဆင့်ထက် မပိုသည့် ကဒ် အနေနဲ့ပဲ ရှိနေတော့မှာ။ လက်ရှိ နောက်မှာ ရှိသည့် backend system ကြီးက ကောင်းလျက်နဲ့ business ပိုင်းက marketing တွေ ပညာပေးတွေ ထိထိ ရောက်ရောက်လုပ်ဆောင်မှု မရှိတာကြောင့် အခု အချိန်မှ မလုပ်ရင် နောက်ပိုင်း Union Pay ကို ယှဉ်ဖို့ ခက်သွားလိမ့်မယ်။ ဒါမှ မဟုတ် MPU ရဲ့ business model ကိုယ်တိုင်က ATM အဆင့်ထိပဲ စဉ်းစားထားလားလို့ တောင် ထင်ရတယ်။

အကယ်၍ MPU ကိုယ်တိုင်က အစောကြီးကတည်းက တာဝန်ယူစိတ် အပြည့် လုပ်ချင်စိတ် အပြည့်နဲ့သာဆိုရင် အခုအချိန်မှာ ပြည်တွင်း online payment ဟာ ရုပ်လုံးပေါ်သင့်နေပြီ။ ဒီအချိန်မှာ ရုပ်လုံးမပေါ်သေးရင်တော့ နောက်မကြာခင်မှာ Union Pay ဟာ ပြည်တွင်း ဘဏ်တွေကနေ တဆင့် ပြည်တွင်း online payment တွေ နဲ့ ဆိုင်တွေမှာ union pay ကနေ ပေးလို့ ရအောင် ချီတက်လာမှာ သေချာပါတယ်။ စိတ်ရင်းအတိုင်း ပြောရရင် MPU ကို အင်တိုက်အားတိုက် လုပ်စေချင်တယ်။ သို့ပေမယ့် လုပ်မယ့်ပုံလည်း မပေါ်ပေ။


 
11 Kudos
Don't
move!
5 Comments

Leave a Reply