saturngod
-
ကျောင်း canteen တွေမပိတ်ပါဘူး..ဖျက်ပြီး အသစ်ပြန်ဆောက်မှာပါ…၁ ဆိုင်ကို ၂ ဆိုင်စာ ဖြစ်အောင်ပြောင်းမှာပါ…ကျောင်းက ဆိုင်တွေ ကျဉ်းကုန်ပါတော့မယ်…အခုလက်ရှိဆိုင်တွေက ၂ ဆိုင်ဖြစ်တော့မယ်ထင်တယ်..အောင် ကတော့ နောက်နှစ်ဆို ၂ ဆိုင်ဖြစ်ပြီတော့..အကျယ်ကတော့ ဒီလောက်ပဲ…ဒါပေမယ့် ၂ နှစ်ဆိုင်…ဘာဖြစ်လို့လည်းဆိုရင် ၁ နှစ်ဆိုင်ကို ၂ နှစ်ဆိုင်ဖြစ်အောင် ခွဲဆောက်လိုက်မှာမို့ပါ…
-
ကျွန်တော် ဒီနေ့ ဦးရဲမြတ်သူပို့လိုက်တဲ့ email ထဲမှာ…http://www.elance.com/ အဲဒီ site လေးကို ညွှန်ထားတာတွေ့လို့သွားကြည့်လိုက်တယ်..တော်တော်မိုက်တာပဲ…အဲဒီ site ရဲ့ design တွေ ရေးထားတာတွေကို ပြောတာမဟုတ်ဘူး..elance ရဲ့ စေတနာ… idea တွေက တော်တော်လန်းတယ်…လူတွေကို ကမ္ဘာမှာ အလုပ်အကိုင်အခွင့်အရေးအတွက် လမ်းဖွင့်ပေးလိုက်သလိုပဲ…အဲဒီ site မှာ လူတွေက သူတို့ရဲ့ project တွေ design တွေ idea တွေ…တင်ကြတယ်..ရောင်းကြတယ်…နောက်ပြီး စီးပွားရေးသမားတွေကလည်း…အဲဒီက လူတွေရဲ့ Project တွေကို ကြည့်ပြီး လာဝယ်မယ်..သဘောကျတဲ့လူတွေကို ခေါ်ပြီး အလုပ်ခန့်လာမယ်..အလုပ်အကိုင် အခွင့်အရေးတွေ…online ကနေ ဝင်ငွေရဖို့ အခွင့်အရေးတွေ တိုးလာတယ်…google adsense လို click ပြီး ပိုက်ပိုက်ရတာမဟုတ်ဘူး..တကယ့်အရည်အချင်းကြောင့် ပိုက်ပိုက်ရတာ…ဂုဏ်ယူဖို့ကောင်းတယ်.. ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဲလို…
-
ကျွန်တော် ဒီမှာ ပုံနဲ့ အတူပြန်တင်ထားပေးပါတယ်…
-
unicode ဆိုတာဘာလဲ ။ ကျွန်တော် အဲဒီအကြောင်းကို ဒီမှာ ပြောခဲ့ပါတယ်… မြန်မာစာ unicode ပေါ်လာတာ ဘယ်လိုမြင်လဲ ။ ကောင်းပါတယ်… မြန်မာစာ unicode ပေါ်လာတော့ English စာကော မြန်မာစာပါ တွဲရိုက်လို့ရတဲ့ အပြင် တခြား အများကြီးကို အသုံးဝင်လာပါတယ်။ ဥပမာ မြန်မာစာ sorting ပေါ့… အခု ဇော်ဂျီ Font ကကော Unicode ဟုတ်လား ။ ဟုတ်ပါတယ်… ဒါပေမယ့် မြန်မာစာ Unicode အစစ်အမှန်တော့ မဟုတ်ဘူး…Unicode 5 ရဲ့ စည်းမျဉ်းတွေကိုလည်း လိုက်မနာထားပါဘူး…အသုံးပြုရသူလွယ်ကူအောင် လုပ်ထားတဲ့ Unicode Font ပါ… ဒါဆို Myanmar 3 နဲ့ MyMyanmar ကကော…
-
ဒီနေ့ ကျွန်တော့်ကို ဖုန်းနံပါတ်မေးသော သူများ…သတင်းထောက်များအား…ဖုန်းနံပါတ်မပေးဖြစ်လိုက်တဲ့အတွက် တောင်းပန်အပ်ပါတယ်…ကျွန်တော် စာမေးပွဲ ၃ ရက်နေ့စမှာဖြစ်တဲ့အတွက်ကြောင့်…သူငယ်ချင်းအိမ်မှာ စာလုပ်ကောင်းသွားလုပ်ဖြစ်ပါမယ်..အိမ်မှာရှိခဲ့ရင်တောင် ဖုန်းပြောဖြစ်မှာမဟုတ်ပါဘူး…ဒါကြောင့်ပါ…စာမေးပွဲ ၁၁ ရက်နေ့ပြီးပါမယ်…၁၂ ရက်နေ့မှ စပြီး ကျွန်တော့်ဆီ mail ပို့ဆက်သွယ်ပြီး…blog နဲ့ပတ်သက်တာတွေကို မေးမြန်းပါက ဖြေကြားပေးပါ့မယ်….ဒီနေ့တွင် ကျွန်တော့် name card လေးလုပ်ထားတဲ့…အလောတကြီးလာခဲ့တဲ့အတွက် မပါလာခဲ့ပါဘူး…သတင်းထောက်များ…ကျွန်တော့် blog များအားပေးတဲ့ စာဖတ်ပရိတ်သတ်များအား…ကျွန်တော့်ကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျာ…ကျွန်တော့် Mail ကတော့ saturngod AT gmail.com ပါ…
-
ပွဲမှာပြောတော့ ဒီလောက်မရှည်ဘူးဗျ…Persentation မှာပါတဲ့ ဟာလောက်ပဲပြောဖြစ်တာ..Power Point File က 6 MB လောက်ရှိတဲ့အတွက် ကျွန်တော့်အတွက် upload လုပ်ဖို့မလွယ်လို့မတင်ပေးတော့ပါဘူး..ပြောဖို့ရေးထားတဲ့စာကတော့ အောက်ပါအတိုင်းပါပဲ… ရေးထားတာအရည်ကြီးပဲဗျ… :DNature Of Blog ကျွန်တော် အထိအားဖြင့်ပြောမှာကတော့ blog ရဲ့ သဘောသဘာဝနဲ့ နည်းပညာပိုင်းတွေမှာ ဆက်နွယ်မှုတွေပါပဲ။အမှန်တိုင်းဆိုရင် blog ဆိုတာကလည်း နည်းပညာတစ်ခုပဲ။ blogger တွေကတော့ စာရေးဆရာလည်း ဟုတ်သလို နည်းပညာသမားတွေလည်း မသိမသာဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုရင် ကိုယ့် blogဟာကိုယ့်အိမ်ပဲ ။ ကိုယ့်အိမ်ကို ကိုယ်ပဲ မွမ်းမံရမှာ။ ဒါကြောင့် blogger တွေက web design ပိုင်းကို မသိမသာနဲ့လုပ်ဖြစ်သွားသလို web design ပိုင်းကို ကျွမ်းကျင်တဲ့ blogger တွေကလည်း ကိုယ့်blog…
-
အခုတော့ ကျွန်တော်တို့ WHY DO WE BLOG ဆိုတဲ့ seminer ကြီးအောင်မြင်စွာပြီးသွားပါပြီ။ ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုများပြားစွာ လာရောက် အားပေးနားထောင်ကြပါတာကို တွေ့ရပါတယ်။ ခုံများလိုအပ်၍ ထပ်မံထည့်ရပါတယ်။ ကျွန်တော်တို့တွေ ဒီseminer ကြီးကို ကျင်းပနိုင်ရေးအတွက် ၁ လမတိုင်ခင်ကတည်းက ဆွေးနွေးခဲ့တယ်။ sponser တွေကိုရှာခဲ့ရပါတယ်။ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီးတိုင်ပင်ခဲ့ရပါတယ်။ ဖိတ်စာရိုက်ခြင်း အင်္ကျီပေါ်တွင် sticker ရိုက်ခြင်း စာအုပ်ရိုက်ခြင်း အပြင်အခြားအရာပေါင်း သောင်းပြောင်းထွေလာများပြားစွာလုပ်ခဲ့ရပါတယ်။ တကယ်ကို ကျွန်တော်တို့ organizer တွေအရမ်းကို ပင်ပန်းခဲ့ပါတယ်။ အစည်းအဝေးရှိတိုင်းလာရတဲ့အတွက် ကျွန်တော်ဆို ဆီဖိုး ၊ တက္ကစီဖိုးတွေလည်း ကုန်ခဲ့ပါတယ်။ bus ကားစီးပါလားဆိုတော့ ကိုညီလင်းဆက်ပြောတဲ့အတိုင်းပါပဲ။ လူနံ့ မခံနိုင်လို့ပါ။ ကြာကြာမတပ်မရပ်နိုင်လို့ပါ။ ကျွန်တော့်စာမေးပွဲက ၃ ရက်နေ့ဖြေရပါမယ်။…
-
မြန်မာ ဘလော့ဂါများ ပူးပေါင်းကျင်းပတဲ့ Why do we blog ဆိုတဲ့ Open Seminar ဟောပြောပွဲ အခမ်းအနားကို လာမည့် 01.09.2007 စနေနေ့ ၁၁နာရီကနေ ၄နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဘလော့ဂ် ရေးသားနေကြတဲ့ ကျွမ်းကျင်သူ ပညာရှင် ဘလော့ဂါတွေကိုယ်တိုင် ဟောပြောကြမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ သိစေချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး မီဒီယာ ကန့်သတ်ချက် တော်တော်များများကို ရိုက်ချိုးလိုက်တဲ့ ဘလော့ဂ် ယဉ်ကျေးမှု အကြောင်းနဲ့ အသုံးပြုရ ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်းတွေကို မျှေဝချင်လို့လဲ ဖြစ်ပါတယ်။ အဓိကကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူတိုင်း စိတ်ဝင်တစား…
