iPhone App Market

iPhone Application တစ်ခု စတင်ဖန်တီးပြီဆိုတာနဲ့ သူ့ရဲ့ Market ကိုလည်း လေ့လာဖို့လိုလာပါပြီ။ Application တစ်ခုဖန်တီးရာမှာ အချိန်ရယ် ငွေရယ် ရင်းနှီးမြုပ်နှံ့ထားရပါတယ်။ လူတွေက iPhone, iPhone ဖြစ်နေပြီး Steve ကြီးရဲ့ စကားကို ယုံပြီး Application အတွက် ရင်းနှီးမြုပ်နှံတော့မယ်ဆိုရင် အရင်ဆုံး သူ့ Market ကို လေ့လာကြည့်ရအောင်။

iPhone Application တွေက 5 billions လောက် download ချပြီးပြီလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ 5 billions ထဲမှာ Free Application 70% လောက်ပါနေတယ်ဆိုတာ အံသြစရာမရှိပါဘူး။ ကျန်တဲ့ 30% ကသာ ရောင်းရတယ်လို့ ဆိုရလိမ့်မယ်။ လက်ရှိ App store မှာ active ဖြစ်တဲ့ application ပေါင်း 222,907 ရှိပြီးတော့ Inactive ဖြစ်သွားတော့ Application ပေါင်းကတော့ 38,321 ရှိပါတယ်။ တနည်းပြောရင် Application တိုင်း ပေါက်တာမဟုတ်သလို Application တိုင်း ရောင်းအားကောင်းတာ မဟုတ်ဘူးလို့ ဆိုရလိမ့်မယ်။

နာမည်ကြီး Game ထဲမှာ Rank 1 ရဘူးတဲ့ Angry Bird version ၂ ခုကို ကြည့်ရအောင်။

ဒါကတော့ Free version ရဲ့ Rank ပါ။

ဒါကတော့ free မဟုတ်တဲ့ rank ပါ။

Game တွေဟာ အများအားဖြင့် lite version တွေ ထုတ်ကြပါတယ်။ နောက်ပိုင်း Lite version သုံးတာ လျော့သွားပေမယ့် ရောင်းအားကတော့ ကျသွားတာ မရှိပါဘူး။ ဒါက အောင်မြင်နေတဲ့ Application ပါ။ ပုံမှန် Game တစ်ခုက အဲလို အောင်မြင်ဖို့ရဖို့ အလွန်ခက်ခဲပါတယ်။ အခြား Game တစ်ခုကို ကြည့်ရအောင်

ပုံမှန် App တွေက အများအားဖြင့် အစပိုင်းမှာ Rank ကောင်းနေပေမယ့် နောက်ပိုင်းမှာ ကျဆင်းသွားတာ မဆန်းပါဘူး။ Free ဖြစ်သည် ဖြစ်စေ Paid Application ဖြစ်စေ နောက်ပိုင်း limit တစ်ခုရောက်ရင် ကျသွားတာကို တွေ့ရပါတယ်။

လက်ရှိ အောင်မြင်နေတဲ့ Category တွေကို ကြည့်ရအောင်

1 - Books (39659 active)
2 - Games (32821 active)
3 - Entertainment (25659 active)
4 - Education (17124 active)
5 - Travel (14490 active)

Game မှာတင် 32821 active ဖြစ်နေတာရှိတယ်။ အဲဒီ အထဲမှာ ကိုယ့် rank က ၁ ရစေအုံးတော့ အကျိုးအမြတ်မရရင် အလကားပါပဲ။ ပုံမှန် iPhone Marketing လုပ်ပုံက lite version နဲ့ pro version ၂ မျိုး ရှိတတ်ကြပါတယ်။ Lite version တွေက function အပြည့်မပါတာ သို့မဟုတ် အခန်းတဝက်ပဲ ပါတာတွေမျိုးတွေပါ။ ဥပမာ။။ demo version သဘောမျိုးနဲ့ အတူတူပါပဲ။ Windows မှာ ရက် ၃၀ ပေးလို့ရပေမယ့် iPhone app မှာတော့ အဲလိုပေးလို့မရဘူး။ အဲဒီတော့ lite version လေးတွေ ပေးပြီး စမ်းသုံးခိုင်းတယ်ပေါ့။ ကြိုက်ရင် full version ဝယ်ပေါ့။ Angry bird ပေါက်သွားတယ်ဆိုတာကလည်း lite version ဆော့ရင်း စွဲပြီး full version ပါ ဝယ်ဖြစ်သွားကြတာကြောင့်ပါ။ Chop Chop Ninja ဆိုတဲ့ game လည်း ထိုနည်းအတိုင်းပါပဲ။

iPhone app မှာ တကယ်ရောင်းကောင်းတဲ့ အပိုင်းက Game ပိုင်းပါ။ Game ပိုင်းကို ဝင်ရောက်ဖို့ကလည်း လက်ရှိ Game Development လုပ်နေတဲ့ company တွေကသာ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ကြပါတယ်။ တခြား Application တွေရဲ့ အောင်မြင်မှုနှုန်းက Game Application တွေလောက် အောင်မြင်မှုမရကြပါဘူး။ နောက်တချက်က $0.99 နဲ့ ရောင်းပြီး သန်းနဲ့ချီပြန်ရမယ်လို့ Steve ကြီးက အိမ်မက်တွေ ပေးပေမယ့် ဒါကလူနည်းစု အတွက်ပါပဲ။ ဘာလို့လည်း $0.99 မှာ ကိုယ်က $0.70 ပဲ ပြန်ရမှာပါ။ နောက်တချက်က $99 per year ဆိုတာအပြင် $150 မရမခြင်း သင့် ပိုက်ဆံ ပြန်ထုတ်လို့မရသေးပါဘူး။ Steve ကြီးရဲ့ မမြင်ရတဲ့ ထောင်ချောက်တွေ အများကြီးရှိပါတယ်။ နောက်တချက်က Game Market ထဲဝင်ပြီဆိုပေမယ့် Developer ကို ပေးရတဲ့ဖိုး Graphic Designer ကို ပေးရတဲ့ ရင်းနှီးမြုပ်နှံမှုတွေပါ ပေါင်းထည့်လိုက်ရင် $0.99 ဆိုပေမယ့် ရင်းနှီးမြုပ်နှံမှုက အလွန်များပါတယ်။ နောက်တချက်က ပြိုင်ဘက်ပဲ။ တချို့ Application တွေဟာ ကောင်းပေမယ့် ကိုယ့်ပြိုင်ဘက်က ဈေးကွက်ဖျက်တဲ့အနေနဲ့ အဲလိုမျိုး quality နဲ့ free ပေးတဲ့အခါမျိုးတွေလည်း ကြုံရတာ ရှိပါတယ်။ Free ပေးတယ်ဆိုတာကလည်း အမြဲတန်း free ပေးတာ မဟုတ်ပါဘူး။ အတိုင်းအတာ တစ်ခုအထိ ပေးလိုက်တာပါ။ ဘာလို့ free ပေးရတာလည်းဆိုတော့ Rank လိုချင်လို့။ Rank က ဘာလို့ အရေးပါတာလဲဆိုတော့ Top Chart ထဲမှာ ပါလာအောင်ပါ။ ကိုယ့်ရဲ့ Ranking ကိုမြင့်အောင် user comment တွေရအောင် အတွက် အစပိုင်းမှာ free ပေးပြီး ဈေးကွက်ထဲကို ဝင်ရောက်လာကြပါတယ်။ မြန်မာ Developer အောင်စည်သူကျော်ရေးတဲ့ Pure Turbo Puzzle Match 3 ထက်စာရင် Power Gem က အများကြီးပိုကောင်းပါတယ်။ Graphic ပိုင်းကော idea ပိုင်းကော song အပိုင်းမှာ အများကြီးသာပါတယ်။ သို့ပေမယ့်လည်း ၂ ခုစလုံးဟာ 0.99 ပဲရှိတဲ့အတွက် Power Gem ပိုင်းကို ပိုဝယ်ယူကြတာ မမှားပါဘူး။ iPhone Application တွေမှာ အစပိုင်းအားဖြင့် free version ၁ ပတ်လောက်ပေးပြီး ဈေးကွက် လူသိများလာအောင် ဖန်တီးကြတယ်။ ကိုယ်ရေးထားတဲ့ Program က ဈေးကွက်ထဲရှိနေစေအုံးတော့ ကိုယ့် program က UI ပိုင်းနဲ့အခြား အရာတွေမှာ သာလွန်တယ်ဆိုတာကို လူသိအောင် လုပ်ဖို့အတွက် free ပေးပြီး ဈေးကွက်ထဲကို ဝင်ရစမြဲပါပဲ။

ဈေးကွက်ထဲကို ဝင်တဲ့အခါမှာ Application တစ်ခုတည်းကို အာရုံထားလို့မရဘူးဆိုတာ Developer တိုင်း publisher တိုင်း နားလည် သဘောက်ပေါက်ပြီးသားအရာပါ။ တစ်နှစ်အတွင်းမှာ အနည်းဆုံး ၅ ခုလောက် ထုတ်ထားနိုင်ဖို့လိုတယ်။ ဘာလို့လည်းဆိုတော့ Application ရောင်းအားက Limit ရှိတဲ့အတွက်ကြောင့်ပဲ။ Limit တစ်ခုရောက်ရင် အဲဒီ Application က ရောင်းအားက ရပ်တန့်သွားပါလိမ့်မယ်။ ဒါကြောင့် Invest လုပ်ထားတာတွေကို recovery ဖြစ်ဖို့အတွက် ၁ နှစ်အတွင်းမှာ ၅ ခုလောက် ဖြန့်ထုတ်ထားပြီး အရင်းပြန်ကျေအောင်တော့ Developer တွေ ကြိုးစားပြီး ရေးရပါတယ်။ တစ်ကယ်လို့ တစ်ခုခုကပေါက်သွားရင်တော့ ထောပြီပေါ့ဗျာ။ ဒါပေမယ့် ဒါဟာ ထီထိုးတာ လောင်းကစားလုပ်တာမဟုတ်ပါဘူး။ တစ်ခါတည်း ပွပေါက်တိုးဖို့ဆိုတာထက် Marketing ပိုင်းနဲ့ Management ပိုင်းတွေက အရေးပါလာပါတယ်။
ဆက်ပါအုံးမည်...


 
0 Kudos
Don't
move!
12 Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.