Zawgyi Decode in Android Q ?

ဒီနေ့ Win Mobile က ကိုစိုးနောင်ဝင်း ပြောလို့ Android Q ကို Emulator စမ်းကြည့်ဖြစ်တယ်။ Android Q မှာ ဇော်ဂျီတွေ မြင်နေရတယ် လို့ ဆိုပါတယ်။ Emulator နဲ့ စမ်းကြည့်တော့ 90% လောက် က ဖတ်လို့ရတယ်။ GBoard ကို အသုံးပြုပြီး ဇော်ဂျီ နဲ့ ရေးလို့လည်း ရတယ်။ Zawgyi Decode လိုမျိုး font အသစ်တစ်မျိုး ကို မြန်မာ အတွက် စ စမ်းထားတယ်လို့ ထင်တယ်။ Android Q မှာတော့ language မှာ မြန်မာလို့ ထားလို့ရပြီ။ လက်ရှိ က Samsung သုံးနေတာ ဆိုတော့ original android မှာ မြန်မာ language support လုပ်မလုပ် ကျွန်တော် သေချာမသိပါဘူး။

Android Q မှာတော့ သာမာန် user တစ်ယောက်အတွက် ဇော်ဂျီ unicode ပြဿနာ သေးသွားမယ် ထင်တယ်။ ဇော်ဂျီ နဲ့ ရိုက်ထားတာလည်း unicode သမားတွေ ဖတ်လို့ရတယ်။ unicode နဲ့ ရေးထားတာလည်း ဇော်ဂျီ သမားတွေ ဖတ်လို့ရအောင် အဓိက လုပ်ထားပုံပါပဲ။ နည်းပညာသမား တစ်ယောက် အနေနဲ့ အခြား ကိစ္စတွေ ပြောကောင်း ပြောလို့ရပေမယ့် end user တစ်ယောက် အတွက်ကတော့ တော်တော့်ကို အဆင်ပြေသွားမှာ အမှန်ပါပဲ။

update:: Zawgyi Decode ကို Android Q မှာ သုံးထားပါတယ်။

Download Notosan Zawgyi Decode

Download Mobile Config File for iPhone

2 Comments

  1. MgHla says:

    download link ၂-ခုစလုံး iOS profile ပဲ ဖြစ်နေတယ်

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.