Invalid Bundle For dylib Search Path

Ornagai ကို ဒီတစ်ခေါက် App store ပေါ်ကို Swift 3 ပြောင်းပြီး Xcode 8 နဲ့ တင်တော့

Invalid Bundle – One or more dynamic libraries that are referenced by your app are not present in the dylib search path.

ဆိုပြီး ပြနေတယ်။

နည်းမျိုးစုံ ရှာပြီး စမ်းပေမယ့် မရဘူး။ တချို့တွေကတော့ framework ကျန်ခဲ့လို့ဖြစ်မယ်။ otool -L [filename] နဲ့ စစ်ကြည့်လို့ ပြောတယ်။

@rpath နဲ့ ဖြစ်ရမယ်လို့ ဆိုပေမယ့် စစ်ကြည့်တော့လည်း မူမမှန်တာ မတွေ့ဘူး။

တချို့တွေကတော့ Always Embed Swift Standard Library ကို YES လုပ်ပေးဖို့ လိုတယ်လို့ ဆိုလို့ စမ်းပေမယ့် Apple Watch app က file size ကြီးသွားသည့် အတွက် တင်လို့ မရတော့ဘူး။

အချိန် ၃ ရက်လောက် ကုန်သွားပြီးတော့မှ ပြဿနာရဲ့ အဖြေကို သွားတွေ့တယ်။

Always Embed Swift Standard Library ကို Watch App Target တစ်ခု တည်းပေးရုံပါပဲ။

Always Embed Swift Standard Library ကို

  • MyApp ကို No
  • MyWatchApp ကို YES
  • MyWatchAppExtension ကို NO

လို့ ပေးပြီး upload တင်လိုက်တော့ အဆင်ပြေသွားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.