Note 9

iPhone ကို ပုံမှန် သုံးနေပေမယ့် နိုဝင်ဘာလက စပြီးတော့ Note 9 ကို စသုံးဖြစ်တယ်။ စသုံးကာစကတော့ iOS လောက် သဘောမကျဘူး။ နောက်ပြီးတော့ သုံးနေကျ အတိုင်း mac နဲ့ sync မဖြစ်ဘူး။ နောက်ပြီးတော့ Android အတွက် support ဖြစ်သည့် App တွေပြောင်းသုံးရတယ်။

After Using

အခု ၃ လ လောက်သုံးပြီးတော့ နေသားကျလာပါပြီ။ သဘောကျတာကတော့ ကင်မရာပဲ။ မြင်ကွင်း ပိုကျယ်ပြီး သုံးခဲ့သည့် iPhone ထက်သဘောကျတယ်။ နောက်တချက်က battery power saving mode နဲ့ ဆို တော်တော် ခံတယ်။ 4% လောက်ကျန်တော့တာကို ၈ နာရီလောက် ထပ်ခံအောင် ပြောင်းလို့ရတယ်။ Android နဲ့ iOS က အရင်လောက် app eco system က မကွာဟတော့ဘူးဆိုတာကို သတိထားမိတယ်။ iOS မှာ ရှိရင် Android မှာလဲ ရှိနေပြီ ဆိုတာကို တွေ့လာရတယ်။ သို့ပေမယ့် သုံးနေသည့် Ulysses, Agenda လိုမျိုး iCloud နဲ့ Sync လုပ်ထားတာတွေကတော့ အဆင်မပြေဘူးပေါ့။

iCloud

အဓိကပြဿနာက iCloud ပဲ။ iAWriter ဆိုလည်း ဖတ်ချင်ရင်တောင် အဆင်မပြေဘူး။ အကုန်လုံးက iCloud မှာပဲ သိမ်းထားတယ်။ Twitter default app က သုံးရတာ Tweetbot လောက်မကောင်းဘူး။ iCloud ကြောင့် အချို့ App တွေကို ဖုန်းပေါ်ကနေ သုံးဖို့ကို မေ့လိုက်တယ်။ Note 9 နှင့် အတူ One Drive 100 GB free ရတော့ One Drive ပါ သုံးဖြစ်သွားတယ်။ ဝယ်ထားသည့် Google Drive က လုံးဝကို အဆင်မပြေတာ။ One Drive ကလည်း ထင်သလို ကောင်းတာတော့ မဟုတ်ပါဘူး။ Google Drive ထက်စာရင်တော့ အများကြီး အဆင်ပြေတယ် လို့ ဆိုနိုင်တယ်။

One UI

One UI
One UI

အခုလမှာ One UI update ရတယ်။ မိုက်တယ်။ Screen အကြီးတွေအတွက် သေချာလုပ်ထားတယ်။ ခက်တာက Samsung မှာ ပါသည့် App အတွက်ပဲ ဖြစ်နေတော့ အများကြီး မထူးသွားဘူး။ ဒါပေမယ့် တော်တော်များများတော့ အဆင်ပြေသွားတယ်။ Big Screen တွေ အတွက် အရင်က Apple Developer Conference မှာ ပြောထားသည့် အချက်တော်တော်များများ ကို လိုက်နာထားတယ်။ Tab ကို အောက်မှာ သုံးထားတာ။ Font Side တွေကြီးထားတာ။ View အတွက် အပေါ်ပိုင်းမှာ နေရာယူထားတာတွေ ပါဝင်ပါတယ်။

Android

Android က တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာတယ်။ အစပိုင်းက iOS နဲ့ တူပေမယ့် နောက်ပိုင်းမှာတော့ ကွဲထွက်လာတယ်။ security ပိုင်းမှာလည်း တဖြည်းဖြည်း တင်းကျပ်လာတယ်။ Android 9 မှာဆိုရင် permission တွေ စပြီးပေးရတာ https မှ အလုပ်လုပ်တာ စတာတွေ ပါဝင်လာပါပြီ။ Windows , Linux သုံးနေသည့် သူတွေ အတွက်ကတော့ ပြဿနာ မဟုတ်ပါဘူး။ Mac သုံးနေသည့် သူတွေ အတွက် iPhone လိုမျိုး အဆင်မပြေဘူး။ iPhone , iPad , Mac စသည့် devices တွေက တစ်ခုနဲ့တစ်ခု sync ဖြစ်နေတယ်။ ဥပမာ Copy, Paste အတွက် clipboard လိုမျိုးပေါ့။

Display

နောက်ပိုင်းမှာ Android က camera တွေကောင်းလာတယ် ဆိုတာကို လက်ခံရမှာပဲ။ တော်တော်လေးကို ကောင်းလာတယ်။ Note 9 camera က တော်တော်လေးကို ကောင်းတယ် လို့ဆိုနိုင်တယ်။ Note 9 ရဲ့ Super AMOLED က စိုပြီးလင်းထွက်နေတော့ iPhone ကို ပြန်ကြည့်လိုက်တိုင်း မှောင်နေသလိုပဲ။ LCD နဲ့ Super AMOLED က အတော်ကွာမှန်း သုံးကြည့်မှ သိတယ်။ iPhone X Max မှာတော့ display က တော်တော်လေးကောင်းပါတယ်။ ဈေးနှုန်းကလည်း မတန်မဆပါပဲ။

တောက်လျှောက် Android သုံးနေပေမယ့် နောက်ပိုင်း iPhone အသစ်ထွက်ပြီး ဈေးနှုန်း အဆင်ပြေခဲ့ရင် ပြန်ပြောင်းသုံးဖို့ စဉ်းစားထားတယ်။ iCloud, Ecosystem တွေကြောင့် Android က ကောင်းပေမယ့် အဆင်မပြေသေးဘူး။


 
21 Kudos
Don't
move!
2 Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.