ငါ့ဟာငါ လောင်ကျွမ်းနေတာ…
မင်းတို့ကို အလင်းပေးဖို့မဟုတ်ဘူး…

ငါ့ဟာငါ လင်းထိန်းနေတာ…
မင်းတို့ကို မနက်ဆိုတာ ဖန်တီးဖို့မဟုတ်ဘူး…

ငါ့ဟာငါ ပူလောင်နေတာ…
မင်းတို့အတွက် ပိုးသတ်ဖို့ မဟုတ်ဘူး…

ငါဟာ့ငါ ပူပြင်းနေတာ…
မင်းတို့ အဝတ်လှမ်းဖို့ မဟုတ်ဘူး…

မင်းတို့ငါ့ကို ရှိခိုးစရာ မလိုဘူး…
မင်းတို့ငါ့ကို ဆုတောင်းစရာမလိုဘူး…

ငါဟာ ဘုရားသခင်မဟုတ်ဘူး…
ငါဟာ နတ်မင်းမဟုတ်ဘူး…
ငါဟာ ဖန်တီးရှင်မဟုတ်ဘူး…
ငါဟာ ကျေးဇူးရှင်မဟုတ်ဘူး…

ငါ့ဟာငါ ပူလောင်နေတာပါ…
ငါလုပ်ချင်တာ ငါလုပ်နေတာပါ…

အခုအချိန်မှာ မင်းတို့အတွက် ငါဟာ သူရဲကောင်းပါ…
ငါ့အလင်းရောင်တွေ ကုန်ဆုံးသွားရင်…
ငါဟာ မင်းတို့အတွက် အပြစ်သား…
ငါ့အပူရှိန်တွေ တိုးလာခဲ့ရင်…
ငါဟာ မင်းတို့အတွက် နတ်ဆိုးတစ်ပါး…

မင်းတို့ကို မင်းတို့ အပြစ်မတင်ဘူး…
တချိန်က ငါ့ကို အဲဒီအချိန်မှာ မေ့သွားမှာပါ…
အပြစ်များစွာနဲ့ ငါ့ကို ပြောနေကြမယ်…

ငါ့ဟာငါနေတာပါကွာ…
မင်းတို့ ကျေးဇူးတင်ဖို့မလိုဘူး..
မင်းတို့ အပြစ်တင်ဖို့မလိုဘူး…
ငါဟာ နတ်မင်းမဟုတ်ဘူး..
ငါဟာ သူရဲကောင်းမဟုတ်ဘူး..
ငါဟာ နတ်ဆိုးမဟုတ်ဘူး..
ငါဟာ အပြစ်သားမဟုတ်ဘူး..
ငါ့ဟာငါ ရှိနေတာပါ…

ငါ့ကို သဘာဝမိခင်က မွေးဖွားတယ်..
ငါ့ကို သဘာဝမိခင်ကပဲ တနေ့ပြန်ခေါ်မယ်…
ဖြစ်ပျက်သဘောတရား ရှောင်လွှဲမရဘူး…

ငါ့ကို အပြစ်မတင်ပါနဲ့….
မင်းတို့ ကိုယ့်ကို ပြန်ကြည့်လှည့်ပါကွာ…
ငါ့အလုပ်ငါ လုပ်နေတာပါကွာ…
မင်းတို့အကျိုးအတွက် တစ်ခုမှ ငါမရည်ရွယ်ဘူး…
ကောင်းကျိုးလည်း မရည်ရွယ်ဘူး..
ဆိုးကျိုးလည်း မရည်ရွယ်ဘူး..
ငါ့အပူနဲ့ ငါပါကွာ..
ဒါလေးကိုတော့ နားလည်ပါ…

FB မှ status တစ်ခုကို အခြေခံကာ ပြန်လည်ရေးသားသည်။ ဘယ်သူ့ status လည်းတော့ မသိပါ။ ရှာမတွေ့တော့လို့ပါ။ ပြန်ရှာပါသေးသည်။

2 responses to “ငါ့ဟာငါ”

  1. ဘယ်တုန်းကတည်းက ရေးထားတာလည်းတော့ သိဘူးဗျာ.. ခုမှ ဖတ်ရတယ်… ဒါလေးကို ကြိုက်တယ်……:-)

  2. Thein Htike Aung Avatar
    Thein Htike Aung

    LIKE THIS :)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading