ဘာမှန်းမသိတဲ့ Topic တစ်ခု

အရင်တုန်းကတော့ AJAX ဆိုတာ ခက်ခဲတယ်… နောက်ပြီး GUI friend ဖြစ်တယ်လို့မထင်မိဘူး… ထင်လည်းထင်စရာပဲလေ… ရန်ကုန်က speed နဲ့ဆို သုံးနေရင်းတန်းလန်း မတက်လာတော့ဘူးလေ… နောက်ပြီး loading တွေကလည်း ကြာတယ်ပေါ့…. အခုအချိန်ရောက်တော့လည်း AJAX မပါရင် web လိုမမြင်တော့ဘူး… Sub Menu တွေပါလာရင် AJAX နဲ့ဆို ပိုကောင်းတာပေ့ါ…. ဒီလို Link ကြီးက ဘာဖြစ်တယ်.. ညာဖြစ်တယ်..ဆိုပြီး မြင်လာပါလေရော… နောက်ပြီး Side Bar တွေဆို AJAX မပါပဲ widget တွေ module တွေဆို ပိန်းလွန်းတယ်လို့ထင်တယ်… Joomla က module ပိုင်း ပိန်းတယ်ဆိုတာ အဲဒါပဲ… AJAX မသုံးပဲ ပုံမှန် Left လား Right လား Top လား… ရွေးနေရတယ်.. အဲဒါ အချိန်ကြာတာပေါ့.. Joomla က module ပိုင်းကို WordPress 2.5 ရဲ့ side bar ထည့်တာကို အတုယူသင့်တယ်…

အခုတော်တော်များများ နာမည်ကြီး site တွေက AJAX ကိုမဖြစ်မနေသုံးနေကြပြီ… အချို့ နာမည်ကြီး web project တွေလည်း AJAX ကို ထည့်သွင်းလာပြီ… ကျွန်တော်တို့တွေဟာ ပိုပြီး အဆင့်မြင့်လာတဲ့ project တွေအတွက်တော့ အဆင့်မြင့်တဲ့ Internet Connection တော့လိုတာပေါ့.. သူများနိုင်ငံမှာ Joomla ကို ဖြတ်ခနဲ… ဖြတ်ခနဲ လုပ်နေချိန်မှာ ကျွန်တော်တို့မှာတော့ ငုတ်တုတ်ထိုင်စောင့်ပြီး တအိအိနဲ့ လုပ်နေရတယ်..

ကျွန်တော် အခုရောက်ခဲ့တဲ့ AIT မှာ connection ဒီလောက်မြန်တာ အစမ်းမဟုတ်သလို… wireless ဆိုတာလည်း ထူးဆန်းတဲ့ နည်းပညာမဟုတ်ဘူးဗျ… ဒီမှာတော့ where and what is wireless ဆိုတာမျိုးဖြစ်နေပြီ…. တခြားနိုင်ငံတွေမှာ ဒီက J’Dounut လိုမျိုး ဆိုင်တွေမှာ Internet ကို wireless နဲ့သုံးလို့ရနေပြီ… ဆိုင်မှာထိုင်ရင်း ကိုယ့် Laptop လေးနဲ့ wireless နဲ့သုံးလို့ရနေပြီလေ… စကာင်္ပူမှာဆို နေရာတိုင်းမှာ internet ကို wireless နဲ့ရနေပြီတဲ့… မြန်မာနိုင်ငံမှာကော… MICT Park ထဲမှာ မပြောနဲ့ MICT Park ထဲက အဆောင် တစ်ဆောင်မှာတောင် wireless နဲ့ မရသလိုပဲ… ကိုယ့်ရုံးခန်းလေးမှာ ရအောင်လုပ်ထားတာလေးတွေတော့ ရှိရင် ရှိမှာပေါ့လေ..

ကျွန်တော်တို့နိုင်ငံဟာ နည်းပညာတွေ internet ပေါ်ကနေ လိုက်မှီတယ်ပဲပြောပြော wireless ပိုင်းနဲ့ connection နှေးကွေးမှုဟာ တိုးတက်မှုကို တော်တော်နှောင့်နှေးစေတာ အမှန်ပဲ….

ကျွန်တော်ဖြစ်စေချင်တာကတော့
၁. Internet Connection ကောင်းမွန်လာစေချင်တယ်။
လွတ်လပ်စွာ သုံးခွင့်မရလဲ လျှင်မြန်စွာ သုံးခွင့်ရချင်တယ်။
CD ၁ ချပ်ကို နာရီဝက်လောက်နဲ့ download ဆွဲချချင်တယ်။
၂. Wireless နည်းပညာပိုင်းမှာ တိုးတက်စေချင်တယ်။
၃. နေရာတိုင်းမှာ wireless နဲ့ internet ရစေချင်တယ်။

အဲဒီအချက်လေးတွေရရင်တောင် မဆိုးဘူး။ အဲဒါလေးတွေရရင် တိုင်းပြည်မှာ နည်းပညာပိုင်း တိုးတက်လာဖို့ အလားအလာတွေရှိတယ်လို့ထင်ပါတယ်။ မြန်မာတွေက တခြားနိုင်ငံထက် တော်တယ်။ အဲဒါကလက်ခံတယ်။ ခက်တာက ပျင်းတယ်။ နောက်ပြီး supporting ပိုင်းတွေ မလုပ်ချင်ဘူး။ နောက်ပြီး ရေရေရာရာ ဆုံးဖြတ်ချက်တွေ မရှိဘူး။ ပြောရင်တော့ အများကြီးပါ။ ကျွန်တော် ဖြစ်ချင်တဲ့ ၃ချက်လေး မြန်မြန်ဖြစ်လာပါစေလို့ဆိုတောင်းလျက်….

5 responses to “ဘာမှန်းမသိတဲ့ Topic တစ်ခု”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading