Dolby Sound Room

saturngod dlobyအရင်တုန်းကတော့ Dolby Sound Room ဆိုတာ ရုပ်ရှင်ရုံထဲကလိုပဲပေါ့… မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေကလည်း အသံပိုင်းကောင်းပါတယ်.. ဒါပေမယ့် ကျွန်တော့်အတွက် မထူးသလိုပဲ… Dolby Sound Room ဆိုတာ ကျွန်တော်က အသံပိုင်းနည်းနည်းကောင်းလာမယ်… နောက်ပြီး Surround Speakers နဲ့မှ ကောင်းမယ်… သိပ်မပြီး မထူးခြားတဲ့ အရာလို့ထင်မှတ်ထားခဲ့တယ်…. ကျွန်တော်က အသံပိုင်းဆိုင်ရာမသိတာကြောင့်လည်း ပါမှာပေါ့.. သီချင်းနားထောင်ရုံလောက်ပဲလေ… အခုတော့ laptop မှာပါလာတဲ့ Dolby Sound Room ဆိုတာက နားထောင်မိလိုက်တော့ အံ့သြမှင်သက်မိသွားတယ်… ကျွန်တော် နားကြပ်နဲ့ နားထောင်နေကြပေမယ့် အခုတော့ နားကြပ်နဲ့တောင် သီချင်းနားမထောင်ချင်တော့ဘူး… တော်တော်ကောင်းတယ်ဗျ… ဘယ်လိုရှင်းပြရမလဲတော့မသိဘူး… Dolby Sound Room ဆိုတဲ့အတိုင်း ကျွန်တော့် နား နားမှာ speaker လေးဖွင့်ထားသလိုပဲ… နားကြပ်လိုလည်း ကြပ်မနေဘူး… အသံလေးကလည်း တော်တော်လေး ကြည်သွားတယ်…. အခုမှပဲ Dolby ဆိုတာကို နားထောင်ဘူးတော့တယ်… အခုတောင် စဉ်းစားနေမိတယ်… အိမ်မှာ Dolby Sound Room ပါတဲ့ speaker တပ်ရင်ကောင်းမလားလို့… DVD ရုပ်ရှင်တွေမှာပါတဲ့ အသံပိုင်းဆိုင်ရာကို အပြည့်အဝ မခံစားရသေးဘူး… အမှန်တိုင်းပြောရင် ရုံမှာ ကြည့်တာ sound quality ကောင်းပေမယ့်… Video Quaily ကိုတော့ အိမ်က TV နဲ့ ကြည့်ရတာ ပိုသဘောကျတယ်… DVD 9 တွေဆို လုံးဝ ကြည်လင်ပြီး အရောင်လေးတွေ တောက်ပတယ်… စိုတယ်… ဒါပေမယ့် အိမ်မှာက အသံပိုင်းဆိုင်ရာ အားနည်းတယ်.. အဲ… လုံးဝမရှိဘူး… အခုတောင် computer မှာနားထောင်ပြီး တော်တော်လေးကို သဘောကျမိတာအမှန်ပဲ… ပိုက်ဆံတတ်နိုင်ရင် အိမ်မှာ Dolby Sound Room support လုပ်တဲ့ speaker လေးပြောင်းတပ်ရမယ်.. နောက်ဆုံးတော့လည်း… အော်… ပိုက်ပိုက်….ပိုက်ပိုက်….

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading