စေတန်နတ်ဆိုး

လူတွေကပြောတယ်..
စေတန်ဆိုတာ နတ်ဆိုးတဲ့…
သူဘာကြောင့်ဆိုးလဲ…
လူတွေမေးကြည့်ဘူးလား…
လူတွေ လေ့လာဘူးလား…

တစ်ခါတစ်လေ…
လူတွေဖိအားကြောင့်…
လူတွေက ဆိုးလာကြတယ်…
အရောင်ပြောင်းလာကြတယ်..
ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေလုပ်လာတယ်..

မူရင်းဘဝပျောက်ဆုံးပြီး…
cover အပြည့်နဲ့ ဘဝကြီးကိုဖန်တီးလာတယ်..
လူဆိုးတွေက တဖြည်းဖြည်းဆိုးလာကြတယ်…
လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်..

သူမှန်တယ်.. ငါမှန်တယ်နဲ့…
ရှုံးနိမ့်သူက လူဆိုးပဲ…
သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့တာ…
ဇူးနတ်မင်းကြီး ရေးခဲ့လို့ စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်…
သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ…

သူငယ်ချင်းတစ်ယောက်ပြောတယ်…
ပြိုင်ငြင်းမနေနဲ့…
ဘယ်သူမှန်တယ်ဆိုတာထက်..
ဘယ်သူနိုင်တယ်ဆိုတာကိုကြည့်…
နိုင်တဲ့လူက မှန်တာပဲ…
နိုင်တဲ့လူထဲမှာ သမိုင်းပဲ…

အမှန်တရား… စာနာနားလည်ချင်း…
ဝါးဟားဟားနဲ့ ရယ်လိုက်ချင်တယ်…
ကိုယ့်အမြင်တစ်ခုနဲ့ ရပ်တည်နေတာလား..
ကိုယ့်အမြင်ကသာ အမှန်တရား..
အင်အားတောင့်သူကသာ အမှန်တရား..

မင်းမှန်လား…
ငါမှန်လား…
နိုင်သူကသာ အမှန်ပဲ…
ဒါကို ဇူးနတ်မင်းကြီး သင်ပေးခဲ့တယ်…

ဇူးနတ်မင်းကြီး…
အင်အားကြီးမား…
စေတန်နတ်ဘုရား…
ဝေးရာထွက်သား…
အိုလံပစ်တောင်….
ဇူးပိုင်စေသား….
ဇူးနတ်လက်ထက်…
စေတန်နတ်ဆိုး…
TITAN အမည်ပျောက်…
ကိုးကွယ်သူမဲ့…
စွမ်းလှပေတယ်…
ဇူးနတ်ဘုရားရယ်…

သားတော်များစွာ…
ရှိလှပေတဲ့…
ဇူးနတ်ဘုရား…
သူ့နောက်လက်ထက်…
အမည်ပျောက်ပါတကား…

ပွေလှပေမယ့်…
လူတိုင်းကိုးကွယ်…
ဇူးနတ်ဘုရားကို…
အံသြလှတယ်….

ပိုစိုင်းဒါန်းလည်း…
အိုလံပစ်မှာ မနေရရှာ…
ပင်လယ်ထဲဆင်း…
ငါဘုရင်လို့…
ဟစ်ကျွေးခဲ့တယ်..

ဟေးဒီနတ်မင်း…
အပူအပင်….
ငရဲပြည်သို့…
ဆင်းသက်လေကာ…
ဘုရင်လုပ်တယ်…

အိုလံပစ်တောင်ဝယ်…
ဇူးမိသားစု…
များလှပေတယ်…
ဆွေမျိုးတွေမပါ…
သားသမီးတင်ပဲ…
ပြည့်နေလှတယ်…

စေတန်နတ်မင်း…
Rome လည်းရောက်
သတင်းလည်းပျောက်…
ဘယ်ဘဝရောက်ရှာ…
မသိရပေရှာ…

ဘဝတစ်သက်…
စေတန့်အမှား…
သူ့မွေးရင်းသားများ
သူပြန်မျိုခဲ့…
အာဏာမက်လို့ပေါ့…

လူထုအပေါ်ကောင်းခဲ့ပေတယ်…
စိုက်ပျိုးခြင်းတွေ ထွန်းကားခဲ့တယ်…
လူထုဆီက နောက်ဆုံးရလဒ်…
နတ်ဆိုးကြီးတဲ့…
စားနေတဲ့ ဆန်စပါး….
ကျေးဇူးမျှ မထောက်…
အော်….
နတ်ဆိုးဘဝ တကယ်ပြောင်းသင့်တယ်…
စေတန်…

စေတန့်အမှား စေတန်သိလို့…
ပြင်ကောင်းပြင်ခဲ့…
ဒါပေမယ့် လူမသိတော့…
ဇူးနတ်သည်သာ တန်ခိုးကြီးဆုံး…
အိုလံပစ်တောင် သခင်ဖြစ်ပေတည်း….

8 Comments

  1. exiter says:

    ချစ်စရာ့နတ်ဆိုးကြီးပါလားဝေ့ အဟေးဟေး :D

  2. tweetycoaser says:

    နတ်ဆိုးကလဲ ငိုလိုက်တာ….

    1. saturngod says:

      နတ်ဆိုးလည်း နှလုံးသားနဲ့ပါ.. :D

  3. စေတန် နတ်ဆိုး ကဗျာကို ဖတ်သွားတယ်။ bible မှာတော့ ဆာတန်(မိုးသောက်ကြယ်)လို့ ခေါ်တယ် ထင်တာပဲ။ ကျွန်တော်က စေတန်ကို စေတန်ဂြိုဟ်လို့ ထင်နေတာ။ :D
    ရေးဖွဲ့ထားတာ အနှစ်သာရ ရှိပါ့

  4. earthsunman says:

    စေတန် ကို တွေ.ရင် မမေ.ပါဘူးလို.ပြောလိုက်မယ်။

  5. YYK says:

    ဟုတ်တယ်။ နိုင်တဲ့သူတွေက သမိုင်းရေးခဲ့ကြတယ်။ လူဆိုတာ ကိုယ်သာမှန်တယ်လို့ ထင်ကြတာဘဲ။ သူတို့သိသိသာသာ မှားခဲ့တယ်ဆိုရင်တောင် သူတို့ စိတ်မကောင်းကြောင်း ဝမ်းနည်းကြောင်း လူသိရှင်ကြားချဲ့ထွင်ပြောကြတော့ သူတို့က စိတ်ထားကောင်းတဲ့သူလို့ နာမည်တွင်ကျန်ရစ်တယ်။ ရှုံးနိမ့်သူမှာတော့ သူတို့ရဲ့ အမှားတွေသာ ရာဇဝင်ထဲမှာ ကျန်ရစ်တယ်။ သူတို့ရဲ့စိတ်ရင်းကို ပြသခွင့်မရှိခဲ့ကြဘူး။ အဲဒါကြောင့် သမိုင်းမှာ အောင်နိုင်သူက တရားမျှတသူဖြစ်ပြီး ရှုံးနိမ့်သူက တရားမဲ့တဲ့သူဖြစ်ရတယ်။

    ……… hee… just a funny. :) ………………….

  6. Dipa says:

    စေတန်တွန်းပို့တာက အားလုံထက် ပိုမြန်တယ်။ လက်တွေ့

  7. Dim(HD) says:

    စေတန်ဟာ တိုင်တန်အမျိုးနွယ်လား
    ဇုစ်အဖေလား

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.