2021

ဒီတစ်လော စာတွေ မရေးနိုင်သလို ပြဿနာတွေ လည်း အတော်များတယ်။ Feb လ က coup က စလိုက်သည့် ပြဿနာက လုပ်ငန်းတွေကို တော်တော်လေးကို ဆိုးဆိုးရွားရွားထိခိုက်ကုန်တယ်။ ကိုယ့်ပိုက်ဆံ နဲ့ လခ ပေးဖို့ မစိုက်နိုင်တော့ အခြေအနေ ထိ ဖြစ်သွားခဲ့တယ်။ အရင်တုန်းက လခ ၃ လ စာ လောက် ကို ချေးငှားပြီး လည်ပတ်လို့ ရပေမယ့် အခု အချိန်မှာ ချေးငှားဖို့လည်း မလွယ် သလို ရှေ့ဆက်ဖို့ကလည်း တော်တော်ခက်ခဲသည့် အခြေအနေပဲ။ Feb လ ကနေ တောက်လျောက် တောင့်ခံ ပြီး လည်ပတ်ဖို့ လုပ်ခဲ့ပေမယ့် Covid ဖြစ်ပြီး အချိန်မှာတော့ လက်လျော့လိုက်တယ်။ လိုအပ်သည့် လူ နဲ့ ရှိသည့် project တွေပဲ ဆက်ဖြစ်တော့တယ်။ လူတိုင်း အတော်လေးကို ခက်ခဲမယ့် နေ့ရက်တွေပါပဲ။ လက်ရှိ အခြေအနေ က client အခြေပြု လုပ်ငန်းတွေ က တော်တော်လေး ထိ တယ်။ စီးပွားရေးဆိုတာ လူတိုင်း လက်ထဲမှာ ပိုက်ဆံ ပေါနေမှ ဖြစ်မှာ။ အရင်ကတည်းက Local အတွက် နဲ့ local ကိုပဲ target ထားခဲ့သည့် အတွက် ဒီတစ်ခေါက် တော်တော်ထိသွားတယ်။

ပြဿနာတွေ က လာပြီ ဆိုရင် တစ်ခုတည်း မလာတတ်ဘူး။ အပေါင်းအဖော်နဲ့ ပဲ​လာတယ်။

July မှာ Covid နဲ့ တစ်မိသားစုလုံး နေမကောင်းဖြစ်ကုန်တာနဲ့ စီးပွားရေး ပြဿနာ ၊ Covid ပြဿနာ ပေါင်းမြောက်မြားစွာနဲ့ တော်တော်လေးထိခိုက်သည့် လ ပဲ။​ Covid ဖြစ်သည့် မိသားစုတွေ သူငယ်ချင်းတွေ ဝန်ထမ်းတွေ အကုန်ကျော်ဖြတ်နိုင်ခဲ့တာပဲ​ တော်သေးတယ်။ July က တစ်လ လုံး အလုပ်မလုပ်ခဲ့သည့် အလုပ်အကြွေးတွေ Aug မှာ ပုံကျလာသည့် အတွက် အတော့်ကို ပင်ပန်းတယ်။

Aug လ မှာ Programming Basic Batch 1 ကို သင်ဖြစ်တယ်။ သင်ရတာ အားမရဘူး။ Online ဖြစ်နေတော့ သင်ရတာ ပိုခက်တယ်။ Interactive မဖြစ်သလို ခံစားရတယ်။​ အခု Batch 2 ကိုတော့ အဆင်ပြေအောင် ထပ်ကြိုးစားပါမယ်။ Batch 2 ကို တက်မယ် ဆိုရင် https://forms.office.com/r/KJPZBSw1c3 မှာ စာရင်း သွင်းနိုင်ပါတယ်။ Sat,Sun တစ်ပတ် ၂ ရက် တနေ့ ၁ နာရီ သင်မှာပါ။