Bitcoin လိုတိုရှင်း By Ko Ei Maung

bitcoin - eimaung

Book4u ကနေပဲ ကိုအိမောင် ရဲ့ စာအုပ်ကို ဝယ်ဖတ်ဖြစ်တယ်။ ၁ ရက်ထဲနဲ့ ဖတ်လို့ပြီးသွားတယ်။ ပါးပါးလေးနဲ့ နာမည်နဲ့ လိုက်အောင် လိုတိုရှင်းပဲ။ နည်းပညာ သမား အနေနဲ့ Bitcoin ကို စိတ်မဝင်ရင်တောင် block chain နဲ့ distributed ledger တွေကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Cryto ဆိုရင် hashing , encrypting စတာတွေကို သိဖို့ လိုလာပါပြီ။ hashing ဆိုတာ ဘာ encrypting ဆိုတာဘာ စတာတွေကိုလည်း ရှင်းပြထားသည့် အတွက် junior developer တွေ အနေနဲ့ ဖတ်ထားသင့်တယ်။ နောက်ပိုင်းမှာ လိုအပ်လာလိမ့်မယ်။

Bitcoin လိုတိုရှင်း ကတော့ bitcoin ဆိုတာဘာလဲ ဆိုတာကို သဘောပေါက်စေလိမ့်မယ်။ နည်းပညာ သမား တစ်ယောက် ဆိုရင်တော့ ဝယ်ဖတ်ထားပါ။ အကုန်လုံးက ကိုယ့်အတွက် အခုအချိန်မှာ အသုံးမဝင် ပေမယ့် နောက်ဆိုရင် အသုံးဝင်လာပါလိမ့်မယ်။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading