Android Studio မှာ code တွေများလာရင် နှေးနှေးလာတာတော့ ကြာပြီ။ Project အကြီးကြီး တစ်ခုကို ဖွင့်တော့ လုံးဝ ကို နှေးကြသွားတယ်။ ကျွန်တော့် စက်လောက် perofrmance မကောင်းသည့် laptop မှာတောင် အဲဒီ project က အလုပ်လုပ်ပေမယ့် ကျွန်တော့် ဆီမှာ တော်တော်နှေးနေတော့ ဘာဖြစ်လို့ လည်း ဆိုပြီး ရှာကြည့်တော့မှ Fira code ဖြစ်နေတယ်။

Fira Code ဆိုတာက Monospaced font with programming ligatures ပါ။ အောက်ကလို မြင်ရပါလိမ့်မယ်။ != ဆိုရင် =/= ပုံစံလေး နဲ့ ပြပေးပါတယ်။ တနည်းပြောရင် unicode font တွေလို rendering ပါတာပေါ့။

အဲဒီ rendering က အဓိက ပြဿနာပါ။ Code တွေက များလာလေလေ rendering က လုပ်ရလေလေ နှေးလာလေလေ ဖြစ်နေတာပါ။

Fira Code က နေ Menlo ပြန်ပြောင်းလိုက်တော့ ပြန်အဆင်ပြေသွားတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading