I can’t understand MCF

ကျွန်တော်လည်း ဘိုဘို ကြိုက်ပါတယ်။ ဒါပေမယ့် website of the year ကို http://bobo.6te.net/ ကိုပေးလိုက်တာတော့ လုံးဝ လုံးဝ နားမလည်ဘူး။ MCF က လူတွေ website of the year ကို ဘာအချက်နဲ့ရွေးချယ်လိုက်တာလဲ။ နောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်မကြည့်ဘူးလား။ ဒါမှမဟုတ် ဂျာနယ်တွေ ကြော်ငြာတွေပါတဲ့ အထဲကပဲရွေးတာလား။ သူ့ထက်စာရင် myanmardaily.net က ရသင့်တယ်လို့ထင်တယ်။ ဘာကြောင့် ဘိုဘို မရသင့်တာလဲဆိုတော့

၁။ No CMS or Blog

CMS သုံးထားတာ မဟုတ်သလို Blog engine သုံးထားတာလည်းမဟုတ်ပြန်ဘူး။ နောက်ပြီး PHP , ASP.NET စတာတွေနဲ့ရေးထားတာမဟုတ်တဲ့အပြင် လုံးဝ static html ကြီးပါ။ နောက်တချက် ဘယ်သူမှ မသုံးတော့တဲ့ htm extension ကြီးကို သုံးထားသေးတယ်။

၂။ Using Free Hosting

Website of the Year က အနည်းဆုံးတော့ ခန့်ခန့်ထည်ထည်နဲ့ဟာခနဲ့ တော့ ဖြစ်သင့်တယ်ပေါ့။ အခုတော့ ကြည့်ပါအုံး free hosting ကြီးမှာ သုံးထားတယ်။ အိုကေ free hosting က ပြဿနာမဟုတ်ဘူးလို့ ငြင်းချင်ငြင်းလို့ရတယ်။ free hosting သုံးထားနိုင်တယ်ဆိုကတည်းက bandwidth က သိပ်မကုန်လို့ပေါ့။ တနည်းပြောရင် လူလာနည်းလို့ပေါ့။ တနေ့ကို ၅၀၀ တောင် မလာတဲ့ site က website of the year ဆိုတော့။ အင်း… စဉ်းစားစရာပဲ။

၃။ Using Subdomain

Website of the Year လည်းပြောသေးတယ်။ သုံးထားတာက subdomain။ free hosting ကပေးထားတဲ့ domain ကြီးသုံးထားတယ်။ လုံးဝ ခန့်ထည်မှုမရှိဘူး။


၄။ NO SEO, no meta for keyword

SEO တစ်ခုမှ မသုံးထားဘူး။ ဒါဟာ ဆိုးရွားလှတဲ့ အချက်ပဲ။ Google ကနေ ပဲ ဖြစ်ဖြစ် ဘယ် search engine ကမဆို ဘိုဘို ပဲဖြစ်ဖြစ် bobo ပဲဖြစ်ဖြစ် ရှာ။ မတွေ့စေရဘူး။ အာမခံတယ်။ တွေ့တယ်ဆိုရင်လည်း သူ့ link ကနေ တိုက်ရိုက် တွေ့တာမဟုတ်ဘူး။ Ranking ကလည်း အောက်ဆုံးရောက်နေမှာပဲ။


၅။ Colorful web design

Website of the Year ရဲ့ web design ကို ကြည့်ပါ။ လုံးဝ စုတ်ချာနေတယ်။ သေချာတယ်။ web site ဆွဲတဲ့သူက web design တွေနဲ့ ပတ်သက်တဲ့ စာမဖတ်ဖူး သလို သိလည်း သိမှာမဟုတ်ဘူး။ သိခဲ့ရင် ဒီလို စာဖတ်ရခက်တဲ့ ပုံစံမျိုး သုံးမှာမဟုတ်မှာ သေချာတယ်။ http://bobo.6te.net/bobovcd/bobovcd.html အဲဒီ page ကို ကြည့်ပါ။ ဘယ်လောက် ဆိုးရွားလိုက်လဲ။ ကြာကြာမကြည့်နိုင်လို့ချက်ခြင်း ပိတ်လိုက်ရတယ်။

၆။ So messy

Home Page တစ်ခုလုံး ရှုပ်ပွနေတယ်။ ဘယ်ကိုသွားလို့ သွားရမှန်းမသိအောင် ရှုပ်နေတယ်။ grid layout လည်း မသုံးထားဘူး။ သိမယ်လို့လည်း မထင်ဘူး။ http://tapbots.com/ အဲဒီ page လေးနဲ့ ဖြစ်ဖြစ်  http://www.bradcolbow.com/ နဲ့ ဖြစ်ဖြစ် ယှဉ်ကြည့်သင့်တယ်။

၇။ No Register page for Fans

ဘယ်လောက်ဆိုးရွားလဲ http://bobo.6te.net/funclub/f1.htm မှာ cbox ထဲမှာ လာရေးခိုင်းတယ်။ cbox က အများကြီး မဆန့်ဘူး။ အရင်က ရိုက်ထားတာတွေ ပျောက်သွားနိုင်တယ်။ ကလေးတွေပဲဆိုတော့ cbox လောက်ပဲ ထားလိုက်တာလား မသိပါဘူး။ အနည်းဆုံးတော့ facebook fan page လောက်လုပ်ပြီး ကလေးတွေကို fans ဖြစ်တယ်ဆိုတာ ဘာလဲသိအောင် အခြား fans တွေနဲ့လည်း သိအောင် ဆောင်ရွက်ပေးထားသင့်တယ်။ သို့သော် လုံးဝ plain page ကြီး။ နောက်ပြီး လိပ်စာတွေ နာမည် အတိအကျတွေ ဖော်ပြထားတယ်။ Privacy ကို ချိုးဖောက်ထားတယ်။ ဒါဟာ Privacy ချိုးဖောက်ခြင်းပဲ။ Internet ပေါ်မှာ အဲလို မလုပ်သင့်ဘူးဆိုတာ မသိဘူးလား။

၈။ usability

Page တစ်ခုရောက်ပြီးရင် အရင် page ကို ဘယ်လို ပြန်သွားရမှန်းမသိတော့ဘူး။ back နဲ့ ပြန်သွားနေရတယ်။ page တစ်ခုရောက်ရင် အခြား page တွေကိုလည်း ကူးပြောင်းလို့မရ။ Web Designer အနေနဲ့ ကိုအိမောင် ရဲ့ ဒီ page ကို ဖတ်ကြည့်သင့်တယ်။

၉။ Liar

http://bobo.6te.net/dactionary/dactionaryebook.swf အဲဒီ page မှာ ကောင်းကင် ဆိုတဲ့ စာလုံးအတွက် ကောင်းကို နှိပ်ပြီး ရှာနိုင်တယ်ဆိုပြီး ကောင်းလည်း နှိပ်လိုက်ရော ကောင်းကင် ဆိုတဲ့ စာလုံးက မပါပါ။ ဘာလို့ ဝင်ဝင်ခြင်းမှာ ညာထားတာလဲ။

၁၀။ again

http://bobo.6te.net/cartoon/cartoon.htm မှာ 404 error ပဲရှိတယ်။ ဘာလို့ကူးယူရန် ဆိုတဲ့ button ထည့်ထားသေးတာလဲ။ မပေးဘူးဆိုရင်လည်း ဖြုတ်ထားလိုက်ပေါ့။


၁၁။ Why not use Forum ?

http://bobo.6te.net/remark/lknanswer.htm အဲလို အမေးအဖြေမှာ ဘာလို့ forum မသုံးတာလဲ။ Guest account နဲ့ဝင်ပြီး post တင်လို့ရတဲ့ permission ပေးလည်းရပါတယ်။ cbox က အများကြီးမဆန့်ဘူးဆိုတာ မသိဘူးလား။ အရမ်းများသွားရင် အဟောင်းတွေ ပျောက်သွားလိမ့်မယ်။

ကျွန်တော် ဘိုဘို site ကို website of the year ရသွားတာ မနာလိုလို့ပြောနေတာမဟုတ်ပါဘူး။ ဘိုဘို site ဒီအတိုင်းဆိုရင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် MCPA က ဘာလို့website of the year ရွေးလိုက်ရတာလဲ။ သူ့ထက်စာရင် http://www.969toons.com က ပိုကောင်းသလို လူဝင်လည်း ပိုများတယ်။

ဆုရွေးချယ်ရာတွင် နယ်ပယ်အသီးသီးမှ အများလေးစားသော ပညာရှင်၊ လုပ်ငန်းရှင် ပုဂ္ဂိုလ်များ ပါဝင်သော အကဲဖြတ်အဖွဲ့များဖြင့် စီစစ်ရွေးချယ်သွားပါမည်။ ထိုသို့ စီစစ် ရွေးချယ်ရာတွင်လည်း ရွေးချယ်မည့် စည်းမျဉ်းများကို ကြိုတင်ကြေငြာပြီး၊ တိကျရှင်းလင်း သော၊ တရားမျှတသော ရွေးချယ်စီစစ်ပုံဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားပါမည်။

အချို့ဆုများကို အကဲဖြတ်အဖွဲ့ဝင်များဖြင့် ရွေးချယ်မည် ဖြစ်ပြီး၊ အချို့သောဆုများကိုမူ အများ ပြည်သူနှင့် ကွန်ပျူတာလောကသား၏ အဆိုပြုမှုများကို အဓိကထားရွေးချယ် သွားပါမည် ။

အဲဒါက ဒီမှာ ရေးထားတာပါ။ ဘာစဉ်းမျဉ်းနဲ့ရွေးချယ်လိုက်တာလဲ။ ဘာကြောင့် ရွေးချယ်လိုက်တာလဲ။ နောက်ပြီး အခြားသူတွေရဲ့ အဆိုပြုချက်က ဘယ်မှာလဲ။ voting result က ဘယ်မှာပြထားလဲ။ အခြား ဆုတွေကတော့ ထားလိုက်ပါ။ ကိုရဲမြတ်သူရတဲ့ ဆုကလည်း ရထိုက်ပါတယ်။ ဒါပေမယ့် Website Of The Year ကြီးပေးထားတာကို ကြည့်ခြင်းဖြင့် ရွေးချယ်တဲ့သူတွေက web design, web development အကြောင်းကို မသိပါဘူးလို့ ပြောလိုက်သလိုပဲ။ ဒီလိုမျိုး site က ရတယ်ဆိုပြီး လူငယ်တွေ အဲလို site design တွေပဲ ဖန်တီးစေချင်တော့တာလား။ CMS , Blog Engine တွေ Web Programming Language တွေကို လေ့လာစရာမလိုတော့ဘူးဆိုပြီး ထင်သွားစေချင်တာလား။ နောက်ပြီး ဒီဆုကို ဘယ်သူမှ အရေးမထားတော့ပဲ စလုံးရေစမှာပဲ the end ဖြစ်သွားစေတာပဲ။ ဘာကြောင့်ပေးလိုက်လဲ နားမလည်ပါ။ myamardaily.net ရခဲ့ရင်တော့ ရထိုက်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

ကျွန်တော်တို့မြို့မှာ
အသုံးမဝင်တော့တဲ့ အမှန်တရားတွေရှိတယ်
ခေါက်သိမ်းထားတဲ့ သမာသမတ်ကျမှုတွေရှိတယ်
မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ ဓလေ့စရိုက်တွေရှိတယ်
ထင်ပေါ်ကျော်ကြားတဲ့ အနိုင်ကျင့်ခြင်းတွေရှိတယ်

http://www.moehlaingnya.net/2010/02/blog-post_3028.html ထဲကဗျာလေးကိုပဲ ပြေးပြီး သတိရမိပါတော့တယ်ဗျာ။

* မူရင်း ကျွန်မ ကို ကျွန်တော်ဟု ပြန်ပြင်ထားသည်။

Update:: MCPA ပေးတဲ့ဆုမဟုတ်ပဲ MCF ပေးသည်ဟု ကိုညီလင်းဆက်ပြော၍ ခေါင်းစဉ်ပြန်ပြင်ထားသည်။

18 Comments

  1. မှန်၏ သွားကြည့်လိုက်၏ ဆုရလောက်သော အကြောင်းအရာများ တစ်ခုမှမမြင်မိပါ Web Developing လက်သင်တစ်ယောက် သင်တန်းပြီး၍ ပြုလုပ်ထားသော Site တစ်ခုကဲ့သို့ ကပေါက်တိကပေါက်ချာ ဖြစ်နေသည်။ :P

  2. NLS says:

    It’s not MCPA award! It is MCF’s.

    1. saturngod says:

      Thank! I changed it. But the result is show in MCPA website and most ppl think like that.

    2. Perhaps,, but why they post with the name of MCPA .. ?

      http://www.myanmarictawards.org/index.php?option=com_content&view=article&id=6&Itemid=8

      Okie.. there may be many hidden stories I do not know .. :P

  3. ict says:

    ဒါတွေဟာ MCPA က လုပ်တာမဟုတ်ပါဘူး information showing on website ဖြစ်ပါလိမ.်မယ် . website of the year ဆု ဘယ်လို. ၇လဲ ဆိုတာ မသိပါဘူး ကြည်၇တာ ကလေး တွေ ကြည်ဖို. လုပ်ထား တဲ. site ဖြစ်ပါလိမ်.မယ်.
    လူကြီးတွေ ကလေး စိတ်ပေါက်သွားလို.ပေးလိုက်တာပါ.

    1. >> ဒါတွေဟာ MCPA က လုပ်တာမဟုတ်ပါဘူး
      Not Agree.. may be it’s MCIA .. not MCF

      so why they post like that , huh ?
      http://www.myanmarictawards.org/index.php?option=com_content&view=article&id=6&Itemid=8

      the competitors have to send the email is mcpa[at]gmail[dot]com and mciaoffice[at]gmail[dot]com ..

  4. Ravi says:

    It is MCPA. MCF usually likes to do speech and award givings for such ceremonies, however it is still initiated, organized and executed by MCPA as clearly seen here from the FAQ:

    Candidate must submit their applications before 12pm, 15 January 2010. Then, judge panel consists of EC members from MCPA, MCIA, and professionals from the ICT industry, will make judgements on submitted applications. After judging, “Finalist for Mobile Application” will be announced on the Myanmar ICT Awards official website (www.myanmarictawards.org), and contacted by phone. For Mobile Applications, finalist will be required to present their application with mobile handset. Handsets can be any model, but must be arranged by themselves.

    http://www.myanmarictawards.org/index.php?option=com_content&view=article&id=6&Itemid=8

    1. saturngod says:

      ???? I’m very confuse now.

  5. Ravi says:

    MCF is parent of MCPA and MCIA, therefore any major event done by either of these sub associations needs the blessings of MCF. MCF also likes to take care of opening speech, award givings and other such activiites. However this is an event initiated, organized and executed by MCPA as seen from the FAQ in thier website:
    http://www.myanmarictawards.org/index.php?option=com_content&view=article&id=6&Itemid=8

  6. Ravi says:

    The MCPA has thier own trophy, called the Excellence Award. I think because of this MCF does Myanmar ICT Awards, however as a body MCF only blesses it with their name but does not execute it. That’s what I think it is.

  7. NLS says:

    You might know both MCPA and MCIA are branches of MCF. Lets say MCF as Main body and these two as working committees. The selected ECs from each committee and outsiders, and formed Judge Panel. So choice is only decided by JP. Award is arranged by MCF.

    1. Well, I want you to check what Ko Tun Khaing said “MCFကို အကြိမ်ကြိမ် တင်ပြကာ ပြုလုပ်ခွင့်တောင်းခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။” ( link:http://bit.ly/b0zwCA) .. so is it not MCPA ? I’ve not idea to offensive with the awards.. but just curious with the cover-complains on awards :-)

  8. ဒီလိုပဲလေ..ရြေတွေပဲကိုးးးးး..

  9. NweYoe says:

    အပေါ်ကလူပြောသလိုပဲ လူကြီးတွေ ကလေးစိတ်ပေါက်သွားလို့နေမှာပါဗျာ ဟားဟား

  10. zayarsan says:

    I was agree to saturngod.

  11. Nyunt Win Aung says:

    Firstly, I aim to compete to get “Website of the year award” coming year. But, now, their choose makes a student, who wants to try, to be tired of participating.

  12. လင်းဆက်အောင် says:

    ရသင့်လို့ ရသွားတာပဲဗျာ။ မုဒိတာပွားလိုက်ပါ။
    ဆုရွေးချယ်ရေးအဖွဲ့ကလည်း ကလေးကြိုက်လုပ်တာတော့ ဟုတ်မယ်မထင်ပါဘူး။
    ခင်ဗျားတို့ကလည်း ပညာပြနိုင်မှ ဆုပေးရမယ်ထင်နေတယ်။ ရိုးရှင်းတဲ့အလှဆိုတာလည်း ရှိပါတယ်။

  13. လူမှန် says:

    Website တွေအများကြီးထဲကမှ တစ်ခုထဲလက်ရွေးစင်ရွေးချယ်ထားတာဘဲဗျာ.. အားလုံးအတွက် စံနမူနာဖြစ်သင့်တာပေါ့..
    Website တစ်ခုရဲ့အဆင့်အတန်းမမှီဘဲနဲ့ရိုးရိုးလေးလှလို့ရွေးရပါတယ်ဆိုရင်တော့ မျက်နှာသနတ်ခါး ပေါင်သေးကြောင်း ဆိုသလို လှပေမဲ့ရွံစရာကြီးဗျို့ကိုလင်းဆက်အောင်ရေ..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.