လူတော်တော်များများက iPhone OS 3.1.3 ကို upgrade လုပ်ချင်နေကြတယ်။ ဘာလို့ လုပ်ချင်မှန်းတော့ ကျွန်တော်လည်း မသိ။ ကျွန်တော်လည်း အစက upgrade လုပ်ချင်နေတာ။ jailbreak မရဘူးဆိုလို့ iPhone 3.1.3 မှာ ဘာပါလဲလို့ ဖတ်ကြည့်လိုက်တော့ bugs fixed ကလွဲပြီး ဘာမှ မပါဘူး။ အဲ.. bug fix ဆိုလို့ battery bug fix တဲ့ဗျာ။ ထူးထူးခြားခြားပဲ။ battery bug fix က အခုမှ လုပ်ရလားလို့။ အဲဒါက iPhone 3Gs ထွက်ထွက်ပြီးချင်းကတည်းက လုပ်သင့်တာလို့ ထင်တာပဲ။ မဟုတ်တော့ မဟုတ်သေးဘူးလို့ ထင်တယ်။ အခု 3.1.3 က MC model တွေကို jailbreak လုပ်မရအောင် ချုပ်တဲ့ OS ပဲ။ ဘာမှ ထူးခြားတာ မပါတဲ့အတွက် upgrade လုပ်စရာမလိုဘူးလို့ထင်တယ်။ လက်ရှိသုံးနေတဲ့သူတွေလည်း upgrade လုပ်မရလို့စိတ်ပျက်စရာမရှိပါ။ အသစ်မှ မပါလာတာ။ upgrade လုပ်မရလည်း ဘာမှမဖြစ်ဘူး။
ကြည့်ရတာကတော့ Apple အနေနဲ့ iPad ကို jailbreak လုပ်မရအောင် စမ်းနေတဲ့သဘောအနေနဲ့ iPhone OS 3.1.3 ကို ထုတ်လိုက်လေလားလို့တောင် စဉ်းစားမိတယ်။ ဒီအဆင့်ကို jailbreak မလုပ်နိုင်ရင်တော့ iPad ကို jailbreak လုပ်ဖို့အိမ်မက်လေးက ဝေးသွားနိုင်တယ်။
Leave a Reply