အခုတော့ infinity Blade ဆော့တာ အကုန်ပြီးပြီ။ Achievements ကတော့ ၃၈ ခု ပဲရှိသေးတယ်။ နောက်ထပ် ၄ ခုလောက် ရရင်တော့ ပြည့်ပြီ။ သို့ပေမယ့်လည်း မဆော့ချင်တော့ဘူး။ အခု All master ဖြစ်သွားတဲ့အတွက်ကြောင့် ထပ်ပြီး level တက်စရာ မရှိတော့သလို God King နဲ့ ချရင်လည်း လွယ်လင့် တကူနိုင်နေပြီ။ အဲ… အဆိပ်မမိသွားရင်ပေါ့။ God King နဲ့ ချတဲ့အခါမှာ ဓားစာ တချက်မိသွားရင် အဆိပ်မိသွားတတ်တယ်။ Heal ပြန်မလုပ်နိုင်ရင် သေပြီပဲ။ အဲဒါ တော်တော်ဆိုးတယ်။ တနည်းပြောရင် ညစ်ထားတာပေါ့ဗျာ။ ဆော့ရင်းနဲ့ ဂရုပြုမိလာတာက Infinity Blade company က တော်တော် ညစ်ထားတာပဲ။ God King ကိုလည်း ညစ်ထားတယ်။ အဲဒီ infinity Blade က magic ဓား မဟုတ်ဘူး။ ရိုးရိုးဓားပဲ။ Attack +200 ပေးထားတာပဲ ရှိတယ်။ God King မှာတော့ အဆိပ်ဓားဖြစ်နေတယ်။ ဒါကတော့ ညစ်တာ။ နောက်ပြီး level က ၄၀ ထိပဲ တက်လို့ရတယ်။ ဘယ်လိုမှ level 40 ထိ တက်လို့မရဘူး။ Game Center မှာ level 40 အထက် ရှိတဲ့သူတွေက အယောက် ၅၀ ကျော်တယ်။ ဒါက မဟုတ်ပဲနဲ့ ညစ်ထားတာတွေ။ Game Center ထိပ်ဆုံး အယောက် ၅၀ က အတုတွေ။ တကယ့်အစစ်တွေ မဟုတ်ပဲ ညစ်ထားတာ။ ဒါကြောင့် ဘယ်လောက်ဆော့ဆော့ top 50 ထဲ ကို မရောက်နိုင်ဘူး။

Infinity Blade က $5.99 ပေးရတယ်။ ၄ ရက်ပဲ ဆော့လိုက်ရတယ်။ Spider man က $5.99 ပေးရတယ်။ Normal mode ကို ၂ ရက်။ Ultimate mode က ၄ ရက်ဆော့ရတယ်။ ပြီးတော့ ထပ်ဆော့ချင်စရာမရှိတော့။ Cut The Rope တို့ Angry Bird တို့က ပိုတန်တယ်လို့ ပြောရတယ်။ Cut The Rope ကတော့ $1.99 ပေးရတယ်။ All start ရအောင် တော်တော် ဆော့လိုက်ရတယ်။ Radiant HD ဆိုရင်တော့ ၁ ပတ်လောက် ဆော့ရတယ်။

iPad , iPhone game တွေက ဝယ်ဆော့ရတာ တန်ရဲ့လားလို့ စဉ်းစားစရာ ဖြစ်နေတယ်။ ဇာတ်လမ်းတွေက Console Game တွေနဲ့ယှဉ်လိုက်ရင် အရမ်းကို တိုလွန်းတယ်။ အရမ်းကို လွယ်လွန်းတယ်။ မလွယ်အောင် ညစ်ထားတာကလွဲရင်ပေါ့။ Console Game တစ်ခွေကို S$50 လောက် ပေးရတယ်။ iPad Game တစ်ခုဆိုရင်တော့ $5.99 က အများဆုံးပဲဆိုတော့ ဈေးကတော့ တော်တော်ကွာတယ်။ ဒါကြောင့် ဇာတ်လမ်းကလည်း အရမ်းတိုနေတာ ဖြစ်မယ်။ console ဈေးကတော့ 4GB xbox kinect bundle ကိုမှ $469 ပဲ ရှိတယ်။ TV တော့ ရှိဖို့လိုတာပေါ့။ iPad ထက်စာရင် ဈေးသက်သာတယ်။ PSP ကလည်း iPodTouch ထက် ဈေးသက်သာသလို Nitendo 3DS ကလည်း လာပါတော့မယ်။ Game ကောင်းကောင်းလေးတွေ ipad မှာ ရှိပေမယ့် သိပ်တော့ မတန်ဘူးသလိုလို ဖြစ်နေတယ်။ ကောင်းတဲ့အချက်ကတော့ cut the rope လိုမျိုး update တွေ ထပ်ထွက်ရင် ထပ်ဆော့လို့ရတာပဲ။ နောက်ပြီးတော့ game center ပေါ့။ အဲဒီ feature တွေ မပါပဲ spider man ကတော့ မတန်ဘူးလို့ ဆိုရမယ်။ သို့ပေမယ့်လည်း spider man game က review တွေ start တွေက အရမ်းကောင်းနေတော့လည်း ဝယ်ဖြစ်လိုက်တာပဲ။ ဆော့တာလည်း တကယ်ကောင်းပေမယ့် ဇာတ်လမ်းတွေက အရမ်းတိုနေတယ်။

Gamer ဆိုရင်တော့ iPad ဝယ်ပြီး game ဆော့နေတာ မကောင်းတာ အမှန်ပဲ။ Console နဲ့ ဆော့တာ အကောင်းဆုံးပဲ။ Xbox ဝယ်ချင်ပေမယ့် ခဏလောက် စောင့်ရမယ်။ ဒီနှစ် မဝယ်ဖြစ်ရင်တော့ နောက်နှစ်မှပဲ ဝယ်တော့မယ်လေ။ iPad 2 ကိုတော့ မဝယ်တော့ဘူး။ အဲဒီ အစား Xbox ပဲ ဝယ်ရင်ကောင်းမလား စဉ်းစားနေတာပဲဗျာ။ iPad game တွေက ကောင်းပေမယ့် ဇာတ်လမ်းတိုနေတာလေးပဲ ရှိတယ်။ ဇာတ်လမ်း ရှည်လာရင်တော်တော် တန်တဲ့ game တွေ ဖြစ်လာပြီး game ဈေးကွက် ဒီထက်ကြီးလာမှာ သေချာတယ်။ အခုအချိန်တော့ $6 နဲ့ ဆော့ရတာ သက်သာတယ်လို့ပဲ ဆိုရမှာပေါ့လေ။

14 responses to “Is it worth ?”

  1. Console games are also around 30-40 gaming hours in average for normal storyline.
    It’s not more than 100 hours for most of the games for 100% completion but that’s kinda boring in some games due to repetitive tasks……

  2. Minthant Aungaung Avatar

    JAILBREAK လုပ်ပြီး crack လုပ်ထားတာတွေကို download ယူပြီး ကစားလေဗျာ
    “http://apptrackr.org/”

    1. စိတ်တော့ မရှိပါနဲ့… အဲဒါ အလွန်ရှက်ဖို့ ကောင်းတဲ့ ကိစ္စတစ်ရပ်လို့ မြင်ပါတယ်.. ကျွန်တော် အခုရောက်နေတဲ့ ပတ်ဝန်းကျင်က အဲဒါကို ရှက်စရာကောင်းတဲ့ အပြုအမူလို့ မြင်ပါတယ်.. ဒါကြောင့် iPad က jailbreak လုပ်ပြီးထားပေမယ့် crack တော့ ယူမဆော့ပါ.. $6 ဆိုတာက ဘယ်လောက်မှ ရှိတဲ့ ပိုက်ဆံ မဟုတ်ပါဘူး.. Game Development လုပ်ထားတဲ့ ကုန်ကျစရိတ်တွေကို ကိုယ်ချင်စာတဲ့ အနေနဲ့လည်း ဝယ်ဆော့ပါတယ်.. Game ကောင်းကောင်း တစ်ခု development လုပ်တဲ့ ကုန်ကျစရိတ်က မနည်းလှပါဘူး…

  3. bro ရေ….
    တစ်ခုလောက်မေးချင်လို့…ipad အတွက် typing tutor လေးများထွက်လားဗျ…၊ ကျွန်တော်တွေ့တော့ တွေ့တယ်..ဒါပေမယ့် ပိုက်ဆံတောင်းနေလို့ free version များထွက်တာ ရှိရင် မျှပါဦး.။

    1. တစ်ခါမှ မစဉ်းစားဖူးဘူး :D iPad နဲ့ စာအရှည်ကြီးရိုက်မယ်လို့ … ဒါကြောင့် မသိဘူးဗျ.. Bluetooth keyboard နဲ့ ရိုက်ရင်တော့ အဆင်ပြေတယ်။

      1. အင်းဗျာ….မားသားကြီးက…ဒီ touch လေးနဲ့ စာရိုက်ကျင့်ချင်တယ်ဆိုလို့…ဟီး

  4. အဲ့ဒီ Infinity Blade က God King ကိုနိုင်သွားရင်ပြန်ပြန် စနေရတာချည်းဘဲဗျ…Infinity Blade က 514900 ပေးရတော့ ဝယ်ရတာမဟုတ်လားဗျ…။
    မဝယ်ဘဲနဲ့ကောမရနိုင်ဘူးလားဗျ။
    God King ကိုတော့ခဏခဏနိုင်ပေမဲ့သူ့ဓားလည်း မပေးဘူး…။ :D

    1. မဝယ်ပဲနဲ့တော့ မရပါ။ ဝယ်ပြီးရင် မြေအောက်ထပ်ကနေ သွား။ နောက်ထပ် God King ၃ ယောက် နဲ့ ချရလိမ့်မယ်။ ပြီးရင်နောက်ထပ် ဆရာကြီးနဲ့ ချရမယ်။ အဲဒါပြီးရင် အစကနေ ပြန်စပြီး (new game + ) level up တွေ ပြန်လုပ်လို့ရတယ်။ master ၂ ထပ် လုပ်လို့ရသွားလိမ့်မယ်။

  5. ကျွန်တော် ဓားကော မျက်နှာဖုံးတွေကော နောက်ဆုံးတွေအားလုံးဝယ်ပြီးသွားပေမဲ့ ကိုစေတန်ပြောသလို မြေအောက်ကနေသွားတာအရင်ကောင်တွေနဲ့ဘဲပြန်တွေ့တယ်။ဆရာကြီးတွေနဲ့လည်းမတွေ့ဘူး။မြေအောက်ဆိုတာက လှေကားကနေမတက်ဘဲနဲ့ တံခါးဖွင့်သွားရတာကိုပြောတာမဟုတ်လား။
    မတွေ့ဘူးဗျ။နည်းနည်းလောက်လမ်းညွှန်ပေးပါဦး။

    1. နောက်ဆုံး version upgrade လုပ်ပြီးပြီလား ? upgrade လုပ်ပြီးရင် infinity blade ဝယ်ပြီး ရေတွင်းပျက်ထဲ လမ်းကနေ သွားရပါတယ်။ အဲဒီမှာ infinity blade ကို ထည့်ပြီး အခန်းဖွင့်ရတာ ရှိတယ်။ ဆရာကြီး ၃ ယောက်နဲ့ ထပ်ချရတယ်။ နိုင်သွားရင် နောက်ထပ် ခေါင်းဆောင်တစ်ယောက်နဲ့ ထပ်ချရမယ်။

  6. ကျွန်တော်ထင်တာတော့ မလုပ်ရသေးဘူးထင်တယ်။မလုပ်ရသေးရင် ဘယ်လိုလုပ်ရမလဲဗျ။
    ကျွန်တော့်မှာရှိတာကတော့ အရင်တုန်းကလမ်းတွေဘဲရှိပါတယ်။ပြန်ပြန်စရင် လည်းအဲ့ဒီလမ်းတွေဘဲဖြစ်ပါတယ်။
    အခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ ကိုစေတန်

  7. ရသွားပီဗျ…။ Ornagai လည်းရသွားပီ။ဝယ်သုံးချင်ပေမဲ့ Account မရှိတာကြောင့် Free လေးဘဲသုံးလိုက်တော့ပါတယ်။ Ornagai ကတော်တော်ကောင်းပါတယ်။
    ကျေးဇူးတင်ပါတယ်အခုလို Free ပေးတဲ့အတွက်။

    1. thank you for your comment on ornagai :)

  8. PS3 ကပိုကောင်းမယ်လို့ထင်ပါတယ်…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.