မနေ့က မနက်က အထိ server က ပုံမှန် အလုပ်လုပ်သေးပေမယ့် မနေ့ညနေမှာတော့ သိသိသာသာ နှေးသွားတယ်။ ဒါနဲ့ Digitalocean က support team ကို သွားမေးတော့ သူပြန်မေးတာတွေကို ပြန်ဖြေ ။ ကိုယ့်မှာ ရှိတဲ့ information လေးတွေ ပေးရင်း သူက database ကြောင့်နှေးနေတာလို့ ဆိုတယ်။ ဒါနဲ့ ပုံမှန် .html လေးကို စမ်းကြည့်တော့ server က မနှေးတာကို တွေ့တယ်။ mysql connection ပါရင် နှေးနေကော။

nginx ရဲ့ access log ကို ကြည့်လိုက်တော့ မြန်မာ blog ရဲ့ ajax-admin.php က ခဏခဏ ခေါ်နေတာ တွေ့ရတယ်။ plugin တွေ ပြန်စစ်တော့လည်း ထွေထွေထူးထူး မတွေ့မိဘူး။ ဒါနဲ့ server ကို memory upgrade လုပ်ရင် မြန်မလား မေးတော့ မြန်သွားပါလိမ့်မယ် ဆိုတာနဲ့ 1 GB ကို တိုးလိုက်တယ်။ ဒါလည်း မရသေးဘူး။ server ရဲ့ DNS ကို google DNS ပြောင်းကြည့်တော့ နည်းနည်းလေး မြန်လာတယ်။

nginx နဲ့ php-fpm worker ကို ၂ ခု မြန်လည်း မထူးဘူး။ mysql ကို restart ချပြီး ခဏနေ ပြန်တက်လာတော့ မြန်သွားတယ်။ ကြာလာရင် ပြန်နှေးသွားပြန်ကော။ လူ မကြည့်တဲ့ အချိန် ညဘက်တွေ ဆို ပုံမှန် ဖြစ်ပေမယ့် လူကြည့်များ နေ့လည် ဘက်တွေ မှာ တော်တော်လေးကို နှေးသွားတယ်။ blog posts ပေါင်း ၁၃၀၀ ကျော် နဲ့ comment က ၅၇၀၀ ကျော်ပဲ ရှိတယ်။ database ကို optimize လုပ်လိုက်တော့ speed လေးက နည်းနည်းတက်လာပေမယ့် စာမဖွဲ့လောက်ဘူး။ ornagai.com နဲ့ english blog က မြန်မာ site လောက် မနှေးဘူး။

အင်္ဂါနေ့လောက်ထိ ဆက်ပြီးစောင့်ကြည့်ဖို့လိုအုံးမယ်။ ဘယ်လောက် ထိ stable ဖြစ်လဲ ဆိုတာ မသေချာသေးဘူး ဖြစ်နေတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading