iPhone 5s

စနေနေ့က M1 မှာ stock ဝင်မလား ဆိုပြီး အားတာနဲ့ iphone stock ကို refresh ချချ နေတယ်။ ၁၂ နာရီလောက်မှာ stock ရပြီဆိုတာ တွေ့တာနဲ့ ချက်ခြင်း ပြေးပြီး recontract လုပ်လိုက်တယ်။ အခု အချိန် မရသေးလည်း နောက် ၁ ပတ်လောက်ဆိုရင်တော့ stock က လုံလုံလောက်လောက် ရှိတော့မှာပါ။ အစ က တော့ iphone , ipad တွေက စင်္ကာပူ out of stock ဖြစ်တတ်တာ အဆန်းတော့ မဟုတ်ပါဘူး။ Clementi Mall မှာ စနေနေ့မှာတော့ Note 3 ဝယ်တဲ့ လူတွေ က မရှိသလောက်ပဲ။ ၁ ယောက်ပဲ တွေ့မိတယ်။ အချို့တွေက samsung s4 ယူကြတယ်။ iPhone 5s ကတော့ ကျွန်တော် ပြီး နောက်ပိုင်းမှာ gold color stock က အကုန် ကုန်သွားပြီ။ ကံကောင်းပြီးတော့ နောက်ဆုံး stock ရသွားတယ်။

iPhone 5s က ဘာကွာသွားလဲ လို့ မေးရင်တော့ ဘာမှ မကွာပါဘူး။ iPhone 5 နဲ့ အကုန် အတူတူပဲ။ ရွှေရောင် ထွက်လာတာ ကွာတယ်။ TouchID ပါတာ ကွာတယ်။ TouchID ကတော့ တော်တော်လေး ကောင်းတယ်။ လက်ရဲ့ ဘယ် position ကို မဆို သိတယ်။ CPU က 64 bit ဖြစ်သွားတယ်။ Macworld မှာ iPhone 5s ရဲ့ Benchmarks ကို သွားကြည့်နိုင်တယ်။

Note 3 နဲ့ ယှဉ်ထားတဲ့ CPU Benchmarks ကိုတော့ အောက်က youtube video မှာ ကြည့်နိုင်ပါတယ်။ iPhone 5s က ပိုမြန်တယ်လို့ ဆိုပါတယ်။

64 bit အတွက် app တွေ နောက်ပိုင်း ထွက်လာမယ်လို့ မျှော်လင့်တယ်။ iPhone 5s နဲ့ iPhone 4s သိသိသာသာ ကွာတဲ့ အချက်က မြန်မာစာ ပါရင် လုံးဝ မနှေးတာပဲ။ iPhone 4s က မြန်မာစာ ပါရင် နည်းနည်း ထစ်တယ်။ iPhone 5s ကတော့ လုံးဝ smooth ဖြစ်တာ ကွာတယ်။ တခြားဟာကတော့ screen size ပဲ ကွာတယ်။ Camera ကတော့ တော်တော်ကောင်းတယ်။ slow motion ကတော့ တော်တော်လေးကို မိုက်တယ်။ slow motion camera ကို တော်တော် သဘောကျတယ်။ Brust mode ကတော့ ပိတ်လို့ မရတာ ဆိုးတယ်။ တစ်ခါ ရိုက်လိုက်ရင် အနည်းဆုံး ၂ ပုံလောက် အလိုလို ရိုက်မိသားဖြစ်သွားတယ်။

Touch ID , New CPU ,New Camera Lens က လွဲပြီးတော့ တခြား ထွေထွေထူးထူး အသစ် မပါဘူး။ iPhone 4s ကနေ recontract လုပ် မယ့် သူတွေ အတွက် iPhone 5s လဲ တာ အဆင်ပြေတယ်။ နောက်နှစ်နေရင် iPhone 6 ထပ်ထွက်ရင် ၂ နှစ် recontract ကြောင့် လက်ရှိ iPhone 5s သမားတွေ iPhone 6s ထွက်အောင် ထပ်စောင့်နေရမယ့် သဘောပါပဲ။

iPhone 5s မှာ app store ဝင်လိုက်တာနဲ့ iWork (Pages,Numbers,Keynote,iMovie,iPhoto) ကို download ချမလား မေးတယ်။ free ရပါတယ်။ iWork ကို free ရတာလေး တော်တာ်သဘောကျတယ်။

iPhone 5s အတွက် case ကို iPhone 5 အတွက် ဝယ်လို့ရတယ်။ Power button ကတော့ နည်းနည်းလေး နေရာပြောင်းသွားတယ်နဲ့ တူတယ်။ Challenger မှာ ပထမ ဝယ်လိုက်တဲ့ Valore bumper က ထည့်လို့ရပေမယ့် power button တစ်ခု တည်း နှိပ်လို့ မရဘူး။ ဒါနဲ့ သူတို့ကို သွားပြောပြီးတော့ နောက်ထပ် brand ၁ ခု နဲ့ exchange လုပ်လိုက်ရတယ်။ ဒါကြောင့် iPhone 5s အတွက် bumper ကို iPhone 5 ထဲက ဝယ်မယ်ဆိုရင် ဝယ်ပြီးတာနဲ့ ၁ ခါတည်း စစ်ဖို့တော့ လိုတယ်။ iPhone 5c နဲ့ iPhone 5s က design မတူတဲ့ အတွက် iPhone 5c က case တွေ iPhone 5s မှာ တပ်လို့ မရပါဘူး။

3 Comments

  1. CalmHill says:

    ယောက်ျားကြီး ရွှေရောင်ဖုန်းနဲ့ မျက်လုံးထဲတော့ ဒဗယ်ခရော့စ်ပဲ ဘယ်လိုမှစဉ်းစားလို့မရဘူး :P

    1. saturngod says:

      LOL! အခြားသူတွေ ပြောသလိုပဲ ရွှေရောင် မကိုင်ရင် iPhone 5s မှန်း လူသိမှာ မဟုတ်ဘူး :P ။ iPhone 5 နဲ့ က ပုံစံ အတူတူပဲ ဖြစ်နေတာကိုး။

  2. nainglynn says:

    အကိုရေ ပြန်ပြောလို့ရပါတယ် သေချာကြည့် Steel ကွင်းလေးပါတယ်လို့ … ခင်မင်လျှက်……

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.