SG TO MMK Exchange Rate

စလုံးကနေ မြန်မာ ငွေ လွှဲမယ် ဆိုရင် POSB/DBS ပဲ သုံးဖြစ်တယ်။ POSB/DBS ကနေ Aya ကို လွှဲတာ မြန်လည်း မြန်သလို စိတ်လည်းချရတယ်။ အခုတလော ငွေဈေးက ကျနတော့ website မှာ သွားသွား စစ်နေရတာ အဆင်မပြေဘူး။

ဘယ်လို အဆင်မပြေတာလဲ ဆိုတော့ website ကို history ကနေ ပြန်ရှာရတယ်။ ပြီးရင် Myanmar ကို ရွေးရတယ်။ နောက်ပြီး 1 ဆိုပြီး SGD ဘက်မှာ ပြန်ရိုက်ထည့်ရတယ်။ တစ်ခါတစ်လေ အဆင်ပြေပေမယ့် အမြဲတန်းကတော့ ပျင်းဖို့ ကောင်းတယ်။

ဒါနဲ့ node.js နဲ့ script ရေးလိုက်တယ်။ nightmare ကို သုံးပြီးတော့ data ယူတာကတော့ မစမ်းတော့ပါဘူး။

const Nightmare = require('nightmare')
const nightmare = Nightmare()

nightmare.goto('https://www.posb.com.sg/personal/deposits/pay-with-ease/international-transfers')
.select('#remitCalcCountry',"MMK")
.type("input[id='remitCalcSendingAmt']","1")
.evaluate(function() {
    return document.getElementById("remitCalcRecvAmt").value;
}).end().then((value) => {
    console.log(value);
}).catch((error) => {
    console.log(error)
});

အခုဆိုရင် node mmk ကို alias နဲ့ .zshrc ထဲမှာ ထည့်ထားလိုက်တယ်။

alias mmk='node /MY_SCRIPT_PATH/bg.js'

အခု ဆိုရင် code ရေးရင်း သိချင်ရင် terminal မှာ mmk လို့ရိုက်ထည့်လိုက်ရင် ပေါက်စျေးရပြီ။ website သွားကြည့်နေဖို့ မလိုတော့ဘူး။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.