ကိုဇင်မင်းက Software Development ပွဲ ကျင်းပဖို့ ကျွန်တော့်ကို တိုင်ပင်တော့ ၁ လ လောက်ကြာမယ် ပြောတော့ ဟုတ်ပါ့မလား ဆိုပြီး ဖြစ်မိတယ်။ အဓိက တော့ လူငယ်တွေကို code ရေးတာထက် software development  လုပ်ဖို့ ဆိုပြီး ပြောတယ်။ ကူညီနိုင်သလောက် ကူပေးပါမယ်လို ကတိပေးပြီး ကူညီ ဖြစ်ခဲ့ပါတယ်။

ပွဲကတော့ ၁ လ လောက် ကြာပေမယ့် တကယ်လုပ်ကြတယ်။ Code ရေးတာနဲ့ software တစ်ခု development လုပ်တာ မတူဘူး ဆိုတာကို သဘောပေါက်အောင် ကိုဇင်မင်း ရှင်းပြပေးနိုင်တယ်။ High Level Design တွေ document အပိုင်းတွေက ကျွန်တော်တို့ developer တွေ သိသင့် အပိုင်းတွေပဲ။

ပြိုင်ပွဲဆိုတာထက် SSDLC trainning ဆိုရင် ပိုမှန်မယ်။ နောက်ပြီး document , high level design တို့ အပြင် အသုံးပြုမယ့် platform language တွေ ရွေးချယ်တာ မမှားဖို့လိုတယ် ဆိုတာ သဘောပေါက်နိုင်လိမ့်မယ်။​ deadline နည်းနည်း နဲ့ လုပ်ရတာ များတော့ team work ကောင်းသည့် အသင်း နောက်ပြီး presentation skill တွေပါ ကိုဇင်မင်း တစ်ခါတည်း train လုပ်သွားပေးနိုင်တာကို အံသြချီးကျူးမိပါတယ်။

SE2020 လိုမျိုးပွဲလေးတွေ ၆ လ တစ်ကြိမ်လောက် လုပ်နိုင်ရင်တောင် မဆိုးဘူး။​ ပင်ပန်းတာတော့ အမှန်ပဲ။ အဖွဲ့က တင်ထားသည့် document တွေ version တွေ note တွေ အကုန်ဖတ်ပေးရတာ မလွယ်ပါဘူး။

ကို Michael Thu ရဲ့ Security Presentation ဟာ ကျွန်တော် မသိတာတွေ အများကြီး ကို သိလိုက်ရတာနဲ့တင် ပွဲမှာ ကူညီပေးရတာ အတော်တန်သွားတယ်။

Security ပိုင်းကတော့ junior level နဲ့ mid level ပဲ ရှိသေးသည့်အတွက် အချို့ security အတွေ့အကြုံ မရှိသေးပေမယ့် SE2020 ပွဲမှာ အတွေ့အကြုံတွေ ရသွားမယ် ထင်ပါတယ်။

SSDLC (Secure Software Development lifecycle) ဟာ စာတွေ လိုက်ဖတ်နေရုံနဲ့ မရဘူး။ အခုလိုမျိုး teamwork နဲ့ project guide line နောက်ပြီး coach ကောင်းကောင်းနဲ့ မှသာ အဆင်ပြေမှာပါ။ ဆုရသည် ဖြစ်စေ မရသည်ဖြစ်စေ ပါဝင်ပြိုင်ခဲ့သူတွေဟာ အများကြီး တိုးတက်သွားမယ်လို့ ယုံကြည်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading