2019

2019 ဟာ personal development အတွက် ဘာမှ မလုပ်ဖြစ်သည့် နှစ်ပဲ ဆိုရမယ်။ ပုံမှန် ၁ နှစ်ကို စာအုပ် ၅ အုပ်လောက် အနည်းဆုံး ဖတ်ဖြစ်ပေမယ့် ဒီနှစ်ကတော့ ၁ အုပ်ပဲ ပြီးတယ် ဆိုရမယ်။ ပုံမှန် အားဖြင့် Apple Developer Conference ပြီးရင် Video တွေ ထွက်သမျှ အကုန်ကြည့်ခဲ့ပေမယ့် ဒီနှစ်ကတော့ ၂ ခု လောက်ပဲ ကြည့်ဖြစ်တယ်။ ၁ နှစ်လုံး ဘာလုပ်နေလဲ ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်မေးမိတယ်။ အောင်မြင် App ရှိလာတော့ စာအုပ်မဖတ်ခင်မှာ အဲဒီ App မှာ စာအုပ်ရှိရင် နားပဲထောင်လိုက်တာ များတယ်။ စာအုပ်မဖတ်ဖြစ်ပေမယ့် စာအုပ် အကျဉ်းချုပ်တော်တော်များများ နားထောင်ဖြစ်တယ်။ design code ကို ဝယ်ထားပေမယ့် မကြည့်ဖြစ်သသလို မဖတ်ဖြစ်သည့် အတွက် နှမြောမိတယ်။

2019 မှာ တော်တော်များများကို pirate အစား တကယ် ဝယ်သုံးဖြစ်တယ်။ သုံးရသည့် အထဲမှာ အတန်ဆုံးကတော့ SetApp ပဲ။ စာအုပ်တွေလည်း Amazon Kindle Store က ဈေးချတုန်း ဝယ်ထားပြီး မဖတ်ဖြစ်တာတွေ အများကြီးပဲ။ Nitendo Switch လည်း ဈေးချတုန်း ဝယ်ထားသည့် game တွေ မဆော့ဖြစ်ဘူး။

၁ နှစ်လုံးက ကလေး ၂ ယောက် ကိစ္စ နောက်ပြီး လက်ရှိ company ကိစ္စနဲ့ပဲ လုံးခြာလည်ပြီး တစ်နေ့ တစ်နေ့ ဘာမှ မလုပ်ဖြစ်ဘူး။ အကြွေး နဲ့ ဝယ်ထားသည့် touch bar macbook လေးတော့ ဒီနှစ်မှာ အကြွေးကျေသွားတာက လွဲပြီး hardware အတွက် ထူးထူးခြားခြား ဘာမှ မဝယ်ဖြစ်ဘူး။

၂၀၁၉ မှာ လေ့လာခဲ့ရတာတွေက System တစ်ခု ဖန်တီးသည့် အခါမှာ Scalability ရှိအောင် ကောင်းကောင်း ဖန်တီးနိုင်သွားတယ်။ Payment နဲ့ Wallet system တွေကို ပိုနားလည်လာတယ်။ လက်ရှိ မြန်မာ နိုင်ငံက wallet တော်တော်များများ နဲ့ integration လုပ်ဖူးသွားတော့ ဘယ် wallet က ဘယ်လို integration လုပ်ရလဲ ဆိုတာကို သိသွားတယ်။ လက်ရှိ company ရဲ့ team power က wallet system တစ်ခုကို မခက်ခဲပဲ လုပ်နိုင်သည့် အခြေအနေ တစ်ခု ရောက်လာအောင် လုပ်နိုင်ခဲ့တယ်။

၂၀၁၉ မှာ အဆင်မပြေတာတွေ တော်တော်များများ ရှိသလို အဆင်ပြေတာတွေ နည်းနည်းတော့ ရှိပါတယ်။ ၂၀၁၉ မှာ အားအရ ဆုံးကတော့ လက်ရှိ company က team ကို strong ဖြစ်လာတာကိုပဲ ကျေနပ်မိတယ်။ အရမ်းကြီး strong မဖြစ်သေးပေမယ့် မြန်မာ နိုင်ငံ အတိုင်းအတာ နဲ့ ယှဉ်ရင် ကျွန်တော်တို့ team က တော်တော်လေး strong ဖြစ်လာတယ် ဆိုရမယ်။

ဒီနှစ်က စာအုပ်တင် မဟုတ်ဘူး ရုပ်ရှင်ကော anime ကော မကြည့်ဖြစ်သည့် နှစ်ပဲ။ one piece ကို မကြည့်ဖြစ်တော့ တာ ၃ နှစ်လောက် ရှိသွားပြီ။

ဒီနှစ်ကတော့ project management အတွက် မျိုးစုံပေါင်းသုံးဖြစ်တယ်။ နောက်ဆုံး OnRoadmap နဲ့ မှပဲ အဆင်ပြေသွားတယ်။ အကောင်းဆုံး မဟုတ်ပေမယ့် ကျွန်တော်တို့ လိုချင်သည့် feature အကုန်ပါတယ်။ Email နဲ့ Team chat ကို နောက်ဆုံး Office 365 business essential နဲ့ အဆင်ပြေသွားတယ်။ တစ်လမှ $2.5/per person ဆိုတော့ အများကြီး မဟုတ်ဘူး။ ဒါပေမယ့် Microsoft Team က တော်တော်လေး ကောင်းတယ်။ Microsoft Planner ကိုလည်း Trello အစား အသုံးပြုနိုင်တယ်။ ပေးရတာနဲ့ အတော်လေးကို တန်တယ်ဆိုရမယ်။

ဒီနှစ်အတွင်းမှာ Encryption, Encoding, Hashing, Queue, Load Balancer, Cluster Database စတာတွေကိုတော့ ပုံမှန် ပြောဖြစ်သည့် အထဲမှာ ပါတယ်။

2020 အတွင်းမှာ micro services ကို လေ့လာချင်တယ်။ ဖြစ်နိုင်ရင်နောက်ပိုင်း system အကြီး တော်တော်များများကို micro service ပုံစံမျိုး ပြောင်းရေးချင်တယ်။ နောက်တစ်ခုက flutter ကို မဖြစ်မနေ လေ့လာဖို့ လိုမယ်။ 2020 မှာ strong ဖြစ်လာမယ့် tool တစ်ခုပဲ။ Web မှာကတော့ React က ဦးဆောင်နေပေမယ့် cross platform မှာတော့ flutter က နေရာတစ်ခု ရလာလိမ့်မယ် လို့ မျှော်လင့်ထားတယ်။

2020 မှာ AWS က မြန်မာနိုင်ငံမှာ ပိုသုံးလာနိုင်လိမ့်မယ်။ Digital Ocean က အတော်လေးကို strong ဖြစ်လာပေမယ့် AWS ကို မမှီသေးတာ အမှန်ပဲ။ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ချင်သည့် သူတွေ အနေနဲ့ AWS ကို မဖြစ်မနေ လေ့လာထားသင့်တယ်။ သို့ပေမယ့် တကယ့် real project ရှိမှသာ ကောင်းကောင်းလေ့လာနိုင်မယ် ထင်တယ်။ မဟုတ်ရင် S3 ကို ဘယ်လို အချိန် ဘယ်နေရာမှာ သုံးမယ်။ SQS ကို ဘယ်အချိန်မှာ ဘယ်လိုသုံးရမယ် ဆိုတာ မသိပဲ စာကျက်ထားသလိုပဲ ဖြစ်နေလိမ့်မယ်။

2020 မှာလည်း Mobile Dev က ခေတ်စားနေအုံးမှာပဲ။ Apple AR မျက်မှန် ထုတ်ခဲ့ရင်တော့ ဘာဖြစ်မယ်ဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရအုံးမှာပဲ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.