saturngod
-
တနေ့က အခွေလုပ်တာသွားကူရင်းနဲ့ တွေ့လာတဲ့ software လေးပါ။ 1 GB လောက်ရှိတာကို installer မလုပ်ချင်ဘူး။ သူလုပ်ရမှာက copy paste အဆင့်လေးပဲ။ DVD ကနေ copy ကူးပြီး နေရာတစ်နေရာကို သွားထည့်ပေးလိုက်ရုံပဲလေ။ 1 GB data တွေကလည်း DVD ပေါ်မှာ run တဲ့အခေါ်မှာ ယူသုံးထားတယ်။ Installer လုပ်လိုက်ရင် 1 GB ကို compress လုပ်တာ အချိန်ယူရမယ်။ နောက်ပြီး DVD ထဲမှာလည်း ထပ်ဖြည့်ရမယ်။ ဒီတော့ အကောင်းဆုံးက DVD ထဲမှာ ရှိတာလေးကို copy paste လုပ်ပေးလိုက်ဖို့ပဲ။ အဲဒီအတွက် bath file ရေးလိုက်တယ်။ ဒါပေမယ့် bath…
-
MZ က တွေ့တဲ့ javascript code လေးပါ။အဲဒါလေးကို ကျွန်တော်က firefox bookmarks အတွက် အသုံးပြုလိုက်ပါတယ်။ အောက်က link မှာ Right Click နှိပ်ပြီး bookmark this link ဆိုတာလေး နှိပ်လိုက်ပါ။ ဘယ်မှာ လုပ်မလဲလို့ ရွေးခိုင်းရင် folder ကို Bookmark Menu ပဲရွေးလိုက်ပါ။ ပြီးရင် google image search ကိုသွား ပုံရှာကြည့်ပေါ့။ search result ထွက်လာပြီးရင် Bookmarks > Image Moving ကို နှိပ်ကြည့်လိုက်ပါဗျာ။ အဲဒီ bookmark လေးက site တွေအားလုံးမှာ အသုံးပြုနိုင်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ အပျော်သဘောပေါ့။ Image…
-
Facebook က friend ဖြစ်သလို တက္ကသိုလ်လည်း အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရေးထားတာပါ။ တော်တော်လေးကို ကောင်းမွန်ပြီး မှန်ကန်တယ်ဗျ။ အခြား facebook အသုံးပြုသူတွေလည်း ဖတ်သင့်တယ်ထင်လို့ သူ့ဆီက ခွင့်တောင်းပြီး blog မှာ ပြန်လည်တင်ပြလိုက်ပါတယ်။
-
ဇော်ဂျီ ၂၀၀၈ နဲ့ ၂၀၀၉ ဘာကွာသလဲ။၂၀၀၉ သုံးလိုက်ရင် ၂၀၀၈ က ဘာတွေ ဖြစ်ကုန်မလဲ။ ၂၀၀၉ မသုံးရင်ကော မရဘူးလား။ စသည် စသည် မေးခွန်းများစွာအတွက် သိသလောက် ရေးလိုက်ရပါတယ်။ ၁။ Rendering ပါခြင်း နှင့် မပါခြင်း။ ၂၀၀၈ တွေက rendering မပါပါဘူး။ ဒါကြောင့် နှစ် ဆိုတဲ့ စာလုံးအတွက် န က နှစ်ခုဖြစ်နေရတယ်။ ြ– တွေကလည်း ၆ ခုဖြစ်နေတယ်။ user တွေအနေနဲ့ က နဲ့ တွဲမယ့် ြ– လား ခ နဲ့ တွဲမယ့် ြ– လား ဆိုပြီး စဉ်းစားပြီး ရိုက်နေရပါတယ်။ ဒါပေမယ့်လည်း လူတိုင်း…
-
အခု ကျွန်တော့် blog က စာတွေအားလုံးဟာ ဇော်ဂျီ ၂၀၀၉ ဖြစ်သွားပါပြီ။ database ကို sql ထုတ်ပြီး ကိုစိုးမင်းရဲ့ python နဲ့ ပြောင်းလိုက်ကာ ပြန်ပြီး import လုပ်လိုက်ပါတယ်။ အခု ၃ နာရီ ခွဲပြီ။ မနက်ဖြန်မှ wordpress အတွက် converter ရေးပေးမယ်။ အခုတော့ အိပ်ပြီဗျာ။
-
ကျွန်တော်တို့တွေ 2008 နဲ့ ရေးထားခဲ့တဲ့စာတွေကို 2009 ပြောင်းချင်တယ်ဆိုရင် ကျွန်တော်တို့တွေ လွယ်လင့်တကူ ပြောင်းလို့ရနေပါပြီ။text တွေကိုပြောင်းဖို့အတွက် ပထမဆုံး python 2.6 ကို သွင်းထားဖို့လိုပါတယ်။ ပြီးရင်တော့ http://newzawgyi.googlecode.com/svn/migration.zawgyi.original.to.new/python/ က file ၂ ခုကို download ချယူနိုင်ပါတယ်။ပြီးရင် အဲဒီ file 2 ခု ရှိတဲ့နေရာမှာ ကိုယ်ပြောင်းချင်တဲ့ text file ကို သွားထားလိုက်ပြီး command ကနေ C:\zg829>python zawgyi2new.py mytxt.txt လို့ ခေါ်လိုက်ရုံပါပဲ။ ကျွန်တော်က အဲဒီ file ၂ ခုကို C:\zg829 ထဲမှာ ထည့်ထားတယ်။ နောက်ပြီး ကျွန်တော်ပြောင်းချင်တဲ့ file က mytxt.txt ပေါ့။ဒါဆိုရင် C:\zg829…
-
ဒီနေ့ Java အကြောင်းလေးနဲ့ ပတ်သက်ပြီး လူပျိုကြီးနဲ့ ပြောမိဆိုမိတာလေးတွေကို ပြန်တင်ပြလိုက်ပါတယ်။ saturngod : java မှာ hello world အတွက် စာတွေ အများကြီးရေးရတယ်.. (system.out bla bla bla) Python မှာဆိုရင် print (“hello world”) နဲ့တင်ပြီးတယ်.. php မှာဆို echo “hello world”; ဆိုပြီး တိုတိုလေး… java က ဘာလို့ ရှည်နေတာလဲမသိဘူး.. လူပျိုကြီး : ကြည့်ရတာ ဒီရက်ပိုင်း ဂျာဗားနဲ့များ ရန်ဖြစ်ထားသလား ဂျာဗားမကြိုက်ရင် စူပါ သို့မဟုတ် မီကို ပဲသောက်ဗျာ။
-
ကိုရဲမြတ်သူ email ပို့ပြီး တင်ပေးပါဆိုလို့ တင်လိုက်တာပါ။ ကျွန်တော့်မှာ apple မရှိတော့ မစမ်းနိုင်ဘူး။ ကဲ.. mac သမားတွေ စမ်းကြည့်ဗျာ… အဆင်ပြေမပြေ ပြန်ပြောပါအုံး… Zawgyi Keyboard & Font – Mac OS X.mpkg
