saturngod
-
မြန်မာတွေကို တဖြည်းဖြည်းနဲ့ စိတ်ကုန်လာပြီ။ စာဖတ်လို့ ပြီးလို့ အခု ည ၂ နာရီထိုးသွားပြီ။ ဒါနဲ့ ornagai မှာ စာလုံးလေးတွေ သွားစစ်လိုက်အုံးမယ်လေ ဆိုပြီးသွားတော့ စာလုံး အလုံး ၃၀၀ လောက်ရှိတော့ အသစ်တွေ များလှချည်လားပေါ့။ စာလုံးတွေ စစ်ကြည့်လိုက်တော့ ဆဲထားတာတွေကော မကြားသင့်တဲ့ စာလုံးတွေကော နောက်ပြီး အဘိဓာန်ထဲမှာလည်း ရှာမတွေ့ google မှာလည်း ရှာမတွေ့တဲ့ စာလုံးတွေကော… အမှန်အကန် ဖြည့်ထားပေးတာ ၁ လုံး ၂ လုံးလောက်ပဲတွေ့သေးတယ်။ ကျွန်တော် စာလုံးတွေကို dictionary ၂ အုပ် နဲ့ တိုက်စစ် မတွေ့ရင် babylon မှာရှာ သေချာအောင် google မှာ ထပ်ရှာပြီး စာလုံးတွေ စစ်ပေးနေတာ…
-
အဲဒီလို မေးခွန်းလေးတွေ မေးလာရင် ကျွန်တော့်အနေနဲ့ကတော့ Yes,I can ပဲဗျ ။ အခု အချို့လူငယ်လေးတွေက ကိုယ်တိုင်ရေးသားဖို့ အားသန်ကြတာကို တွေ့ရလို့ သဘောကျမိပါတယ်။ ဒါပေမယ့်လည်း blogger ခင်ဦးမေ ပြောသလိုပေါ့။ ကျောက်တုံးကို ရွှေ့တယ်ဆိုတာ ရွေ့သွားမှ အလုပ်ဖြစ်တာပါတဲ့။ တွန်းနေတာက အလုပ်ဖြစ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့တွေအနေနဲ့ ကိုယ်ပိုင် CMS တစ်ခု ဖန်တီးနိုင်မလားဆိုတော့ ဖန်တီးနိုင်ပါတယ်။ ဒါဆို ဘာလို့ မဖန်တီးတာလဲဆိုတဲ့ မေးခွန်း ဆက်လာစမြဲပါ။ ဖန်တီးနိုင်ပါပေမယ့် LTS ( Long Term Support ) က မလွယ်လို့ပါ။ LTS မရှိရင် အဲဒီ CMS/Blog Engine လိုမျိုး project ကို မလုပ်သင့်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့…
-
ကျွန်တော်တို့တွေ Domain name တစ်ခုဝယ်ဖို့ရန်အတွက် Credit Card သို့မဟုတ် paypal လိုအပ်ပါတယ်။ domain name ဝယ်ယူရန်အတွက် မိမိနှစ်သက်ရာ domain ရောင်းတဲ့ site ဆီမှာ ဝယ်လို့ရတယ်။ နာမည်ကြီး domain ရောင်တဲ့နေရာ တွေကတော့ GoDaddy, Enom, DynDns, Name.com တို့ပါ။ နောက်ပိုင်းတော့ name.com မှာ ဝယ်ယူပါတယ်။ ဒါပေမယ့် သူ့ဆီမှာ ဝယ်ရင် Sub Domain တွေကို သီးသန့် ခွဲထုတ်လို့မရပဲ domain တစ်ခုပဲရပါတယ်။ subdomain တစ်ခု hosting တစ်ခုပေးချင်ရင်တော့ CNAME Record ရတဲ့ domain provider တွေကနေ ဝယ်ယူရပါမယ်။ domain ဝယ်ယူပြီးတဲ့အခါမှာ domain…
-
ကျွန်တော် မနေ့က Linux Journal နဲ့ MSDN Journal ကို ဖတ်လိုက်ရတယ်။ အရမ်းဖတ်ရတာ ကောင်းတယ်ဗျာ။ မြန်မာနိုင်ငံက Journal တွေနဲ့ တခြားစီပဲ။ Journal တွေက ပါးပါးလေးပဲ။ ဒါပေမယ့် ပြည့်စုံတယ်။ လုံလောက်တယ်။ မြန်မာနိုင်ငံက လစဉ်ထွက် ဂျာနယ်တွေက Linux Journal နဲ့ MSDN Journal တွေထက် ထူလွန်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ Developer တွေဖတ်ဖို့ ဘာမှ မပါဘူး။ ဂျာနယ်တွေအားလုံးဟာ စာဖတ်သူတွေကို end user တွေကို ရည်ရွယ်တာ မဟုတ်သလို developer တွေကို ရည်ရွယ်တာ မဟုတ်သလိုပဲ။ အများစုက hardware ပစ္စည်း ဘယ်လောက်ကောင်းကြောင်း နဲ့ သတင်းနဲ့ အတင်းတွေ…
-
အခြားလူတွေ မေးကြလွန်းလို့ မြန်မာ IT pros က trh ရေးထားတဲ့ post ဖြစ်တဲ့ http://myanmaritpros.com/profiles/blog/show?id=1445004%3ABlogPost%3A127707 ကနေ mm3 keyboard ကို ယူပြီးဖြည့်ထားလိုက်ပါတယ်။ http://www.4shared.com/file/119799597/bedc005c/zg-mm3-kb.html install သွင်းဖို့ကတော့ terminal ကနေ cd နဲ့ download ချထားတဲ့ file ရှိတဲ့နေရာသွား… ပြီးရင် $dpkg -i –force-overwrite zg-mm3-kb.deb နဲ့သွင်းလို့ရတယ်။ ဒါပေမယ့် အရင်က zawgyi-keyboard package နဲ့တော့ conflict ဖြစ်တယ်နော်။ zawgyi-keyboard ကို အရင်ဖြုတ်ထားဖို့တော့ လိုတယ်။ zawgyi keyboard ကို ဖြုတ်မယ်ဆိုရင်တော့ terminal မှာ $sudo apt-get remove zawgyi-keyboard အစအဆုံး…
-
ဒီနေ့ CRM ဆိုတဲ့ system ကြီးကို မဖြစ်မနေ သုံးကြည့်ရတယ်။ ဒါနဲ့ ပြောတဲ့ tigercrm ကို download ဆွဲပြီးလေ့လာကြည့်တယ်။ တော်တော်လေးကိုကောင်းတဲ့ဟာပဲ။ ကျွန်တော်တို့ ရုံးလုပ်ငန်းတွေမှာ မဖြစ်မနေ သုံးသင့်တယ်။ သူ့မှာ Admin,Account,Marketing,Production စတဲ့ role တွေပါပြီး ကိုယ့် product stock တွေကိုပါ control လုပ်ပေးနိုင်တယ်။ Marketing ကလည်း camping တွေ ချမှတ်နိုင်တယ်။ member တွေကလည်း event, schedule, todo list စတာတွေ လုပ်နိုင်တယ်။ အသေးစိတ်တော့ မရှင်းပြတတ်ဘူး။ အခုမှ လေ့လာနေတုန်းမို့ပါ။ လေ့လာပြီးရင်တော့ ရေးပါအုံးမယ်ဗျာ။
-
ကျွန်တော်တို့တွေအနေနဲ့ JSON (/ˈdʒeɪsɒn/ JaSON လို့အသံထွက်သည်) ကို မသိရင်တောင် XML ကို သိကြမှာပါ။ JSON ဟာလည်း XML လိုမျိုးပါပဲ။ light weight computer data interchange format ပါ။ ကျွန်တော်တို့တွေ XML နေရာမှာ အစားထိုးပြီး အသုံးပြုနိုင်ပါတယ်။ JSON ကို အရင်က ajax နဲ့ တွဲသုံးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ programming တွေနဲ့ပဲ တွဲပြီး အသုံးပြုလာတယ်။ JSON ကို လက်ရှိ လူသုံးများနေတဲ့ burglish editor မှာ အသုံးပြုထားသလို ကနောင် convertor မှာလည်း json ကိုပဲ အသုံးပြုထားပါတယ်။ နောက်ပြီး web service တော်တော်များများဟာ…
-
မနေ့က ကိုဝီလျံရဲ့ ပွဲကို သွားတက်လိုက်တယ်။ အခန်း ၂၀၅ မှာပဲ။ ၉ နာရီ ခွဲ စမယ်ဆိုပေမယ့် မြန်မာတွေရဲ့ ထုံးစံအတိုင်း လူစောင့်နေတာနဲ့ ၁၀ နာရီမှပဲ စဖြစ်တယ်။ ( သတိရမိတာ။ ။ e-commerce ပွဲမှာ ပြောသွားသလို နိုင်ငံခြားမှာဆိုရင် ဒီလိုပွဲတွေကို $50 လောက်ပေးပြီး တက်ရတာ။ ဒီမှာကတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပွဲလုပ်။ လူမလာမှာဆိုးလို့ လက်ဆောင်တွေတောင် ပေးရနဲ့တဲ့။ ) ၁၀ နာရီလောက်ဆိုတော့ ကိုဝီလျံ တက်လာပြီး Linux အကြောင်း မပြောခင် Unix အကြောင်းစပြောတယ်။ Unix ပြောပြီးတော့ Linux အကြောင်းပြောတာပေါ့။ တော်တော်လေးကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောသွားတယ်။ နောက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းက chrome…