saturngod
-
ဟန်လင်းဆိုတာကတော့ bookmarks site တစ်ခုပါ။ နာမည်ကျော် digg လို မျိုး site တစ်ခုဖြစ်ပြီး ထူးတေဇာ က တည်ထောင်ထားတဲ့ site တစ်ခုပါ။ ကျွန်တော် အရင်ကတော့ ဟန်လင်း ကို google bookmarks လိုမျိုး firefox မှာ အသုံးပြုလို့ရအောင် ရေးခဲ့ဘူးတယ်။ အဲဒါကို ဒီမှာ ဖတ်လို့ရပါတယ်။ အခုတော့ wordpress plugin ရေးပြီးသွားပြီ။ MZ က ကောင်းကင်ပြာက သူ့ blog မှာ ထည့်ချင်တယ်ဆိုတာနဲ့ plugin ကောက်ရေးလိုက်တာ။ WP-plugin က ရေးနေကျ မဟုတ်တော့ google အားကိုးနဲ့ အိုကေသွားတယ်။ မသိရင်တာ ရေးရခက်တာ။ အခုသိသွားတော့လည်း လွယ်သွားတာပဲ။ plugin ကို အောက်က link မှာ ရယူနိုင်ပါတယ်။ http://www.saturngod.net/project/hanlinn.zip
-
Zawgyi 2009 မှာ ornagai က စပြီး ပြဿနာ စကြုံနေရတယ်။ ဘာပြဿနာလဲဆိုတော့ ပက်ဆင့် ပြဿနာပဲ။ အခြားဟာတွေက normalize လုပ်ထားတော့ ကိစ္စမရှိပေမယ့် ပက်ဆင့်က storage ပုံစံပြောင်းသွားတယ်။ ပက်ဆင့်အတွက် code point နှစ်ခု သွားသိမ်းတယ်။ zawgyi 2008 သုံးက တစ်ခုပဲ သိမ်းထားတယ်။ အခု စဉ်းစားနေတာ ဘာဆက်လုပ်ရမလဲဆိုတာကိုပေါ့။ 2008 နဲ့ပဲ ရှာရှာ 2009 နဲ့ပဲရှာရှာ ရအောင်လုပ်ရမယ်လေ။ 2008 က ပက်ဆင့်တွေက 2009 မှာ ဖတ်လို့ရတယ်။ ဒါပေမယ့် 2009 က ပက်ဆင့်တွေကို 2008 မှာ ဖတ်လို့မရဘူး။ အဲဒီဟာကို စဉ်းစားနေတာ။ 2009 ကို 2008…
-
FB မှာ နှစ်ယောက်တည်း အားပါးတရ ဆွေးနွေးခဲ့တာလေးတွေကို ပြန်လည်ပြုစုပေးထားတဲ့ မဟန ကိုကျေးဇူးတင်ပါတယ်။ http://www.lawka-ahla.com/news.php?item.786
-
ကျွန်တော် ornagai 1.0 ရောက်ရင် opensource ပေးမှာပါ။ စိတ်ချပါ။ ဘာလို့လည်းဆိုတော့ dictionary ဆိုတာ တစ်ခုတည်း တည်ရှိနေတာမဟုတ်ဘူးလေ။ နောက်ပြီး တိုင်းရင်းသားတွေလည်း သူတို့ဘာသာသူတို့ dictionary တစ်ခုလုပ်ချင်ကြမှာပဲ။ code ကိုလေ့လာချင်တဲ့လူတွေရှိမှာပဲ။ ကျွန်တော် နှစ်ကုန်မှ ပြန်ရေးဖြစ်မယ်ထင်တယ်။ ၂၀၁၀ နှစ်ဆန်းပိုင်း မှာ ကျွန်တော် ပြောဘူးတဲ့အတိုင်း ornagai ကို တကယ် opensource ပေးပြီး လူတိုင်း ယူသုံးခွင့်ပေးမှာပါ။ ဘယ်သူမဆို ကိုယ့်ဘာသာကိုယ် ဖန်တီးနိုင်အောင်ပေါ့။ တချို့တွေက ပြောတယ်။ အဲလိုလုပ်လိုက်ရင် dictionary တွေ ဖောင်းပွကုန်မှာပေါ့။ ranking တွေ ကျကုန်မယ်လို့ ပြောတယ်။ ကျွန်တော့်အနေနဲ့ ornagai တစ်ခုတည်းနဲ့ dictionary ဖြစ်နေတာမဟုတ်ဘူး။ တနည်းပြောရင် eng <> mya တစ်ခုတည်းနဲ့ dictionary ဖြစ်နေတာမဟုတ်ဘူး။ တိုင်းရင်းသားတွေလည်း သူတို့ဘာသာစကားနဲ့ လုပ်ချင်တဲ့လူ ရှိရင် ရှိမှာပဲ။ နောက်ပြီး အခြား…
-
ornagai မှာ Add ကို ခဏပိတ်ထားအုံးမယ်။ system ပိုင်းကို ပြန်ပြင်အုံးမယ်။ register လုပ်တဲ့လူတွေပဲ ထည့်ခွင့်ပေးတဲ့ system အပြင် image verify ကို ထပ်ဖြည့်မလို့ စဉ်းစားထားတယ်။ image verify အဆင့်ကတော့ ပြီးသွားပြီ။ member register ပိုင်းက လိုသေးတယ်။ လူတိုင်း လွယ်လွယ်ထည့်ခွင့်ပေးလို့ရတဲ့ system ကြောင့် ဒီလို ဖြစ်သွားတာပဲ။ ornagai v1.0 ကို အစအဆုံး MVC နဲ့ ပြန်လုပ်နေတယ်ဆိုတော့ တင်ဖြစ်အုံးမှာမဟုတ်သေးဘူး။ member system ပါလာတဲ့အတွက်ကြောင့် loading ကတော့ နည်းနည်းလေး ကျသွားနိုငတယ်။ imageverify ပါလာတဲ့အတွက်ကြောင့်လည်း loading ထပ်ကျနိုင်တယ်။ loading ကိုတော့ မကြည့်တာပဲ ကောင်းပါတယ်။ လက်ရှိအနေနဲ့ စာလုံးတွေ…
-
မြန်မာတွေကို တဖြည်းဖြည်းနဲ့ စိတ်ကုန်လာပြီ။ စာဖတ်လို့ ပြီးလို့ အခု ည ၂ နာရီထိုးသွားပြီ။ ဒါနဲ့ ornagai မှာ စာလုံးလေးတွေ သွားစစ်လိုက်အုံးမယ်လေ ဆိုပြီးသွားတော့ စာလုံး အလုံး ၃၀၀ လောက်ရှိတော့ အသစ်တွေ များလှချည်လားပေါ့။ စာလုံးတွေ စစ်ကြည့်လိုက်တော့ ဆဲထားတာတွေကော မကြားသင့်တဲ့ စာလုံးတွေကော နောက်ပြီး အဘိဓာန်ထဲမှာလည်း ရှာမတွေ့ google မှာလည်း ရှာမတွေ့တဲ့ စာလုံးတွေကော… အမှန်အကန် ဖြည့်ထားပေးတာ ၁ လုံး ၂ လုံးလောက်ပဲတွေ့သေးတယ်။ ကျွန်တော် စာလုံးတွေကို dictionary ၂ အုပ် နဲ့ တိုက်စစ် မတွေ့ရင် babylon မှာရှာ သေချာအောင် google မှာ ထပ်ရှာပြီး စာလုံးတွေ စစ်ပေးနေတာ…
-
အဲဒီလို မေးခွန်းလေးတွေ မေးလာရင် ကျွန်တော့်အနေနဲ့ကတော့ Yes,I can ပဲဗျ ။ အခု အချို့လူငယ်လေးတွေက ကိုယ်တိုင်ရေးသားဖို့ အားသန်ကြတာကို တွေ့ရလို့ သဘောကျမိပါတယ်။ ဒါပေမယ့်လည်း blogger ခင်ဦးမေ ပြောသလိုပေါ့။ ကျောက်တုံးကို ရွှေ့တယ်ဆိုတာ ရွေ့သွားမှ အလုပ်ဖြစ်တာပါတဲ့။ တွန်းနေတာက အလုပ်ဖြစ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့တွေအနေနဲ့ ကိုယ်ပိုင် CMS တစ်ခု ဖန်တီးနိုင်မလားဆိုတော့ ဖန်တီးနိုင်ပါတယ်။ ဒါဆို ဘာလို့ မဖန်တီးတာလဲဆိုတဲ့ မေးခွန်း ဆက်လာစမြဲပါ။ ဖန်တီးနိုင်ပါပေမယ့် LTS ( Long Term Support ) က မလွယ်လို့ပါ။ LTS မရှိရင် အဲဒီ CMS/Blog Engine လိုမျိုး project ကို မလုပ်သင့်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့…
-
ကျွန်တော်တို့တွေ Domain name တစ်ခုဝယ်ဖို့ရန်အတွက် Credit Card သို့မဟုတ် paypal လိုအပ်ပါတယ်။ domain name ဝယ်ယူရန်အတွက် မိမိနှစ်သက်ရာ domain ရောင်းတဲ့ site ဆီမှာ ဝယ်လို့ရတယ်။ နာမည်ကြီး domain ရောင်တဲ့နေရာ တွေကတော့ GoDaddy, Enom, DynDns, Name.com တို့ပါ။ နောက်ပိုင်းတော့ name.com မှာ ဝယ်ယူပါတယ်။ ဒါပေမယ့် သူ့ဆီမှာ ဝယ်ရင် Sub Domain တွေကို သီးသန့် ခွဲထုတ်လို့မရပဲ domain တစ်ခုပဲရပါတယ်။ subdomain တစ်ခု hosting တစ်ခုပေးချင်ရင်တော့ CNAME Record ရတဲ့ domain provider တွေကနေ ဝယ်ယူရပါမယ်။ domain ဝယ်ယူပြီးတဲ့အခါမှာ domain…
