saturngod
-
ဒီနေ့ Androido ကို စမ်းကြည့်တယ်။ အဖြေက ရှင်းပါတယ်။ မကြိုက်ဘူး။ ဘာလို့လည်းဆိုတော့ mouse သုံးမရလို့ပါ။ သူက touch ကို ရည်ရွယ်တဲ့ ပုံပေါ်တယ်။ နောက်ပြီးတော့ ဖုန်း OS တစ်ခုဖြစ်ပြီး လက်ရှိ အခြေအနေနဲ့ အဆင်မပြေဘူး။ Netbook မှာ သုံးဖို့လည်း မသင့်တော်သေးဘူးထင်တယ်။ touch နဲ့ ဆိုမှ အဆင်ပြေလိမ့်မယ်။ web ကို အားကိုးတဲ့ OS ဖြစ်တဲ့အတွက်ကြောင့် developer တွေအတွက် လုံးဝကို အဆင်ပြေမှာမဟုတ်ဘူး။ အများအားဖြင့် local စမ်းပြီးမှပဲ web ပေါ်တင်ကြတယ်ဆိုတော့ IDE တွေကလည်း web ပေါ်မှာ အခုထက်ထိ မရှိသေးဘူးလေ။ web ပေါ်မှာ လုပ်လို့မရသေးတာ အများကြီးပါ။ ဖုန်း…
-
လက်ရှိ ornagai အခြေအနေ။ အခု လက်ရှိ ornagai မှာ add word function ကို disable လုပ်ထားတယ်။ ဘာလို့လည်းဆိုတော့ စာလုံးတွေ ကျွန်တော် စစ်နေလို့ပါ။ အခု စာလုံးတွေလည်း စစ်ပြီးသွားပြီ။ ဒါပေမယ့် upload တင်တာ အခက်အခဲဖြစ်နေတယ်။gmail ဝင်ရတာလည်း ခက်နေတယ်။ ကျွန်တော် database ကော ပြောင်းထားတော့ ornagai code အသစ်တွေပါ upload တင်ဖို့ လိုသေးတယ်။ မနက်ဖြန် မနက်စောစော ကြိုးစားပြီး တင်ကြည့်ပါ့မယ်။ ဘာပြင်ထားလဲ။ ornagai အသစ်မှာ မြန်မာစာ search ပိုင်းလေးပဲ ပြင်ထားတာပါ။ ဘာမှထွေထွေထူးထူး မပြင်ထားပါဘူး။ မြန်မာစာ searching ပိုင်းကိုတော့ ပြီးခဲ့တဲ့ post မှာ…
-
အခု C# ထဲမှာ Excel rows 100 ရှိတဲ့ file 26 ခုကို Access ထဲမှာ သွားပေါင်းတာကို ပြန်ပြင်ရေးနေတာ ပြီးပြီ။ အစက စက်က ဟမ်းနေတယ်။ အစအဆုံး ပြီးမှ အလုပ်ပြန်လုပ်တယ်။ ဒါနဲ့ backgroundworker ကို သုံးလိုက်တယ်။ အစက ၁ ခုပဲ သုံးတာ အဆင်မပြေဘူး။ ၂ ခုသုံးလိုက်တော့ တော်တော်အဆင်ပြေသွားတယ်။ check လုပ်ထားတဲ့ list item ကို စစ်တာ တစ်ခု။ excel ကနေ access ကို သွားထည့်တာ တစ်ခု။ စုစုပေါင်း ၂ ခုနဲ့ ရေးတာအဆင်ပြေသွားပြီ။ Good Job!!! MySQL Fulltext ကို…
-
ရုပ်သံလွှင့် ဌာန တစ်ခုဖြစ်တဲ့ BBC ကလည်း သူတို့ ကိုယ်ပိုင် javascript library ဖြစ်တဲ့ Glow ကို စတင်ပြီး free & opensource ပေးလိုက်ပါပြီ။ Glow ကို လက်ရှိ သူတို့ site မှာ အသုံးပြုထားပါတယ်။ Glow ရဲ့ website ကတော့ http://www.bbc.co.uk/glow/docs/articles/what_is_glow.shtml အဲဒီ site မှာ Demo example လေးတွေကြည့်လို့ရပါတယ်။
-
Mozilla Labs ကနေ အသစ်လွှင့်တင်လိုက်တဲ့ site လေးပါ။ ကျွန်တော်တို့ Web Developer အနေနဲ့များပြားလှတဲ့ Library တွေကြားမှာ ဘာပိုကောင်းလဲ ဘာက ကိုယ့်အတွက် သင့်တော်မလဲစတာတွေကို ရွေးချယ်ရတာ တော်တော်လေး အာရုံစားပါတယ်။ အခု Mozilla က အကုန်လုံးကို တနေရာတည်းမှာ စုစည်းထားပေးတယ်။ search လုပ်လို့လည်းရတယ်။ ဥပမာ javascript လို့ ရိုက်လိုက်ရင် jquery,mootools, YUI (ကျွန်တော်သိတာ အဲဒီ ၃ ခုတည်း) အပြင် အခြား Library တွေပါ ထွက်လာတယ်။ တစ်ခုခြင်းဆီရဲ့ အကြောင်းကိုလည်း ရှင်းပြပေးထားတယ်။ နောက်ပြီး အဲဒီ site မှာ သုံးထားတဲ့ Javascript ကလည်း အတော်လေး လန်းတာကို တွေ့ရတယ်။…
-
တစ်ချိန်တစ်ခါတုန်းက HTML နဲ့ 3D လုပ်မယ်ဆိုတာ စိတ်ကူးပဲရှိခဲ့တာပါ။ အခုအခါမှာတော့ လက်တွေ့ဖြစ်လာခဲ့ပြီ။ ကျွန်တော်တို့တွေ HTML design တွေကို 3D ပုံစံနဲ့ ဖန်တီးလို့ရနေပြီ။ အခုအချိန်က ပြီးပြည့်စုံတဲ့ 3D မဟုတ်သေးပေမယ့် နောက်တစ်ချိန်မှာ Web Design လောက အနေနဲ့ပြောင်းလဲစရာတွေ ဖြစ်လာနိုင်ပါတယ်။ Firefox 3.5 နဲ့ Safari 4 , Chrome 3 တို့မှာ 3D Effect တွေ ရရှိလာပြီလေ။ တကယ်ကို အံဩဖို့ ကောင်းပြီး အဲဒီ site ကို မြင်လိုက်ချိန်က ဟာ ခနဲ့ ဖြစ်သွားပါတယ်။ coding ပိုင်းကလည်း CSS လေးနဲ့ပဲ သုံးသွားတော့ ယုံတောင် မယုံနိုင်ဘူး။…
-
HTML 5 အတွက် Cheat Sheet ထွက်လာပါပြီ။ Smashing Magazine မှာ တွေ့တာပါ။ HTML5 ကို စူးစမ်းလေ့လာနေတဲ့သူတွေအတွက် တော်တော်လေးကို အသုံးဝင်ပါတယ်။ http://www.smashingmagazine.com/2009/07/06/html-5-cheat-sheet-pdf/
-
Netbean ကို သွင်းဖို့အတွက် အရင်ဆုံး ကိုယ်သွင်းချင်တဲ့ version ကို http://www.netbeans.org/downloads/index.html မှာ သွားပြီး download ချလိုက်ပါ။ အဲဒီ အခါ .sh file လေးရလိမ့်မယ်။ ကျွန်တော်ကတော့ PHP version လေးကို download ချလိုက်တော့ netbeans-6.7-ml-php-linux.sh လေးရလာတယ်။ အဲဒါမသွင်းခင် ကျွန်တော်တို့ java-runtime သွင်းထားဖို့လိုတယ်။ Java Runtime သွင်းဖို့အတွက် Applications -> Add/Remove… ကိုသွားပါ။ Show : ဆိုတဲ့ combo box လေးမှာ All available Applications ကိုရွေးလိုက်ပါ။ ပြီးရင် Search မှာ Sun Java လို့ရှာလိုက်ရင် Sun Java 6…