saturngod

  • Myanmar IT Pro က post လေးပါ… ဖတ်ကြည့်သင့်တယ်ထင်လို့ပါ.. http://myanmaritpros.com/profiles/blog/show?id=1445004%3ABlogPost%3A29672 ဒါပေမယ့်လည်း … ကျွန်တော်ကတော့ ရန်ကုန်ကြီးကို ချစ်နေတုန်းပဲ… ရန်ကုန်ကြီးမှာပဲ အခုထက်ထိနေတုန်းပါပဲဗျာ…

  • I also think, myanmar ppl need to go other country… bc other country have great technology… we can learn and we can work in this country… and then we can get technology and we can sharing that technology and dvelop some project for myanmar country….. I always think like that…. nowsaday.. my idea is comming…

  • ကျွန်တော် ကိုယ်တိုင်က မြန်မာစာကို မြန်မာလိုရိုက်ရတာပဲ သဘောကျပါတယ်..ဒါပေမယ့် ကိုယ့်သဘောကျအတိုင်း လုပ်နေလို့လည်းမဖြစ်ဘူးလေ…ငါ ဒီလိုရိုက်လို့ မင်းတို့လည်း ဒီလိုပဲ ရိုက်သင့်တယ်လို့ တရားသေပြောလို့မရဘူး..လူဆိုတာတစ်ယောက်တစ်မျိုးရှိကြမြဲပဲ… burglish ရိုက်တဲ့လူတွေကလည်း burglish ရိုက်မှာပဲ..ဒါပေမယ့် burglish ရိုက်ပေမယ့် မြန်မာစာကို မမေ့စေချင်ဘူး..ဒါကြောင့် burglish texpad လေးကို စမ်းကြည့်စေချင်တယ်…မဆိုးဘူးဗျ.. မိုက်တာတော့ မိုက်တယ်..နောက်ပြီး ဝိဇ္ဖာဆိုရှိသေးတယ်…အဲဒါက windows မှာတောင် သုံးလို့ရတယ်..သေးလည်းသေးတယ်.. သုံးရတာလည်း ပေါ့တယ်..စမ်းချင်တဲ့ burglish သမားတွေ စမ်းကြည့်ကြပေါ့… အဆင်ပြေမယ်ဆို web ပေါ်မှာ burglish တွေထက်စာရင် မြန်မာစာလေး တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ.. http://burglish.googlecode.com/svn/trunk/desktop/bgl_textpad/bgl_textpad.exehttp://waitzar.googlecode.com/files/WaitZar_WIP_1.3.zip  

  • ဒီနေ့ google မှာ saturngod gmail ဆိုပြီး ရှာကြည့်လိုက်တော့ ကျွန်တော့် information တော်တော်များများထွက်လာတယ်။ အထူးသဖြင့် deviantart.com က information ပဲ။ ကျွန်တော်တို့တွေ community site တွေထဲမှာ ကိုယ့် Information တွေ ဖြည့်မိတာတွေ ကိုယ့် email လိပ်စာတွေ ထည့်မိတာတွေ ရှိကောင်းရှိမယ်။ ဒါဟာကောင်းလားဆိုတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီလိုမျိုး ကိုယ့် Information ကို အလွယ်တကူရှာတွေ့နိုင်တာ ကျွန်တော့် အထင်အတွက်တော့ မကောင်းဘူးထင်တာပဲ။ ကျွန်တော် ကိုယ်တိုင်က အေးအေးဆေးဆေးပဲ နေတတ်တဲ့လူတစ်ယောက်ဖြစ်ပြီး ကိုယ့်အကြောင်းလူမသိစေချင်ဘူး။ ဟိုးအရင်တုန်းက Internet ဆိုတာဘာမှန်း ကောင်းကောင်းမသိခင်တုန်းက တွေ့ရာနေရာမှာ ကိုယ့် information အမှန်တွေပဲ ထည့်ခဲ့ဘူးတယ်။ email တွေဆိုလည်း…

  • အခု HTML စာအုပ်ကို နည်းနည်းပြုပြင်ထားတယ်။ အဓိကတော့ design ပြင်လိုက်တယ်။ အရင်က InDesign နဲ့ရေးတယ်။ အခု Word နဲ့ပြောင်းပြီး ရေးထားတယ်။ PDF ပြောင်းလိုက်တော့ word က 1.38 MB လောက်ပဲရှိတယ်။ InDesing တုန်းက 3 MB လောက်ဖြစ်သွားတာကိုတွေ့ရတယ်။ အခုတော့ Word နဲ့ပဲ design တွေအစပြင်ထားပါတယ်။ စာတွေကတော့ အရင်စာတွေပါပဲဗျာ။

  • ဘာတွေမအားမှန်းတော့ မသိပါ။ ကိုယ့်ကိုယ်တောင် သေသေချာချာမသိဘူး။ တနေ့တနေ့ ဘာမှတောင် မလုပ်ရသေးဘူး ကုန်သွားပြန်ပြီ။ မီးလာချိန်ကတော့ မဆိုးပါဘူး။ အလှည့်ကျပဲပေါ့။ မီးမလာရင် အပြင်ထွက်ကာ လုပ်စရာလုပ်။မီးလာတော့ computer ရှေ့မှာ တကုတ်ကုတ်။အိမ်အလုပ်တော့ တို့မလုပ်။အိမ်ကပြောတော့ တုတ်တုတ်မလှုပ်။ဆူတာ ဆဲတာ မဆန်းတာ။အိမ်အလုပ်မှ မလုပ်တာ။ဘာတွေ ရှုပ်မှန်း မသိပါ။တနေ့ကုန်ပြန်ပြီဗျာ။   ဘာတွေမှန်းမသိအောင် အခုတလော ရှုပ်နေတယ်ဗျာ…. blog ရေးမယ်လုပ်လိုက်… မအားလိုက်နဲ့ပဲ… အခုတောင် file upload တင်နေလို့ စိတ်ထဲရှိတာ ရေးလိုက်တာပါဗျာ..

  • အခုတလော 2co က နာမည်ကြီးလာတာနဲ့ မြန်မာနိုင်ငံက သုံးလို့ရမလားဆိုပြီး မနေ့က စမ်းကြည့်တယ်။ ရပါ့ဗျာ။ အေးဆေးပဲ။ singup တွေ ဘာတွေ ဝင်လို့ရတယ်။ ဒါနဲ့ ကျွန်တော်လည်း မနက်ဖြန်မှ ဝင်တော့မယ်လေဆိုပြီး လုပ်ထားတာ။ ဒီနေ့ ဝင်မယ်လည်း လုပ်ရော paypal လိုမျိုး ပိတ်လိုက်တာလားမသိ။ ဝင်မရတော့ပါ။ မနေ့က မြန်မာနိုင်ငံက IP နဲ့ ကျွန်တော်ဝင်လိုက်လို့များ ကြောက်လန့်ပြီး လုပ်လိုက်တာလားမသိဘူး။ ဘာဖြစ်လို့လည်းဗျာ။ မြန်မာနိုင်ငံကလူတွေ အနေနဲ့ကော ဝယ်လို့မရသင့်ဘူးလား။ မြန်မာနိုင်ငံက လူတွေက online ပေါ်ကနေ ငွေသုံးခွင့်မရှိဘူးလား။ အဓိပ္ပာယ်မဲ့သလိုပဲ။ အဲလိုမျိုးကြီးပိတ်တာလည်း သူတို့အကြောင်းနဲ့ သူတို့ရှိမှာပါ။ မပြောချင်တော့ပါ။ မြန်မာနိုင်ငံကို စိတ်မကုန်ဘူး။ မြန်မာနိုင်ငံကို ပိတ်တဲ့ site တွေကို စိတ်ကုန်လာတာ။ ကြီးကျယ်တာလား…

  • typical install ဆို အဆင်ပြေတယ်ဗျ… custom install ဆို nero express မပါလာတော့ဘူး.. အဲမှာ သေတာပဲ.. သူမပါတော့ data ကို multi-session ကူးမရတော့ဘူး.. အခုတော့ ရွာပတ်နေတယ်.. 8 သွင်းပြီးတာ မှားပြီ… အခု 7 ပြန်သွင်းတာလည်း မရပြန်ဘူး.. ခက်၏… ခက်၏… 8 က typical ဆို အဆင်ပြေတယ်.. custom ဆိုလုံးဝကို အဆင်မပြေတော့တာ… အခုထက်ထိ 7 သွင်းနေတာ မရသေးဘူး.. ထပ်ကြိုးစားကြည့်အုံးမယ်.. 8 က hard disk နေရာယူတာ အရမ်းများတယ်.. typical သွင်းရင် 1.3 GB တောင်.. နည်းတာမဟုတ်ဘူး… အခုချိန်မှာတော့ 8…