saturngod

  • www.ucsystudents.com ကို MZ မှ UCSY ကျောင်းသား သူရ က Admin ချုပ်အနေဲ့ စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော်လည်း UCSY နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အပြုသဘောနဲ့ ရေးသားမှာပါ။ saturngod blog မှာ မရေးသးတော့ပဲ ucsystudens.com မှာပဲ ပြောင်းလဲပြီး ucsy အကြောင်းတွေကို ရေးသားပေးပါ့မယ်။ ကျောင်းသားတွေအတွက် အဆင်ပြေအောင် ucsystudents.com ကို တည်ထောင် လိုက်တာပါ။ နောက်ပိုင်း အများကြီး ဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

  • မန်း MICT Park မီးလောင်မှုကြောင့် alpha က အလုပ်ခေါ်တဲ့ စာမေးပွဲကို နောက်တော့ ရွှေ့ဆိုင်းလိုက်ကြောင်းသိရပါတယ်။ နေ့တွေကတော့ 13 ရက်နေ့ IQ Test 14 ရက်နေ့ Seminar for making project 15 ရက်နေ့ Project ဖြစ်ပါတယ်.

  • ဒီနေ့တော့ လှိုင်သာယာကို သွားဖြစ်တယ်။  အမှန်တိုင်းပြောရင် ဘယ်နားမှာ မှန်း မသိတဲ့ နေရာကို မှန်းပြီးသွားရတာပဲ။ ကျွန်တော်တို့ ညောင်တုန်း လမ်းခွဲထိ ရောက်သွားသေးတယ်။ ပြီးမှ မဟုတ်လောက်ပါဘူးဆိုပြီး ပြန်လှည့်လာပြီး မေးကြည့်တော့မှ ကျန်စစ်သားလမ်းထဲမှာ ဆိုတာ သိရတယ်။ ဘာပဲပြောပြော မောလည်းမောတယ်… မူးလည်းမူးတယ်.. လှုရတဲ့အတွက်လည်း ပီတိဖြစ်ရတယ်… အလှုခံတဲ့နေရာက ဘုရင့်တောင် တံတားကျော်သွားရင် နဝဒေးအိမ်ရာ ရောက်ပါမယ်…. နဝဒေးအိမ်ရာ အကျော်လေးမှာ ကျန်စစ်သားလမ်းရှိပါတယ်။ နဝဒေးအိမ်ရာက ညာဘက်မှာပါ။ ဘယ်ဘက်က ကျန်စစ်သားလမ်းကို ချိုးကွေ့ရပါမယ်။ ရှေ့လည်း ဆက်သွားလိုက်ရင် အမှတ် (၁၆) လား (၁၉) လားမသိ…. အခြေခံ မူလတန်းကျောင်းရှိပါတယ်။ အဲမှာ အလှုခံသလို မီးလောင်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့လူတွေကို နေရာ ချထားပေးပါတယ်။ အိမ်ခြေ ၁၉၅…

  • MCPA က ပေးတဲ့ ဆုပေါ့.. ဒီနေ့ ပေးတယ်ဗျ.. ဘယ်သူရသွားတယ်ထင်လဲ…. ရွေးချယ်တဲ့ အထဲမှာ… ရှမ်းပြည်နယ် MCPA Internet Internet Journal Myanmar Bloggers Zawgyi Myanmar Unicode System Myanmar NLP mmgeeks.org မှတ်မိသလောက်ပေါ့…. အဲဒါတွေပါတယ်… နောက်ထပ် ထပ်ဆင့် ရွေးထုတ်တော့…  ရှမ်းပြည်နယ် MCPA Zawgyi Myanmar Unicode System ကိုရွေးချယ်လိုက်ပါတယ်… နောက်ဆုံး အဆင့် ဘာရသွားလဲဆိုတော့….. ( ဘူဖေးမှာ အားပါးတရ စားလိုက်တော့.. ချက်တာ ဆီများလို့လားမသိဘူး… အီလည်လည်ဖြစ်နေလို့.. :D ဘူဖေးဆိုတော့လည်း အကြာကြီး စောင်ပြီးမှ စားခွင့် ရလိုက်တယ်.. :P ) …. ကျွန်တော်တို့အားလုံးရဲ့…

  • web ပေါ်မှာ Google ကိုပဲ ကျွန်တော်တို့ အသုံးပြုပြီး ရှာဖွေနေကြပါတယ်… ဒါပေမယ့် search engine အသစ်တွေက အမြဲ ထွက်ပေါ်နေဆဲပါ… Google ကိုတော့ ကျွန်တော် အပါအဝင် လူတော်တော်များများ နှစ်သက်သဘောကျ အသုံးပြုကြမှာပါ.. အခြား ကျွန်တော် နှစ်သက်တဲ့ search engine အသစ်က chacha.com ပါ… တော်တော်လေးကို သဘောကျမိတဲ့ search engine လေးပါ.. သုံးရတာလည်း မြန်ပါတယ်.. မကောင်းတာကတော့ မြန်မာစာကို ကောင်းကောင်း support မလုပ်တာပဲ… အခု hakia seach ကတော့ မဆိုးဘူးဗျ.. သူကတော့ စကားလုံး word ပေါ်မှာ အဓိက အခြေခံထားတဲ့ ပုံပဲ… Spelling Suggestion လေးက…

  • kaspersky offline update ဘယ်လိုလုပ်ရမလဲဆိုတာကို ရေးထားပေးပါတယ်… http://www.mmopenlibrary.com/saturngodblog/book/kaspersky update (offline).zip

  • မန်းက ရတနာပုံ ဈေး မီးလောင်တဲ့ ကိစ္စကို သိပြီးလောက်ပါပြီနော်… ကြားကြားခြင်း ဝမ်းနည်းမိတယ်ဗျာ.. အထူးသဖြင့် ဇော်ဂျီကို ထုတ်တဲ့ alpha က မန်းမှာပဲ ရှိတဲ့အတွက် စိတ်မကောင်းဘူးဗျာ… company တွေ အခြေအနေကော… ပြန်ပြီး နာလန်ထူနိုင်လောက်လား… မီးအာမခံကော မထားဘူးနဲ့တူတယ်… :( ဘယ်လိုပြောရမှန်းတောင် မသိဘူး.. မနက် ၈ နာရီလောက်ကတည်းက အဖေ ဖုန်းဆက်ကတည်းက သိတယ်… ခက်တာက ဝမ်းနည်းရုံပဲ တတ်နိုင်တယ်.. :D အခုချိန်မှာ ကျွန်တော်ကသာ Bill Gate လိုချမ်းသာမယ်ဆိုရင် ပြန်ပြီး ထူထောင်ရေး ကိစ္စတွေကို တစ်တပ်တစ်အားပါဝင်လိုက်ချင်တယ်.. အထူးသဖြင့် နည်းပညာ company တွေ မီးကြောင့် ဆုံးရှုံးမှုတွေကို ပိုပြီး ဝမ်းနည်းမိတယ်ဗျာ.. ဘာကူညီပေးလို့ရမလဲ မသိဘူး..…

  • Nero Burngin 8 ကတော့ GUI design ကို စမ်းသစ်ထားတယ်ဆိုတာထက် အသုံးပြုရလွယ်ကူပြီး user friendly ဖြစ်အောင် လုပ်ထားတာပါ။ အလှအပထက် အသုံးပြုရလွယ်ကူရေးကို ဦးစားပေးထားတာကို တွေ့ရပါတယ်။ smartstart ကို အဓိကပြောင်းလဲထားပါတယ်။ အရင်အဟောင်း nero burning rom ကတော့ပါရှိပေမယ့် ထူးထူးခြားခြား ပြောင်းလဲမှုမရှိပါဘူး။ smartstart ကတော့ အတတ်နိုင်ဆုံး wizard တွေကို လျော့ချထားတယ်။ တနည်းအားဖြင့် user အနေနဲ့ မျက်စိရှုပ်စရာမဖြစ်ပဲ ကြည့်လိုက်ရုံနဲ့ သုံးလို့ရအောင် ပြောင်းလဲထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် mp3 အတွက် rip ကိုပါ ထည့်သွင်းထားပြီး home entertainment အတွက်ပါ ထည့်သွင်းထားတာကို တွေ့ရတယ်။ သဘောအကျဆုံးကတော့ smartstart ပါပဲ။…