saturngod

  • alpha က ဒီတစ်ခေါက် အလုပ် စာမေးပွဲဟာ မန်းကနေ ရန်ကုန်ဆင်းပြီး အဆောင်နဲ့နေတဲ့ Computer သမားများ မန်းကိုပြန်ရောက်လာပြီး အလုပ်လုပ်စေလိုကြောင်း သိရပါတယ်။

  • ဒီနေ့မှ ဖတ်ဖြစ်တဲ့ blog အသစ်က post လေးပါ… သဘောကျလို့ ဖော်ပြလိုက်တာ.. http://hninyoonsis.blogspot.com/2008/01/blog-post_18.html သူတို့(၃)ယောက် ဘလော့ဂ်ရယ် ပိုက်ပိုက်ရယ် ဗိုက်ဗိုက်ရယ် ဆိုတဲ့သယ်ရင်း(၃)ယောက်ရှိတယ်။ ဘလော့ဂ်ဆိုတဲ့ သယ်ရင်းကိုတော့ ခင်တာမကြာသေးပါဘူး။ သူနဲ့မခင် ခင်တုန်းကဆိုရင် ပိုက်ပိုက်နဲ့ဗိုက်ဗိုက်က သိပ်ချစ်ကြတဲ့သယ်ရင်းတွေပေါ့။ ဗိုက်ဗိုက်ကလေး စားချင်တာကို ပိုက်ပိုက်ကအမြဲတမ်း လိုက်လုပ်ပေးတယ်။ ပိုက်ပိုက်ရဲ့ကျေးဇူးကြောင့် အမြဲတမ်းပျော်ရွှင်ကျန်းမာနေရတာပေါ့။ ဒါပေမယ့် ဘလော့ဂ်နဲ့ ခင်ပြီးတဲ့ နောက်မှာတော့ ပိုက်ပိုက်ကဗိုက်ဗိုက်ကို မခေါ်တော့ဘူး။ ဘလော့ဂ်လုပ်ချင်သမျှကို လိုက်လုပ်ပေးတယ်။ လိုအပ်တာရှိရင်လည်း ဖြည့်ဆည်းပေးတယ်။ ဗိုက်ဗိုက်ကို လှည့်မကြည့်တော့ဘူးပေါ့။ အခုတော့ ဗိုက်ဗိုက်က မေမေကျွေးမှ စားရတော့မယ့် ဘဝလေးကိုရောက်သွားပါပြီ။ ဗိုက်ဗိုက်: ဟင့်…ဟင့်…ဂွီ.ဂွီ………..။

  • ဒီနေ့ အပြင်မထွက်ခင် Calendar ကိုကြည့်လိုက်သေးတယ်..မနေ့က ပြဿဒါး.. ဒီနေ့ ရက်ရာဇာတဲ့…အင်း မနေ့ကတော့ ဘာပြသနာမှ မဖြစ်သလို ဘာမှလည်း ကံမကောင်းဘူးလေ…ဒီနေ့ကတော့ ရက်ရာဇာဆိုတော့ မနေ့ကလိုပဲလို့ ထင်တာပဲ..တက်တက်စင်အောင် လွဲတာပဲ….တစ်ယောက်အတွက် ရက်ရာဇာဟာ နောက်တစ်ယောက် အတွက်တော့ ပြဿဒါးဖြစ်တတ်ပါတယ်.. တကယ်အမှန်ပဲဗျာ…ကျွန်တော့်အတွက်ကတော့ ဒီနေ့ဟာ ပြဿဒါးပဲ…နောက်တစ်ယောက်အတွက်ကတော့ ရက်ရာဇာပဲ ဖြစ်မှာပါ… ဒီနေ့… ကျွန်တော့် ပေါ့ဆမှုကြောင့် ကျွန်တော့် ပိုက်ဆံအိပ်လေး ပျောက်သွားတယ်ဗျာ..နှမြောတာကတော့ အလှုငွေ ၃ သောင်းပါသွားတယ်ဗျာ…တကယ် အားလည်း နာတယ်ဗျာ.. ကျွန်တော့် ပေါ့ဆမှုကြောင့်ဆိုတော့..အဲဒီ ၃ သောင်းက ကိစ္စမရှိဘူး…ကျွန်တော် ပြန်စိုက်လို့ရတယ်…ခက်တာ ကားလိုင်စင်နဲ့ လက်ဆောင်ရထားတဲ့ ပိုက်ဆံအိပ်လေး….ဟူး…. ကောက်ရသွားတဲ့ ကောင်ကတော့ ပွသွားတာပေါ့…ပိုက်ဆံအကောင်းစားလေးနဲ့ ငွေ ၃သောင်းလောက်ဆိုတော့….တော်တော်လေးကံကောင်းတဲ့ ရက်ရာဇာပဲ… ကျွန်တော့်မှာတော့………

  • gmail, yahoomail,hotmail, youtube, metacafe တို့ကို မကျော်ပဲ တိုက်ရိုက်ရနေသလို.. blogspot ကိုလည်း ပြန်လည် ဖွင့်ပေးထားကြောင်းသိရပါတယ်..

  • ကျွန်တော်တို့တွေ Myanmar ရဲ့ code ကို mm လား my လားမသိ… ရောနေတတ်ပါတယ်.. ကျွန်တော်တို့တွေ မြန်မာ code က mm ပါ… မယုံရင် ဒီမှာ ကြည့် http://www.bcpl.net/~j1m5path/isocodes-table.html

  • www.ucsystudents.com ကို MZ မှ UCSY ကျောင်းသား သူရ က Admin ချုပ်အနေဲ့ စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော်လည်း UCSY နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အပြုသဘောနဲ့ ရေးသားမှာပါ။ saturngod blog မှာ မရေးသးတော့ပဲ ucsystudens.com မှာပဲ ပြောင်းလဲပြီး ucsy အကြောင်းတွေကို ရေးသားပေးပါ့မယ်။ ကျောင်းသားတွေအတွက် အဆင်ပြေအောင် ucsystudents.com ကို တည်ထောင် လိုက်တာပါ။ နောက်ပိုင်း အများကြီး ဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

  • မန်း MICT Park မီးလောင်မှုကြောင့် alpha က အလုပ်ခေါ်တဲ့ စာမေးပွဲကို နောက်တော့ ရွှေ့ဆိုင်းလိုက်ကြောင်းသိရပါတယ်။ နေ့တွေကတော့ 13 ရက်နေ့ IQ Test 14 ရက်နေ့ Seminar for making project 15 ရက်နေ့ Project ဖြစ်ပါတယ်.

  • ဒီနေ့တော့ လှိုင်သာယာကို သွားဖြစ်တယ်။  အမှန်တိုင်းပြောရင် ဘယ်နားမှာ မှန်း မသိတဲ့ နေရာကို မှန်းပြီးသွားရတာပဲ။ ကျွန်တော်တို့ ညောင်တုန်း လမ်းခွဲထိ ရောက်သွားသေးတယ်။ ပြီးမှ မဟုတ်လောက်ပါဘူးဆိုပြီး ပြန်လှည့်လာပြီး မေးကြည့်တော့မှ ကျန်စစ်သားလမ်းထဲမှာ ဆိုတာ သိရတယ်။ ဘာပဲပြောပြော မောလည်းမောတယ်… မူးလည်းမူးတယ်.. လှုရတဲ့အတွက်လည်း ပီတိဖြစ်ရတယ်… အလှုခံတဲ့နေရာက ဘုရင့်တောင် တံတားကျော်သွားရင် နဝဒေးအိမ်ရာ ရောက်ပါမယ်…. နဝဒေးအိမ်ရာ အကျော်လေးမှာ ကျန်စစ်သားလမ်းရှိပါတယ်။ နဝဒေးအိမ်ရာက ညာဘက်မှာပါ။ ဘယ်ဘက်က ကျန်စစ်သားလမ်းကို ချိုးကွေ့ရပါမယ်။ ရှေ့လည်း ဆက်သွားလိုက်ရင် အမှတ် (၁၆) လား (၁၉) လားမသိ…. အခြေခံ မူလတန်းကျောင်းရှိပါတယ်။ အဲမှာ အလှုခံသလို မီးလောင်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့လူတွေကို နေရာ ချထားပေးပါတယ်။ အိမ်ခြေ ၁၉၅…