saturngod

  • အခုတလော virus က တော်တော်ဆိုးဆိုးဝါးဝါး ရန်ကုန်မှာ ဖြစ်နေတယ်…ဖြစ်တာအများဆုံးကတော့ Flashy ပဲ…နောက်ပြီး Flashy version အသစ်…ပြီးရင် MS32DLL.vbs ပါ…Flashy virus ဝင်တဲ့စက်ကတော့ အဓိက folder option ပျောက်သွားတတ်ပါတယ်..MS32DLL.vbs စက်ကတော့ C:/ D:/ ကိုတော့ double click လုပ်ပြီးဝင်လို့မရပါဘူး… ကျွန်တော်တို့ ရန်ကုန်က လူတော်တော်များများက AVG ကိုသုံးတာတွေ့ရတယ်…အခုဖြစ်နေတဲ့ဟာတွေက ကျွန်တော်တို့တွေကတာ virus လို့ခေါ်တာ…တကယ်တန်း Antivirus software တွေက virus လို့မသိကြဘူး…ဘာဖြစ်လို့လည်းဆိုရင် အဲဒါတွေက worm ဖြစ်နေလို့ပါ…နောက်ပြီး တစ်ခါတစ်လေ spyware တွေဖြစ်နေတတ်ပါတယ်… ကျွန်တော်ပြောချင်တာကတော့ AVG Anti-virus တစ်ခုတည်း မသုံးပဲနဲ့AVG Antispyware ပါ တွဲသုံးပေးဖို့လိုလာပါတယ်…Flashy ကို AVG…

  • ဘာရယ်တော့ မဟုတ်ပါဘူး…ကျွန်တော့်ကို vbulletin forum software နဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးတဲ့ ကိုရဲနောင် ( Myanmar Family ) နဲ့ gtalk မှာ burglish နဲ့ ပတ်သက်ပြီးပြောခဲ့တာလေးပါ… ကျွန်တော် ကိုရဲနောင် ပြောတာတွေကို သဘောကျလွန်းလို့ ပြန်တင်ပြလိုက်တာပါ… me:နောက်လလောက်ဆိုရင် burglish က နေ zawgyi-one ပြောင်းလို့ရမယ်ထင်တယ်… အဲဒါက forum မှာထည့်မလို့… yenaung2009: အာ ညီလေးက အဲဒါက မြန်မာစာကို ပျက်စီးစေတယ် ရေသာခိုချင်တဲ့သူတွေများလာမှာ ပြီးတော့ တော်ဝင် ဘာသာမဟုတ်ပါဘူး me: ဟုတ်တော့ဟုတ်တယ်… ဒါပေမယ့်…burglish တွေချနေမယ့်အစား… yenaung2009: အကိုက အားမပေးဘူး ဟ မြန်မာပဲ me: မြန်မာလိုလေးပေါ်တော့ ပိုကောင်းမလားလို့……

  • အင်း… အခု second term ရောက်တော့ ကျောင်းချိန်ကပြောင်းသွားပြီ…အရင်တုန်းက 9:00 မှစတာ… အခု ကျောင်းကို ၈ နာရီအရောက်တဲ့ဗျာ..စိတ်ညစ်တယ်..မနက်ဆို ၆ နာရီထရတယ်…..ကျောင်းတောင် မတက်ချင်တော့ဘူး…အဖေနဲ့ အမေကြောင့်သာ တက်နေရတာ… အဲမပြီးသေးဘူး…ပြန်ချိန်ကတော့ ၃ နာရီခွဲ…တစ်နေ့ကို ၄ ချိန်တောင်သင်ရတာ…၁ ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင် စာသင်ရတာ…စိတ်တောင်ညစ်တယ်…စာသင်ချင်စိတ်က ၄၅ မိနစ်တောင်မခံနိုင်ဘူး…ကျွန်တော် ကြားဘူးတာတော့ ကျောင်းသား တစ်ယောက်က စာအသစ်ကို မှတ်သားဖို့က ၄၅ မိနစ်ထက် ပိုပြီး မမှတ်နိုင်ဘူးတဲ့…အဲဒါကြောင့် ကျောင်းစာသင်ချိန်က ၄၅ မိနစ်ပဲထားတာတဲ့…ငါတို့ UCSY က Computer သမားတွေဆိုတော့ IQ တော်တော်မြင့်တယ်ထင်လို့လားမသိဘူး..စာသင်ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင်ထားတာ…ကျောင်းဆင်းချိန်က မဆိုသလောက်လေးစောသွားတာပဲရှိတယ်…အိပ်ရာထချိန်ကတော့ အရင်ထက် ၁နာရီစောထကရတယ်…မမိုက်လိုက်တာဗျာ……

  • Office 2007 မှ မြန်မာလိုပေါင်းလို့ရပေမယ့် office 2003 user တွေ အတွက်တော့ အခက်တွေ့နေတုန်းပဲ… ဒါကြောင့် mmexcel ကို ပိုကောင်းအောင် ပြန်လုပ်ထားပါတယ်။function တွေရိုက်စရာမလိုပဲ… toolbar ကနေ click လုပ်လိုက်ရုံနဲ့ရအောင် လုပ်ထားပါတယ်။ Download File : http://www.mediafire.com/?e1wkgjvtv1tManual File : http://www.mediafire.com/?2bmm3bhendh

  • ဝမ်းသာစရာသတင်းပါ…တကယ်လုပ်လို့ရပါတယ်…ကျွန်တော် စမ်းကြည့်ပြီးပြီ…Microsoft က မြန်မာစာ Unicode ကို လစ်လျှူမရှုထားပါဘူးဆိုတာကို တွေ့လိုက်ရတာပဲ…Font ပိုင်းမှာတော့ မြန်မာစာ အတွက် Micrsoft က ထည့်သွင်းထားခြင်းမရှိသေးပါဘူး…ဒါပေမယ့် unicode font တွေတော်တော်များများထပ်ထည့်ထားတာကို windows vista မှာတွေ့ရပါတယ်…ကဲထားလိုက်ပါ.. ဒါတွေက ကျွန်တော်အပိုင်းမဟုတ်ဘူး…excel 2007 မှာ၁ ကို အလိုလို 1 လို့သိတယ်…၂ ကိုလည်း သူက အလိုလို 2 လို့သိတယ်…မြန်မာဂဏန်း အနှုတ်လေးရေးလို့ရပါတယ်…စာရင်းဇယားတွေကို မြန်မာလိုလုပ်နေသူတွေ ပြောင်းသုံးကြည့်ဖို့အကြံပေးပါရစေ…hardware requirement က သာမန် စာစီစာရိုက်ဆိုင်တွေ သုံးတဲ့ ပုံစံလောက်တော့မရဘူး…grahic card 64 MB လောက်တော့ အနည်းဆုံးရှိရမယ်..memory 256 လောက်မှ ရမယ်…နောက်ပြီး windows xp အထက်ဖြစ်ရမယ်…တောင်းတာလေးတွေ များပေမယ့် မဆိုးဘူးဗျ…

  • ခရီးသွားတုန်းက camera တစ်လုံးနှင့် ဟိုဟိုဒီဒီ လျှောက်ရိုက်နေတာ…ရန်ကုန်ပြန်ရောက်တော့ ပြန်ကြည့်တော့ ဘယ်လိုမှ ကြည့်လိုမလှလို့…ကောင်းမယ်ထင်တဲ့ဟာလေးလောက်ပဲ တင်လိုက်တော့တယ်..အဲဒါလည်း အဲလောက်မကောင်းဘူးလို့ထင်တာပဲ… ပွဲကောက်ရေတံခွန် ကန်တော်ကြီး ( ပိုက်ဆံကို မညှာတာ ပေးရသော ကန်တော်ကြီး ၊ ဈေးအလွန်ကြီးသော ကန်တော်ကြီး ) မေမြို့ကနာရီစင် မန်းတောင်မှ နေဝင်ချိန်

  • ကိုမျက်လုံး ၊ အစ်မ သဉ္ဇာ ၏ Tag မှုကိုခံလိုက်ရသောကြောင့် ကျွနု်ပ်၏ ပေါက်တတ်ကရ အကျင့်လေးများကိုရေးသားရန် အကြောင်းဖန်လာပါတော့သည်…….(ဝတ္တုထဲက အတိုင်းရေးကြည့်တာ) ကျွန်တော့်ရဲ့ အကျင့်လေးတွေကတော့…၁.ရောက်လေရာနေရာတွင် အိပ်ငိုက်တတ်ခြင်း ညဆိုရင် ၂ နာရီမှ အိပ်ပျော်တယ်… မနက်ရောက်ရင် ကျောင်းသွားဖို့ ၆ နာရီက ထရတယ်…အဲဒါကြောင့် ferry မှာ ရော ကျောင်းမှာပါ အိပ်တတ်သည်။ ကျောင်းပိတ်ရက်တွေ ဆိုရင်တော့ မနက် ၁၁ နာရီလောက်မှ ထတယ်… ၂.မီးပျက်ချိန်တွင် အရူးတစ်ယောက်ကဲ့သို့အော်ဟစ်ခြင်း မီးပျက်ပြီဆိုရင်တော့ မနေနိုင်ဘူး… မီးလာတာကို ထိုင်စောင့်ပြီး ပါးစပ်ကလည်း မီးရုံးကိုပဲ ဆဲဆိုနေတာ… မီးလာရင်တော့ ဟေးခနဲဆိုပြီး ဘောပွဲကြည့်တာထက် အသံကျယ်ကျယ်လောင်လောင်အော်တာပဲ… ၃.ဘာမှ မလုပ်တတ်ခြင်း အိမ်မှာ မီးလာရင် computer ရှေ့မှာထိုင်ပြီး တကုပ်ကုပ်ပဲ…

  • Vista သွင်းတုန်းက product Key မထည့်ခဲ့ရပါဘူး..File ကို Download ချလိုက်ပါ။http://www.mediafire.com/?8ijny5yto5kထို့နောက် .rar ကို ဖြည်လိုက်ပါ။Run -> MSCONFIG -> Tool -> Disable UAC လုပ်လိုက်ပါ။အစအဆုံး ပြီးမှ enable ပြန်လုပ်လို့ရပါတယ်။ကျွန်တော်ကတော့ enable ပြန်မလုပ်တော့ပါဘူး…ဘာဖြစ်လို့လည်း enable လုပ်ရင် program တွေ run လိုက်တိုင်း…run မလား မrun ဘူးလား မေးတဲ့ box တက်လာတာ ရှုပ်လွန်းလို့ပါ…OEMTOOL.EXE ကိုဖွင့်လိုက်ပါ။ကြိုက်တဲ့ product ကိုရွေးပါ။ကိုယ့်စက်နဲ့ကိုက်စရာမလိုပါဘူး…ပြီးလျှင် စက်ကို restart ချပါ… SLMGR.VBS -ilc C:\.XRM-MSဟုတ် cmd တွင်ရိုက်ပါ။ ကတော့ ကိုယ့်ရွေးထားတဲ့ product ပါ။Vista_OEM CRACK\CERTS အောက်မှာ .XRM-MS…