saturngod
-
ကိုမိုးတိမ်ရေးထားတဲ့ topic လေးကနေ ပြန်လည်တင်ပြလိုက်ပါတယ်.. ကျွန်တော် Your-freedom Software မသုံးတတ်သေးသူတွေအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးချင်ပါတယ်. Freedom Software ကိုအသုံးပြုနိုင်ဖို့အတွက် Freedom Account ရှိရပါမယ်။Account မရှိသူများ ဤနေရာတွင် Request လုပ်ပါ။ Account ရှိသူများ ဝိုင်းဝန်း ပြုလုပ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ဦးဆုံးပထမ Your-freedom Software ကို Download အရင်ချပါ။ Download Your FreedomFull Latest Version ပါ။ File Size တော့နည်းနည်းကြီးမယ်။ Dial-up User တွေအတွက် အဆင်သိပ်မပြေပါဘူး။ 28 MB လောက်ရှိတယ်။ Download ပြီးရင် Install လုပ်ရပါမယ်။ Install လုပ်ပုံကိုတော့ မတင်ပြတော့ပါဘူး။ အားလုံးလုပ်တတ်လိမ့်မယ်လို့…
-
မနေ့တုန်းက FEC 32 ကို ပိုက်ဆံ မရှိတာနဲ့ ချေးပြီးတော့ သွင်းလိုက်ရတယ်…နောက်ဆုံးရက်ဆိုတာနဲ့.. သွင်းနေတုန်း နောက်လ ဘယ်လောက်လဲလို့ မေးကြည့်လိုက်တယ်…FEC 103 တဲ့ဗျာ… အမလေး… လူကတော့ တော်တော်လေးလန့်သွားတယ်…ဟုတ်မှဟုတ်ရဲ့လားလို့… နှစ်စဉ်ကြေးပါပါတယ်တဲ့…ဒါပေမယ့် နှစ်စဉ်ကြေးက FEC 60 ပဲ…အဲဒါနဲ့ ဘယ်နှစ်နာရီပိုသုံးမိလဲလို့မေးလိုက်တယ်…၂၃ နာရီတဲ့… ဗျာ… တကယ်ရောဟုတ်ရဲ့လား…ကျွန်တော် အိမ်ကနေ usage info က check လိုက်တော့…ဟုတ်ပါ့ဗျာ.. တကယ်ပဲ… အော်… Internet ရဲ့ side effect က ပြင်းလိုက်တာ…အဲ…ဒါနဲ့တင်မပြီးဘူး…အိမ်မှာက အမြဲမီးပျက်နေတာ… အဲဒါကြောင့် လာတဲ့ ၆ နာရီအတွင်း မှာ Computer ကို အချိန်ပြည့်သုံးတာ..Internet ကိုတော့ Access Kit နဲ့ အချိန်ပြည့်နီးပါးချိတ်ထားတယ်…ဘာဖြစ်လို့လည်းဆိုတော့ image…
-
www.blogger.com မှာ အရင်ဆုံး register လုပ်လိုက်ပါ…Create Your Blog Now ဆိုတာလေးကို နှိပ်လိုက်ပါ..Google Account ရှိပြီးသူတွေကတော့ account ကို register လုပ်တဲ့နေရာမှာ google account sign in လုပ်လိုက်ပါ..Display name မှာ ကိုယ့် blog နာမည်လေးပေးခဲ့ပါ…ကိုယ့် blog address လေးကိုကြိုက်ရာပေးပေါ့..ပြီးရင် နှစ်သက်ရာ theme လေးရွေးလိုက်ပါ..ကဲ… register ပြီးသွားရင်တော့ စရေးလို့ရပြီ…Log in မဝင်ရသေးရင် ဝင်လိုက်ပါ… ပြီးရင် layout ကို ဝင်လိုက်ပါ.. Edit HTML ကို ဝင်လိုက်ပါ.. ကို ဆိုပြီးရှေ့မှာ Zawgyi-one ကိုထည့်လိုက်ပါ…body{ကို ရှာလိုက်ပါအဲအပေါ်မှာ@font-face {font-family: Zawgyi-One;font-style: normal;font-weight: normal;src:…
-
Apache 2.0.59 ကို download ချလိုက်ပါ.. 2.2.4 ကိုတော့ download မချနဲ့… php run လို့မရဘူး… အရင်ဆုံး IIS ကိုပိတ်ပါ.. ထို့နောက် run တွင် service.msc ကိုrun လိုက်ပါ… IISAdmin ကို right click -> Stop လုပ်ပါ.. ထို့နောက် Apache ကို install စလုပ်ပါ… network domain ကို localhost, servername ကို localhost, admin email ကိုadmin@localhost.com လို့ထည့်ပါ.. install သွင်းပြီးလျှင် browser တွင် localhost လို့ရိုက်ထည့်ကြည့်ပါ… ပြီးသွားရင်တော့ စပြီး config လုပ်ရမယ်… D:/Localhost/…
-
စာမေးပွဲလည်းပြီးပြီ ဒါပေမယ့်ဗျာ…ကျွန်တော့်တို့ နေတဲ့ ဘက်ပိုင်းမှာတစ်နေ့ကို မီးက ၆ နာရီပဲလာတယ်…အဲဒါ သေရောဗျာ…ရေးမယ်လုပ်ထားတဲ့ project တွေလည်း မလုပ်နိင်တော့ဘူး…blog ရေးဖို့ လုပ်လိုက်တိုင်းလည်း မီးက ပျက်သွားတယ်…ဘာဆိုဘာမှ လုပ်လိုကမရဘူး..မီးက ည ၆ နာရီက နေ ၁၂ နာရီထိ တစ်ခါ…နောက်နေ့ရောက်ရင် ည ၁၂နာရီက နေ မနက် ၆ နာရီထိပဲလာတယ်…လူအိပ်ချိန်ကြီးဗျာ….အခုတော့ စာမေးပွဲပြီးပြီဆိုတော့ လာတဲ့ အချိန်လေးပဲ ကြိုးစားပြီးလုပ်ရတော့မယ့်…ကျောင်းပိတ်တော့ အိပ်ရေးပျက်လို့ရတယ်…ကျောင်းဖွင့်ရင်တော့ မလွယ်ဘူး….Second Term ရောက်ရင် ကျောင်းကားက မနက် ၈နာရီထွက်မယ်တဲ့ဗျာ….ရက်စက်ပါ့…အင်း စဉ်းစားရင်း စဉ်းစားရင် ရန်ကုန်ကို တကယ် စိတ်ကုန်တယ်…
-
ကျွန်တော်တို့ MYSTYER ZILLION COMPUTER FORUM ကို… http://www.mysteryzillion.com /forum/ Computer ပိုင်းတွင် အခက်အခဲဖြစ်နေသူများ…Computer ပိုင်းကို စတင်လေ့လာသူများ…Computer ပိုင်းတွင် ဆွေးနွေးလိုသူများ…Computer ပိုင်းတွင် နည်းပညာဖြန့်ဝေလိုသူများ… နှင့်Computer ပိုင်းနှင့်သက်ဆိုင်သော နယ်ပယ်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်ထားခြင်းဖြစ်သည် မြန်မာများ စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်….ဗဟုသုတ ၊ ပညာများ တိုးတက်စေလိုသောကြောင့်…ကျွန်တော်တို့ ကြိုးစားပြီး တည်ဆောက်ထားခြင်းပင်Member များ ၊ လာရောက်လေ့လာသူများ အားလုံး စိတ်ရောလူရော ကျန်းမာချမ်းသာပါစေ ခင်ဗျာ… Saturngod
-
Apirl Fool တွင် အရူးမလုပ်ပဲ…MYSTERY ZILLION COMPUTER FORUM ကြီးကို စတင်ဖွင့်လှစ်လိုက်ပါတယ်…www.mysteryzillion.com/forum/
-
ကျွန်တော် အခုတလော internet တွေမှာ မြန်မာ Forum တော်တော်များများကိုတွေ့လာရတယ်ဗျ….ကျွန်တော်တို့ အရင်တုန်းကဆိုရင် Planet Forum တစ်ခုတည်းလို့ထင်ရလောက်အောင်ပါပဲဗျာ….အခုတော့ မဟုတ်ဘူး… Forum တွေက ပေါများလာလိုက်တာ.. အခုလို Forum တွေများလာတာကို ကျွန်တော်ကြိုဆိုပါတယ်ဗျာ…ဒါပေမယ့် ကျွန်တော်တွေ့ရတာလေးတစ်ခုရှိတယ်…အဲဒါဘာလဲဆိုရင် Forum တွေဟာ တစ်ခုနဲ့ ဟာကွဲပြားမှုသိပ်မရှိလှဘူး…ဒါပေမယ့် Forum တိုင်းမှာ သူတို့ ဦးတည်ချက်လေးတွေ ရည်ရွှယ်ချက်လေးတွေရှိကြတယ်..အတတ်နိုင်ဆုံးကြိုးစားထားတယ်…ဆိုတာကိုတွေ့ရတယ်… ဒါပေမယ့် အကြောင်းအရာတစ်ခုတည်းအတွက် တည်ထောင်ထားတဲ့ Forum ကရှားပါတယ်..အကြောင်းအရာပေါင်းမြောက်များစွာရောထွေးထားတဲ့ Forum တွေကိုတွေ့ရတယ်…ကျွန်တော်ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ အကြောင်းတစ်ခုတည်း (ဥပမာ နည်းပညာနဲ့ ပတ်သက်တာတွေ) ဆွေးနွေးဖို့လုပ်ထားတာရှားပါတယ်..Forum တိုင်းမှာ အကြောင်းအရာ အစုံအလင်ထည့်ထားပါတယ်…တဖက်က စဉ်းစားရင်လည်းကောင်းပါတယ်….ရသအစုံရတယ်… ဗဟုသုတရတာပေါ့…တဖက်က ကြည့်ပြန်တော့လည်း ကိုယ်လိုချင်တဲ့ အကြောင်းအရာကို သိနိုင်ချေ ရာခိုင်နှုန်းနည်းတယ်…ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း ဆွေးနွေးတာရှားပါတယ်…မေးချင်တဲ့ အပိုင်းကို…