saturngod

  • ဒီနေ့ ကျွန်တော် ကျောင်းကိုနောက်ကျမှ ရောက်တယ်…နောက်ကျတာလည်း အကြောင်းရှိပါတယ်…အစ်မက ခရီးသွားရမှာမို့ ကားဂိတ်ကိုလိုက်ပို့ရတယ်..ဒါနဲ့ ကိုယ့်ကားနဲ့ ကိုယ်သွားရတာပေါ့…ကျောင်းရောက်တော့..တံခါးကြီးပိတ်ထားတယ်…လေ…ဒါနဲ့…ဝင်ပေါက်နားမှာကားကို ရပ်လိုက်တယ်..ပြီးတော့ “ဝင်လို့ရလား…”“ဟိုဘက်မှာသွားပြောကြည့်လိုက်….”ဟိုဘက်လည်းရောက်ရော…“ကျောင်းတံခါးကို ၉ : ၃၀ ထိဖွင့်ထားပေးတယ်..အခု ၁၀ နာရီကျော်နေပြီ…ဘာဖြစ်လို့နောက်ကျတာလဲ…” “ကျွန်တော် ကားပျက်နေလို့ပါ…” “ဆင်ဖြေ ကတော့ ပေးလို့၇တာပေါ့…ဟိုဘက်ကို သွားပြောလိုက်…ကားနံပါတ်ရယ်…ခုံနံပါတ်ရယ်…မင်းတို့က ကျောင်းသားတွေပဲ..ဝင်ခွင့်ပေးမှာပါ…ဝင်ခွင့်မပေးဘူးမပြောပါဘူး..” “ဟုတ်ကဲ့….” ဟိုဘက်ကိုသွားခါနီးမှာ…ကား တစ်ဆီးထပ်ရောက်လာတယ်..“သမီး.. အဖေရောက်နေပြီ… ဘယ်လိုလာရမှာလဲ..” “အထဲဝင်လို့ရမလားမသိဘူး…”“သမီးနေမကောင်းဖြစ်နေလို့လာခေါ်တာ”“မရဘူး… သမီးကိုပဲ အပြင်ထွက်လာခိုင်းလိုက်ပါ” “ဂလု”ဘာပြောရမှန်းတောင်မသိတော့ဘူး…လူတောင်နင်တင်တင်တောင်ဖြစ်သွားတယ်…ဟိုဘက်လည်းရောက်ရော..roll number ကားနံပါတ်ပြောပြီးအချိန်မှာ… “ခဏခဏ…”“ပါချုပ်ကားရောက်လာတယ်…”အဲဒီအချိန်မှာပဲ…ကျောင်းထိပ်ကို… ကားတစ်စီးထွက်လာတယ်..ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်လည်းထွက်လာတယ်…ပါချုပ်ကားက…ဒီဘက်မှာ ကားနှစ်စီးပိတ်နေတာနဲ့…ထွက်ပေါက်ဘက်ကဝင်ဖို့လုပ်တယ်..ဟိုဘက်က ကားလာတာနဲ့တိုးတာပေါ့…ဒါနဲ့ ကားကိုရပ်လိုက်တယ်..ခပ်၀၀ မျက်နှာပေါက်ဆိုးဆိုးလို့တော့ မပြောချင်ပါဘူး…ငါတို့ ပါချုပ်ကြီးဆင်းလာတယ်…ကျောင်းဂိတ်ကို…လာပါလေရော..ဟိုမှာက ကားနှစ်စီးက ဝင်လို့မရထွက်လို့မရဖြစ်နေတာပေါ့..ဒါနဲ့ ပါချုပ်ကားက နောက်ဆုတ်ပေးလိုက်တယ်…ပါချုပ်ကတော့ ဘာတွေပြောနေမှန်းမသိဘူး…ကျောင်းကား ဂိတ်ကလူကြီးကို…အဲဒီမှာ ဟိုဘက်ကကားလည်းထွက်လာပါလေရော…ထိပ်လည်းရောက်ရော…ကားကို တားလိုက်တယ်..ပြီးတော့ ကျောင်းသားတွေကော… ဆင်းခိုင်းတယ်…ဘာတွေ မေးနေမှန်းတော့မသိဘူး…ဟိုဘက်က…

  • ဒီနေ့ကျောင်းမှာ seminer ပြောရတယ်… အဲဒီအတွက် အကြမ်းရေးထားတာလေးပေါ့…. တကယ်တမ်း ပြောတဲ့အချိန် အဲလောက်မကြမ်းပါဘူး… ဒီထဲကနေ အများကြီးလျှော့ပြီးပြောထားပါတယ်… တခြားလိုအပ်တာတွေလည်း ထပ်ပြောဖြစ်တယ်…. ဘယ်လိုနေလဲတော့ မသိဘူး…. ဒါပေမယ့် ကောင်းကောင်းကြီး အားရပါးရပြောလိုက်တာပဲ…

  • ကျွန်တော်ကတော့ ဒီနည်းလေးသုံးတယ်ဗျ…Your Freedom နဲ့ Gtalk ကိုဝင်လိုက်တယ်….Settings -> Connection -> Use the following proxy လို့ပြောင်းလိုက်တယ်..host: localhostport:8080ပေါ့ဗျာ..sign in ဝင်လို့ရသွားရင်…Settings -> Connection -> Detect Proxy automatically လို့ပြောင်းလိုက်တယ်..ပြီးရင် OK လုပ်လိုက်…ဒါဆိုရင် Gtalk ကို Connection ကောင်းကောင်းလေးနဲ့သုံးလို့ရသွားပြီ…Freedom ဆိုရင် ပြတ်လိုက်လာလိုက်နဲ့..သုံးလို့မကောင်းဘူး..

  • ကျွန်တော့် ကံဆိုးချက်က တော့ လွန်လွန်းပါတယ်ဗျာ..အခုတော့ ဘာ Computer မှ မရှိတော့ဘူး…ငှားထားတဲ့ Computer က ပထမဆုံး Moderm ပျက်တယ်..ဒါနဲ့ Moderm ကိုလဲလိုက်တယ်..Gtalk နေရင်း တန်းလန်းကနေ Computer က မလာတော့ဘူး..စစ်ကြည့်လိုက်တော့ VGA က ကြွသွားပြီ…သေရောဗျာ…ကျွန်တော် Hard Disk မဝယ်မချင်း Post ကောင်းကောင်းလေးတွေ ရေးနိုင်ပါ့မလားမသိဘူး…ဒါကြောင့် ကျွန်တော် လိုအပ်ရင် ရှာတဲ့ ပုံစံလေးပြောပြမလို့… ကျွန်တော် Project တွေ အသစ်ရေးချင်ရင်တော့www.sourceforge.net ကနေရှာတယ်.. လိုချင်တဲ့ဟာလေးတွေကိုပြင်ပြီး တင်ပါတယ်…mmglite ကလည်း အဲဒီကနေ ရလာတာပါ…glite ကနေ mmglite ဖြစ်အောင် ပြီးမှပြင်ခဲ့တာပါ… လိုအပ်တဲ့ code တွေလိုချင်ရင်တော့http://www.planet-source-code.com ကနေရှာပါတယ်..ရှာပြီးရင် ဖျက်ညှပ်ကပ်ပေါ့… နောက်တစ်ခုက စွယ်စုံကျမ်းကြီးပေါ့… ဗဟုသုတ…

  • မင်း…တော်တော်ရက်စက်တဲ့ကောင်ကွာ..မင်းကွာ…တော်တော်လုပ်ရက်တယ်…ငါ့ကို မင်းပေးခဲ့တဲ့ သုခက နည်းနည်းလေးပါကွာ..ငါ့ကို မင်းပေးတဲ့ ဒုက္ခကတော့…ငါ့ကို ကမ္ဘာခြားသွားချင်စိတ်ပေါက်အောင်လုပ်ရက်တယ်ကွာ…မင်းငါ့ဆီက သုခတွေကို ဘာလို့ပြန်ရုတ်သိမ်းသွားတာလဲ…မင်း ငါ့ Hard Disk ကို အလိုလိုနေရင်း ပျက်သွားအောင် ဘာလို့လုပ်တာလဲ…ဒါတောင်မကသေးဘူး.. ငါ့မျက်မှန်လည်း ကျိုးသွားပြီ..ငါ့မှာ အခုဘာကျန်လဲ…ဘာမှ မကျန်တော့ဘူး…ငါ့ကို အကူအညီပေးတဲ့ လူတွေတော့ရှိပါရဲ့..ဒါပေမယ့်…မင်းက တားဆီးတယ်..ငါ web hosting တစ်ခု လက်ဆောင်ရခဲ့တယ်..ဒါပေမယ့် အထဲလည်းဝင်လိုက်ရော…Access Denied တဲ့…အဲဒါဘာလဲကွ…ငါဘာလုပ်မှာလဲ..အေး..ငါ အံတုပြီးတော့ your freedom နဲ့ဝင်…သည်းခံပြီးတော့ ရအောင်စောင့်ခဲ့တယ်…ငါ့ File တွေတင်ဖို့ ငါရအောင် ကြိုးစားခဲ့တယ်…နောက်ဆုံးတော့ မင်းက ငါ့ Hard Disk ကို ဖျက်ဆီးပစ်လိုက်တယ်..ငါ… ဘာဆက်လုပ်ရမှာလဲ…ငါ…ငါ့မှာ… ဘာမှ မရှိတော့ဘူး…ရေးထားတာတွေ… ငါမျှော်လင့်ထားတာတွေ…အကုန်လုံး….သွားပြီ…မင်း လုပ်ရက်က ကြမ်းလွန်းတယ်ကွာ…ငါ့ကို နည်းနည်းမှတောင် ညာတာမှုမရှိဘူး..လုံး၀ Data Backup…

  • ကျွန်တော့် Hard Disk Circuit ပျက်စီးသွားပါသဖြင့်… အင်တာနက်ပေါ်သို့ တက်ရောက်ရန် အနည်းငယ်အခက်အခဲဖြစ်နေပါသည်

  • တချိန်က နာမည်ကြီးပြီး လူတွေကို ဒုက္ခပေးဘူးတဲ့ILOVEYOU Virus source code ပါ… သူက ရဲ့ အစွမ်းကတော့ It began in the Philippines on May 4, 2000, and spread across the whole world in one day (travelling from Hong-Kong to Europe to the United States), infecting 10% of all computers connected to the Internet and causing about 5.5 billion dollars in damage.…

  • ဒီနေ့ ကျောင်းသတင်းတစ်ခု VOA radio မှာပါလာတယ်..ဘယ်ကျောင်းသားလည်းပြောလိုက်တာလဲတော့မသိဘူး…ကျွန်တော်ကျောင်းသား ကျောင်းသူတွေ ဆရာဆရာမ တွေက ၈:၁၅ ဆိုရင် ဝင်လို့မရတော့ဘူး..လမ်းလျှောက်ဝင်ရတယ်…ကိုယ်ပိုင်ကားတွေပါတဲ့ကောင်တွေဆိုရင် လှည့်ပြန်ရတယ်… ဒါပေမယ့် DSA ကလာသင်တဲ့လူတွေကတော့ ကားနဲ့ဝင်လို့ရတယ်..ဘယ်အချိန်ပဲလာလာ… ကိုယ့်ကားလေးနဲ့ ဝင်သွားလို့ရတယ်… ကျောင်းသားတွေ ဘာကြောင့် ကျောင်းနောက်ကျတာလဲ..အဲဒီအချက်တွေလည်း ပြောထားတယ်လို့ပြောတယ်..ကျွန်တော်လည်း မသိပါဘူး…သူငယ်ချင်းပြန်ပြောတာ…များများစားစား ကျောင်းအကြောင်းမပြောချင်ဘူး..အော့နှလုံးနာလွန်းလို့….ဘာဆိုဘာမှ မပြောချင်တော့တာ…စိတ်ကုန်တာ အနှုတ်အမှတ်ကိုရောက်သွားပြီ… second term ကစပြီး ကိုယ့်ကိုယ်ကို UCSY ကလို့ပြောရမှာ ရှက်တယ်…တခြားနိုင်ငံက ကောင်တွေက ဟန်ပြ နာမည်ခံ ကျောင်းတဲ့ဗျာ..တစ်ပတ်ကို စက်ချိန် ၁ နာရီ ခွဲပဲရှိတယ်…ဒါလား ကွန်ပျူတာ တက္ကသိုလ်လားတဲ့… ကျွန်တော် ဘာပြန်ပြောရမှာလဲ…ဘာမှ ပြန်ပြောလို့မရဘူး..မှန်နေတော့ခက်သား…ဘာမှ ပြန်ပြောလို့မရဘူး… အခုပုံစံကို ကြည့်ပါအုံး..၂ ချိန်ဆက်ဆို ဆရာမတွေ သေပြီ…၃နာရီ ၂၀ မိနစ်တောင် သင်ရတာ…သေရောပေါ့..ကျောင်းသားတွေလည်း…