saturngod

  • အင်တာနက်အိမ်ကနေ သုံးတာကိုလျှော့မှပဲ…ဒီနေ့ bill လည်းရရောလန့်တောင်လန့်သွားတယ်….32 FEC တဲ့ဗျာ…Usage Over 12:32 တဲ့…သေရော….ရှိတဲ့ ပိုက်ပိုက်လေးတွေကတော့ ပြန်ခန်းအုံးမယ်..စာမေးပွဲပြီးရင်တောင် လည်ဖို့ မပြောနဲ့ အကြွေးတောင်တင်အုံးမယ်….စိတ်ညစ်တယ်…စာတွေလည်းမရသေးပါဘူးဆိုမှ…အင်း….စာမေးပွဲပြီးရင်တော့ Spam ပို့တဲ့ အကြောင်းလေးရေးပါအုံးမယ်…7 April ရောက်ရင်ပေါ့…အခုတော့ စာတွေ လိုက်ကူးလိုက်အုံးမယ်…

  • ယခု ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတွေဆီကို ကျွန်တော့်နာမည်နဲ့ ဂျာနယ်မကောင်းကြောင်းစာ ပေးပို့ခဲ့တယ်လို့သိရပါတယ်….အဲဒီစာကို ကျွန်တော်ပို့တာမဟုတ်ပါဘူး…နောက်ပြီး အဲဒီစာက ကျွန်တော့် Gmail SMTP server ကထွက်တာလည်း မဟုတ်ပါဘူး…ဘယ်သူလုပ်လဲဆိုတာကိုတော့ ကျွန်တော်မသိရသေးပါဘူး….ကျွန်တော့်နာမည် အလွဲသုံးစားလုပ်ပြီး ရောက်ရှိလာတဲ့ စာများအတွက်….မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကို တောင်းပန်ပါတယ်….

  • Disk Clean up လုပ်တဲ့ အခါမှာ Hibernate ကိုပါ clean up လုပ်ခဲ့မိရင် Hibernate ပျောက်သွားပါမယ်…ပြန်ပြီးတော့ ဖော်ချင်ရင်တော့ XP ကလို power option မှာမရတော့ပါဘူး…run -> cmd -> powercfg -H ON ဆိုပြီးရိုက်လိုက်ပါ…Hibernate ပြန်ရသွားပါမယ်…

  • ကျွန်တော် ပြီးခဲ့တဲ့နှစ်ကလုပ်ထားတဲ့ program လေးတွေပါ…အပျင်းပြေ ဗေဒင်လေးမေးကြည့်လိုက်ပေါ့.. Love Meter 1.5 | Mahabot | Today Fortune

  • ကျွန်တော်ဒီနေ့ ကိုစန်းဦးရဲ့ Blog ရောက်တော့ Wheel Of Fortune ဆိုတာလေးတွေ့မိတယ်..ကျွန်တော်တို့ အရင်တုန်းက မေးတဲ့ နတ်မျက်စိ လက်ထောက်ဗေဒင်ကို Flash နဲ့လုပ်ထားတာ..မိုက်တယ်ဗျ…အပျင်းပြေ ဗေဒင်လေးမေးကြည့်လိုက်ပေါ့.. Download

  • ကောင်းကြသေးရဲ့လားဗျာ….ကျွန်တော် ကျောင်းကိစ္စတွေ မပြောတာကြာလှပြီ…ကျွန်တော်တို့ ပါချုပ်မလာတာနဲ့ ဘာပြသနာမှ မဖြစ်တာလည်းပါတာပေါ့…အဲ..ဒီနေ့တော့ ရောက်ချလာပါရောဗျာ….ကျောင်းတစ်ခုလုံး စိတ်ညစ်ဖို့ ကံတရားကြီးဆိုက်ရောက်လာသလိုပဲ… ထုံးစံအတိုင်း uniform တွေလိုက်စစ်ပါလေရော….ဘယ်လောက်ထိတောင် လိုက်စစ်လဲဆို canteen ပါမကျန်ဗျာ…လိုက်စစ်တာ….ထားလိုက်ပါ….ကျောင်းစည်းကမ်းမလိုက်နာလို့ လက်မှတ်ထိုးခိုင်း…ကျောင်းက ရောင်းတဲ့ ပုဆိုးဝယ်ခိုင်းတာတွေ….ဒါတွေကတော့ ကျောင်းဘက်ကမှန်နေတယ်လို့တော့ ပြောနိုင်တာပေါ့… အဲ…ဒီနေ့ second year ကောင်လေးတစ်ယောက်…ကျောင်းစည်းကမ်းလိုက်နာပါတယ်…ဆိုးတာလေးတစ်ခုကတော့ အနွေးထည်လေးဝတ်လာမိလိုက်တယ်..ပါချုပ်နဲ့ လည်းတွေ့ရော…အနွေးထည်ကို သိမ်းသွားပါလေရော….ကောင်းကြသေးရဲ့လားဗျာ….ဒါတင် မပြီးသေးဘူး..roll no ပါမှတ်သွားသေးတယ်တဲ့….ငါတို့ ပါချုပ် အနွေးထည်တွေ လိုက်သိမ်းနေတာ ဘာလုပ်မလို့လဲမသိဘူး….ပြီးရင် လမ်းဘေးမှာ ချရောင်းဖို့လားမသိဘူး… မနှစ်ကလည်း ကောင်မလေးတစ်ယောက်…ဝတ်လာတာ မြန်မာဆန်ဆန်လေးပါ….ပါချုပ်က ဘာပြောလဲထင်လဲ…ကျောင်းစည်းကမ်းလိုက်မနာဘူးတဲ့…အဲဒီတုန်းက ဆရာမတွေကတော့ နည်းနည်းကြောင်သွားတယ်…ဘာဖြစ်လို့လည်းပေါ့….ကောင်မလေးက ကျောင်း uniform နဲ့ပဲပေါ့….ဘာပြစ်ချက်ရှိလို့လဲ…ဆိုပြီးတော့ စဉ်းစားကြသေးတယ်…အပေါ်က အင်္ကျ ီ ထပ်ဝတ်လာတယ်တဲ့..ဆိုပြီးပါချုပ်က အနွေးထည် သိမ်းသွားရောဗျာ….ကောင်းသေးရဲ့လားဗျာ…. မနှစ်တုန်းကတော့ အနွေးထည်တွေတော်တော်လေး သိမ်းခံထိလိုက်တယ်…ဘာလုပ်မလို့လဲမသိဘူး…အနွေးထည်တွေလိုက်သိမ်းပြီးတော့…စိတ်ညစ်ဖို့ကောင်းတယ်… ဒါကြောင့်…

  • Gmail က စာဝင်တဲ့ ပုံစံနည်းနည်းပြောင်းသွားတာလား မသိဘူး..ဒါမှ မဟုတ် server ပဲ hack ခံရတာလားမသိဘူး…MMGltie မှာ စာဝင်တဲ့ ပုံစံ မတူဘူးဖြစ်သွားတယ်…Tag တွေ ကြောင့် ပြသနာတက်သွားတယ်ဗျာ..< တွေကို သူက u003c ဆိုပြီးပြောင်းလိုက်တာ...အခုတော့ ကျွန်တော်ပြင်ပြီးသွားပါပြီ….နဂိုအတိုင်းပြန်ပေါ်အောင်လုပ်ပြီးပါပြီ…

  • အဲဒီအကြောင်းကို Internet Journal မှာဖတ်မိလိုက်တော့ ဒီ Topic လေးကို ရေးမိလိုက်တာ…အဲဒီက အကြောင်းလေးတွေကို reference လုပ်ထားပါတယ်..ကျွန်တော်တို့မှာ E-mail ကိုစွဲလမ်းနေတယ်လို့ထင်တယ်…ကျွန်တော်တို့မှာ E-mail ကို တစ်နေ့ကို တစ်ခါထက်မက စစ်နေပါတယ်…အမှန်တိုင်းပြောမယ်ဆိုရင် ကျွန်တော်လည်း E-mail ကို တစ်နေ့ကို ၃ ခေါက်လောက်စစ်ဖြစ်တယ်…ဒါတောင် အနည်းဆုံးပါ…တစ်ခါတစ်လေ ဘယ်နှစ်ခေါက်မှန်းတောင် မသိတော့ပါဘူး..ဘာဖြစ်လို့လည်းဆို သူငယ်ချင်းတွေဆီက စာလာလာတတ်လို့ပါ…တစ်ခါတစ်လေ Inbox ထဲမှာ စာတစ်စောင်မှ မရှိရင် ဘယ်လိုမှန်းမသိဘူး…နည်းနည်းဟာတာတာဖြစ်သွားတယ်…ဘာဖြစ်လို့မှန်းမသိဘူး….အဲ Inbox ထဲမှာ စာတွေက ၃ စောင်လောက်ဆိုရင်ပျော်သွားရော…အဲဒီလို ပျော်သွားခြင်းက ကျွန်တော်တို့ကို စွဲလမ်းခြင်းရောပါဖြစ်စေတာပဲ…ကျွန်တော်တို့ ခရီးသွားတယ်ဆိုရင်တောင် E-mail စစ်လို့ရနိုင်မယ့် နေရာလေးကို ရှာတတ်ကြပါတယ်…ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ စာတွေမျှော်နေတတ်ပါတယ်…အဲဒီလို စွဲလမ်းမှုဟာ မဖြစ်သင့်ဘူးလို့ကျွန်တော်ထင်ပါတယ်…တနည်းအားဖြင့် ဒါဟာ စိတ်ရောဂါ တစ်မျိုးလို့ထင်တယ်…ဒါကြောင့် ကျွန်တော်…