saturngod

  • Apache 2.0.59 ကို download ချလိုက်ပါ.. 2.2.4 ကိုတော့ download မချနဲ့… php run လို့မရဘူး… အရင်ဆုံး IIS ကိုပိတ်ပါ.. ထို့နောက် run တွင် service.msc ကိုrun လိုက်ပါ… IISAdmin ကို right click -> Stop လုပ်ပါ.. ထို့နောက် Apache ကို install စလုပ်ပါ… network domain ကို localhost, servername ကို localhost, admin email ကိုadmin@localhost.com လို့ထည့်ပါ.. install သွင်းပြီးလျှင် browser တွင် localhost လို့ရိုက်ထည့်ကြည့်ပါ… ပြီးသွားရင်တော့ စပြီး config လုပ်ရမယ်… D:/Localhost/…

  • စာမေးပွဲလည်းပြီးပြီ ဒါပေမယ့်ဗျာ…ကျွန်တော့်တို့ နေတဲ့ ဘက်ပိုင်းမှာတစ်နေ့ကို မီးက ၆ နာရီပဲလာတယ်…အဲဒါ သေရောဗျာ…ရေးမယ်လုပ်ထားတဲ့ project တွေလည်း မလုပ်နိင်တော့ဘူး…blog ရေးဖို့ လုပ်လိုက်တိုင်းလည်း မီးက ပျက်သွားတယ်…ဘာဆိုဘာမှ လုပ်လိုကမရဘူး..မီးက ည ၆ နာရီက နေ ၁၂ နာရီထိ တစ်ခါ…နောက်နေ့ရောက်ရင် ည ၁၂နာရီက နေ မနက် ၆ နာရီထိပဲလာတယ်…လူအိပ်ချိန်ကြီးဗျာ….အခုတော့ စာမေးပွဲပြီးပြီဆိုတော့ လာတဲ့ အချိန်လေးပဲ ကြိုးစားပြီးလုပ်ရတော့မယ့်…ကျောင်းပိတ်တော့ အိပ်ရေးပျက်လို့ရတယ်…ကျောင်းဖွင့်ရင်တော့ မလွယ်ဘူး….Second Term ရောက်ရင် ကျောင်းကားက မနက် ၈နာရီထွက်မယ်တဲ့ဗျာ….ရက်စက်ပါ့…အင်း စဉ်းစားရင်း စဉ်းစားရင် ရန်ကုန်ကို တကယ် စိတ်ကုန်တယ်…

  • ကျွန်တော်တို့ MYSTYER ZILLION COMPUTER FORUM ကို… http://www.mysteryzillion.com /forum/ Computer ပိုင်းတွင် အခက်အခဲဖြစ်နေသူများ…Computer ပိုင်းကို စတင်လေ့လာသူများ…Computer ပိုင်းတွင် ဆွေးနွေးလိုသူများ…Computer ပိုင်းတွင် နည်းပညာဖြန့်ဝေလိုသူများ… နှင့်Computer ပိုင်းနှင့်သက်ဆိုင်သော နယ်ပယ်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်ထားခြင်းဖြစ်သည် မြန်မာများ စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်….ဗဟုသုတ ၊ ပညာများ တိုးတက်စေလိုသောကြောင့်…ကျွန်တော်တို့ ကြိုးစားပြီး တည်ဆောက်ထားခြင်းပင်Member များ ၊ လာရောက်လေ့လာသူများ အားလုံး စိတ်ရောလူရော ကျန်းမာချမ်းသာပါစေ ခင်ဗျာ… Saturngod

  • Apirl Fool တွင် အရူးမလုပ်ပဲ…MYSTERY ZILLION COMPUTER FORUM ကြီးကို စတင်ဖွင့်လှစ်လိုက်ပါတယ်…www.mysteryzillion.com/forum/

  • ကျွန်တော် အခုတလော internet တွေမှာ မြန်မာ Forum တော်တော်များများကိုတွေ့လာရတယ်ဗျ….ကျွန်တော်တို့ အရင်တုန်းကဆိုရင် Planet Forum တစ်ခုတည်းလို့ထင်ရလောက်အောင်ပါပဲဗျာ….အခုတော့ မဟုတ်ဘူး… Forum တွေက ပေါများလာလိုက်တာ.. အခုလို Forum တွေများလာတာကို ကျွန်တော်ကြိုဆိုပါတယ်ဗျာ…ဒါပေမယ့် ကျွန်တော်တွေ့ရတာလေးတစ်ခုရှိတယ်…အဲဒါဘာလဲဆိုရင် Forum တွေဟာ တစ်ခုနဲ့ ဟာကွဲပြားမှုသိပ်မရှိလှဘူး…ဒါပေမယ့် Forum တိုင်းမှာ သူတို့ ဦးတည်ချက်လေးတွေ ရည်ရွှယ်ချက်လေးတွေရှိကြတယ်..အတတ်နိုင်ဆုံးကြိုးစားထားတယ်…ဆိုတာကိုတွေ့ရတယ်… ဒါပေမယ့် အကြောင်းအရာတစ်ခုတည်းအတွက် တည်ထောင်ထားတဲ့ Forum ကရှားပါတယ်..အကြောင်းအရာပေါင်းမြောက်များစွာရောထွေးထားတဲ့ Forum တွေကိုတွေ့ရတယ်…ကျွန်တော်ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ အကြောင်းတစ်ခုတည်း (ဥပမာ နည်းပညာနဲ့ ပတ်သက်တာတွေ) ဆွေးနွေးဖို့လုပ်ထားတာရှားပါတယ်..Forum တိုင်းမှာ အကြောင်းအရာ အစုံအလင်ထည့်ထားပါတယ်…တဖက်က စဉ်းစားရင်လည်းကောင်းပါတယ်….ရသအစုံရတယ်… ဗဟုသုတရတာပေါ့…တဖက်က ကြည့်ပြန်တော့လည်း ကိုယ်လိုချင်တဲ့ အကြောင်းအရာကို သိနိုင်ချေ ရာခိုင်နှုန်းနည်းတယ်…ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း ဆွေးနွေးတာရှားပါတယ်…မေးချင်တဲ့ အပိုင်းကို…

  • Forum ဆိုတာ အင်တာနက်ပေါ်မှာဆွေးနွေးပြောဆိုခြင်းပင်….Forum ဆိုတာ အဓိကအားဖြင့် Topic တစ်ခုကို တစ်ယောက်က ထောင်ထားမယ်ဆိုပါဆို့…အဲဒီ Topic အောက်မှာ ကိုယ့် အယူအဆတွေ အကြံပေးချက်တွေကို တခြားလူတွေက ဝင်ရောက်ရေးသားတာပဲ…အဲ…Topic ဘာလို့ထောင်ရမှာလဲ…ဘာလို့ထောင်ရတာလဲဆို…မေးစရာတွေရှိလို့…တိုင်ပင်စရာတွေရှိလို့…စဉ်းစားစရာတွေရှိလို့…အကြောင်းအရာပေါင်းမြောက်များစွာ အတွက် Topic တွေရှိလာတာပါ… ဥပမာ ကျွန်တော်က JAVSCRIPT နဲ့ ပတ်သက်ပြီး မသိတာရှိမယ်…ကျွန်တော် ဘယ်လိုရေးရမှန်းမသိဘူး… ပတ်ဝန်းကျင်မှာလည်း ကျွမ်းကျင်တဲ့လူ မရှိဘူး…Internet မှာရှာတော့လည်း မျက်စိတွေမူးသွားတယ်.. ဘယ်ဟာကို သုံးရမှန်းမသိတော့ဘူး…ဘယ်လိုလုပ်မလဲ… အဲလိုဖြစ်တဲ့အခါဆိုရင် ကျွန်တော်က Webdeveloper Forum ကိုသွားတယ်..JAVASCRIPT နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်အောက်ဝင်လိုက်တယ်..ပြီးတော့ ကျွန်တော်ပြသနာရဲ့ ခေါင်းစဉ်ကို Topic တင်လိုက်တယ်…ပြီးတော့ ကျွန်တော်ဖြစ်နေတဲ့ ပြသနာတွေကို ရေးချထားလိုက်တယ်… နောက်တစ်ရက်နှစ်ရက်လည်းရောက်လာရော ဖြစ်နိုင်ချေတွေ….ဖြေရှင်းချက်တွေ…သူများတွေ ဝင်ရောက်ရေးသားပေးတာတွေတွေ့ရရော…အဲဒီဟာတွေကို သေသေချာချာဖတ်…ပြီးတော့ သူတို့ပြောတဲ့အတိုင်းလုပ်ကြည့်…ရသွားရင် ကျေးဇူးတင်တယ်…

  • Comment ထည့်မယ်… ကျွန်တော်စာမေးပွဲက မနက်ဖြန်ဖြေရမှာ…စာတော့်မရဘူး…ဒါလေးတော့ ရသွားမယ်… Step 1: Goto Template->Edit HTML tab. Find the </head> </head> အပေါ်မှာ ဒီစာလေးဖြည့်လိုက်.. <script type=’text/javascript’src=’http://www.anniyalogam.com/widgets/hackosphere.js’ /> ဒါဆိုရင် ဒီလိုလေးဖြစ်သွားမယ်.. <script type=’text/javascript’src=’http://www.anniyalogam.com/widgets/hackosphere.js’ /> </head> ပြီးရင် Page Element မှာ Add a page element ကိုသွား…. HTML / Javascript ကိုရွှေး… ဒါလေးထည့်လိုက်ပါ… <br/><script language=”javascript”>var numcomments = 10;var numchars = 100;</script><script src=”http://yourblog.blogspot.com/feeds/comments/default?alt=json-in-script&callback=commentDisplay”></script> ဒါဆိုရင် ရသွားပါမယ်…

  • စာကျက်လို့မရမဲ့အတူတူဆိုပြီး ဒါလေးကို ရေးလိုက်တာ…Spam Mail ဆိုတာကတော့ ကိုယ့်ဆီကို ကိုယ့်အတွက် အသုံးမဝင်တဲ့စာတွေ…ကြောငြာတွေရောက်လာတာလို့ဆိုလို့ရတယ်…လူတွေက Spam Mail တွေဘာကြောင့် ပို့ရတာလဲဆို အဓိကက ကြော်ငြာအတွက်…နောက်ပြီး အပျော်သဘောပေါ့…ဒီထက်ဆိုးလာရင် Spam Mail ကို တစ်စောင်ပဲမပို့ပဲ အစောင်ပေါင်းမြောက်များစွာကိုပို့တတ်ပါသေးတယ်… Spam Mail ပို့မယ်..ဘယ်လိုပို့မလဲ…ကိုယ့် Email Address နဲ့ပို့မလား…ပို့ရင်တော့ ကိုယ်သေမှာပဲ…ကိုယ့်ဆီပြန်ပို့ရင် ပြသနာ…ကိုယ့်ဆီလည်း ပြန်မပို့ချင်ဘူး…ကိုယ်ပို့တယ်ဆိုတာလည်း မသိချင်ဘူး…ဒါဆိုဘယ်လိုလုပ်မလဲ…. မပူပါနဲ့…SMTP Email Server တွေရဲ့ အားနည်းချက်နဲ့ လုပ်တာပေါ့…SMTP ဆိုတာ mailပို့ဖို့ အတွက်သုံးတဲ့ Server ပါ…Mail ပို့ဖို့က ဘာလိုလဲဆို ဘယ်သူ့ဆီပို့မှာလဲ…Subject ကဘာလဲ…Message ကဘာလဲ..ဒါပဲလိုတာ…ဘယ်သူကပို့လိုက်တာလဲဆိုတာက optional ပါ…Mail မရောက်ဘူးဆိုတာ ပြန်လာဖို့ပဲသုံးတာ…အဲတော့ ဒါကိုအသုံးချလို့ရမယ်…ဘယ်လိုအသုံးချမလဲ…မပူပါနဲ့…VB6 နဲ့ရေးထားတဲ့ Program လေးရှိပါတယ်…opensoure ပါ….VB6…