saturngod
-
ကွန်ပျူတာ တတိယနှစ်ပြီးသောအခါ တစ်နှစ် တစ်တန်း နဲ့ ဘာလိုလိုနဲ့ တတိယနှစ်တောင် အောင်သွားပြီ…..မအောင်စရာ အကြောင်းလည်း မရှိဘူးလေ ၊ လူတိုင်းကို အောင်နေတာပဲ…အတင်းကို အအောင်ပေးတာပဲ…ကွန်ပျူတာက တစ်နှစ် တစ်နှစ်ပြီးသွားတဲ့ လူတွေက မနည်းဘူး….ဒါပေမယ့် ကွန်ပျူတာ ပညာရှင်တွေတော့ မဟုတ်ကြဘူးဗျ….ဘွဲ့လက်မှတ် ရမဲ့ သူတွေ.. ကွန်ပျူတာ တက္ကသိုလ်က A ခန်းကလူတွေကတော့ တကယ်တော်တယ်ဗျာ…စာတော်တော်ကျက်နိုင်တယ်ဗျ…ကျွန်တော်ကတော့ စာကျက်လည်း မကျက်ချင်ဘူး… ကျက်ရမှာလဲ ဝါသနာ မပါဘူးဗျ… ဒါကြောင်း A ခန်းလည်း မရောက်ဘူး… ကဲ..ဒါတွေထားလိုက်ပါ… တတိယနှစ်ပြီးတော့ ဘာဆက်လုပ်ရမလဲဆိုတာ ကောင်းကောင်းမသိတော့ဘူး…. တယောက်တမျိုးပေါ့ဗျာ… တချို့တွေက စင်္ကာပူထွက် ပြီး စာဆက်သင် ၊ တချို့ကျတော့လည်း Hones ဆက်တက် ၊ Hones မဝင်တဲ့သူတွေက MCSE တို့…
-
Windows -> Run -> “%HOMEPATH%\Local Settings\Application Data\Google\Google Talk\themes\system\chat” လို့ရိုက်လိုက်ပါ။ Copy BubblePicture and Past လုပ်ပါ။နောက်ပြီး ကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ ကျွန်တော်ကတော့ MMBubblePicture ဆိုပြီးပေးလိုက်ပါပြီ။ Contents\Resources\main.css ကိုဖွင့်လိုက်ပါ။ DIV#content တွင် Font ကို Zawgyi-One ဖြည့်ထည့်လိုက်ပါ။ DIV#content { font: 12px Zawgyi-One,Arial;} DIV.chat SPAN.salutation{….} တစ်ခုလုံးကို copy ကူးပြီး paste လုပ်လိုက်ပါ။ ထို့နောက် နောက်တွင် -i နှင့် -o ဖြည့်ထည့်လိုက်ပါ။ DIV.chat SPAN.salutation-i { font-weight: bold; display: block; border-bottom: 1px solid…
-
MMGLite ဟာ မြန်မာလို မေးပို့ မေးလက်ခံနိုင်ပါတယ်။ gmail အသုံးပြုသူများအတွက်သာဖြစ်ပါတယ်။ gmail သုံးသူ အချင်းချင်း မြန်မာလို စာပို စာလက်ခံနိုင်တယ်။ ဒါပေမယ့် HTML base မဟုတ်ပဲ text base ဖြစ်နေသေးတယ်။ သုံးရတာက မြန်မာ GUI ပဲ ။ glite ကို ပြန်ပြင်ထားတာ။ gmail အသုံးပြုသူတွေ အတွက်တော့ တော်တော်လေးကောင်းမယ်ထင်တယ်။ နောက်ပြီး Font Embed သုံးထားပြီ Zawgyi-one Keyboard မရှိပဲ မြန်မာလို ရိုက်နိုင်အောင်လုပ်ထားတယ်။ လက်ကွက်က ဝင်းအင်းဝနဲ့ အတူတူပါပဲ ။ နောက်ပြီး မြန်မာစာလုံး သစ္စာတို့ ဘာတို့ ကိုရိုက်လို့လွယ်အောင်လုပ်ထားပါသေးတယ်။ သုံးကြည့်လိုက်ပါ ။ လိပ်စာက http://mmglite.awardspace.com
-
မြန်မာနိုင်ငံကွန်ပျုတာလောကတည်ရှိနေတာ အချိန်တော်တော်လည်းကြာလှပါပြီ။ မြန်မာနိုင်ငံက နိုင်ငံတကာ ကွန်ပျုတာလောနှင့် ယှဉ်ရင်တော်တော်လေးနောက်ကျနေပါပြီ။ ဘာကြောင့်လဲ……။ မြန်မာနိုင်ငံမှာ ကွန်ပျုတာ အခွေတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရပါတယ်။ လွယ်လွယ်ကူကူလည်း လေ့လာနိုင်ပါတယ်။ ဒါပေမယ့်လိုအပ်တာက အခွေတခုတည်းမဟုတ်ပါဘူး။ တွဲဘက် အသုံးပြုရမယ့် hardware အပိုင်းလည်းရှိသေးပါတယ်။ hardware တွေဈေးကကြီးတော့ တော်ရုံတန်ရုံမဝယ်နိုင်ပါဘူး။ ဝယ်ချင်ရင်လည်း မြန်မာနိုင်ငံမှာ ဝယ်လို့မရပါဘူး။ အဲဒီအချက်က တော်တော်ဆိုးဝါးတဲ့ အချက်ပါ။ နောက်ပြီး လေ့လာမှုပိုင်းက pro အဆင့်ကို ရောက်အောင်သင်ပေးနိုင်တဲ့သူ မရှိပါဘူး။ တော်တဲ့သူတွေကလည်းနိုင်ငံခြား ထွက်ကုန်ကျပြီ။ ထွက်တာကလည်း အပြစ်ဆိုလို့မရဘူးဗျ။ သူတို့ပိုက်ဆံနဲ့ သူတို့ပညာရှာတယ်။ ပညာစုံတော့ လခကောင်းကောင်းရပြီး တိုးတက်တဲ့နေရာကိုသွားတာဆိုတော့ သူတို့အပြစ်မဟုတ်ဘူးပေါ့။ ကွန်ပျုတာတက္ကသိုလ်မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်ဆိုတာ ကျောင်းသားတိုင်း ဆရာ ဆရာမတိုင်းသိပါတယ်။ ယခုခေတ်မှာ software, hardware, networking,…
